News

တရားရေးနှင့် အုပ်ချုပ်ရေး အဖွဲ့တို့၏ အားနည်းချက်များ ထောက်ပြနိုင်ဟု သမ္မတမှတ်ချက်ပြု

နိုင်ငံသားများ၏ တရားဥပဒေ စိုးမိုးရေး တိုးမြှင့် ခံစားစေရန်အတွက် တရားရေးနှင့် တရားစီရင်ရေးစနစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဌာန အောက်ရှိ အုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့် တို့၏ အားနည်းချက်များကို ဖေါ်ထုတ်ထောက်ပြခြင်းဖြင့် ပိုမိုပြည့်စုံ ထိရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ ၂၀၁၃၊စက်တင်ဘာ ၃၀ရက်စွဲဖြင့် ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြပါရှိပါသည်။ ၂၀၁၃၊ သြဂုတ် ၁၆ရက်တွင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေများနှင့် သုံးသပ်ဆောင်ရွက်နိုင်ရန် သမ္မတရုံးသို့ ပေးပို့သော သ၀ဏ်လွှာအရ ယခုကဲ့သို့ သမ္မတရုံးမှ ပြန်လည် ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်သော တရားဥပဒေ စိုးမိုးမှုဆိုင်ရာ တိုးမြှင့် ကြပ်မတ် အကောင်အထည်ဖေါ်တောင်ရွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ သတင်းရရှိ ပေးပို့လာပါကလည်း ကိစ္စရပ်အလိုက် ထိရောက်စွာ ထိန်းကျောင်း တည့်မတ်ပေးမည် ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖေါ်ပြပါရှိသည်။

တရားဥပဒေ စိုးမိုးရေး ခိုင်မာစေရန်အတွက် ဖွဲ့စည်းပုံအခြေဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဥပဒေပြု လွှတ်နော်၊ တရားစီရင်ရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် မီဒီယာများကလည်း သမာသမတ်ရှိစွာဖြင့် အကြံပြု တည့်မတ်ပေးရန် လိုကြောင်းလည်း အဆိုပါ သဝဏ်လွှာတွင် ပါရှိသည်။

အစိုးရသစ် တက်တာပြီးနောက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၌ ဘာသာရေး မဋိပက္ခအသွင် အကြောင်းပြကာ မင်းမဲ့စရိုက်ဆန်ဆန် မီးရှို့ ဖျက်ဆီးမှုများ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ မကြာခဏ ဖြစ်ပွားကာ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လျှက် ရှိနေသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

6 thoughts on “တရားရေးနှင့် အုပ်ချုပ်ရေး အဖွဲ့တို့၏ အားနည်းချက်များ ထောက်ပြနိုင်ဟု သမ္မတမှတ်ချက်ပြု

  1. ဒို့သမ္မတ တော်တော်ရီရ
    တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအားနည်းရင်ထောက်ပြတဲ့
    ကဲထောက်ပြလိုက်ကြပါဗျာ

  2. Chaw Thwe says:

    ထောက်ပြပြီးဘာလုပ်ရမလဲ။ ကျွဲပါးစောင်းတီတွေကို

  3. ထောက် ယင် ပြင် မှာလားဟင်

  4. Mar Ga says:

    အားလုံးကလဲ သိနေပြီးသားမလို.–သမ်မတ ရယ် တိတ်၂–လေးနေရင်း အချိန်ကုန်သွားတာကပိုကောင်းပါတယ်—အကြံပြုတာပါ—အချိန်တန်တော.လဲ ရှေး အစဉ်အလာအရ အငြိမ်းစား သမ်မတကြီးပေါ.—ဂုဏ်ယူပါတယ်။

  5. Thi Win Kyaw says:

    ဘာခုမှကြောက်ပ့ပြီလဲ သူများအပြစ်လွဲချပြီးခေါင်းလျောင်မလို့လား

  6. khin Zaw says:

    တရားမျှတမှု ရှိ၊မရှိ နေပြည်တော်နယ်မြေထဲ မှာသိသာပါတယ်။ မသိချင်ယောင်ဆောင်နေပြန်ပြီ၊ အောက်ခြေ၀န်ထမ်းတွေ
    လုပ်ချင်ရာလုပ်နေတာကို မကြားချင်ယောင်မမြင်ချင်ယောင်ဆောင်နေကြလေတယ်။ အဂတိလိုက်စားမှုဆိုတာဘယ်ရုံးမဆို
    ရှိနေတယ်၊ ဆေရုံ၊ ကျောင်းကစလို့ ရပ်ကွက်ရုံးပါမကျန် ညီညာလိုက်ကြတာ အံ့ရော၊အံ့ရော။

Leave a Reply

Your email address will not be published. Required fields are marked *