News

သံတွဲ အကြမ်းဖက်မှု အမေရိကန်အစိုးရ ပြစ်တင်ရှုတ်ချ

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ အမေရိကန် ပြည်ထောင်စု က ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ချက် တစ်ရပ်ကို အောက်တိုဘာ ၂ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ယင်းသတင်း ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မကြာသေးမှီက ရခိုင်ပြည်နယ် သံတွဲမြို့ဝန်းကျင်ရှိ မူဆလင်အများစု ပါဝင်သော လူ့အဖွဲ့အစည်းကို အကြမ်းဖက်ခဲ့ကြောင်း ကြားသိရ၍ များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ ဒါဇင်များစွာသော နေအိမ်များနှင့် ဗလီများ ပျက်စီးရသည့် မီးရှို့တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒါဏ်ရာရှိရကာ ရာပေါင်းများစွာသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း ကြားသိရ၍ များစွာ ဝမ်းနည်းရပါသည်။ ယင်းသို့သော အကြမ်းဖက်မှုများကို အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာ ပြစ်တင် ရှုတ်ချပါသည်။

အမေရိကန် သံရုံးသည် ရခိုင်ပြည်နယ် အတွင်းရှိ အခြေအနေများကို အနီးကပ် ဆက်လက်စောင့်ကြည့်လျက်ရှိပါသည်။ ဒေသတွင်းရှိ ပြည်သူများနှင့် ၎င်းတို့၏ အိုးအိမ်များကို အကြမ်းဖက်ခံရခြင်းမှ လျင်မြန်စွာနှင့် တိကျပြတ်သားစွာ ကူညီကာကွယ်ပေးသွားရန် အာဏာပိုင်များကို မိမိတို့က အလေးအနက် တိုက်တွန်းအပ်ပါသည်။ ဖြစ်ရပ်များကို တိကျသေချာစွာ စုံစမ်းစစ်ဆေးပြီး အကြမ်းဖက် ဖြစ်ရပ်များအတွက် တာဝန်ရှိသူများကို ဖေါ်ထုတ် အရေးယူကာ အကြမ်းဖက်ခံရသူများနှင့် အခြားအားနည်းသော သူများကိုလိုအပ်သော အကူအညီများ ပေးအပ်ရန် အာဏာပိုင်များကို ဆက်လက် တိုက်တွန်းအပ်ပါသည်။

ဆက်လက်ဖြစ်ပွားနေသော ယင်းအမှုများ၏ ရင်းမြစ်များကို ဟန့်တားပေးရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြည်နယ်တွင်း ဖွံ့ဖြိုးရေးတို့အတွက် အခြေအနေကောင်းများကို ဖန်တီးပေးရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ဒေသအာဏာပိုင်များက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရေးနှင့် ရခိုင်ပြည်နယ်တွင်း ပြန်လည် သင့်မြတ်ရေး အခြေအနေများကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

အရေးကြီးဆုံးအနေဖြင့် မူဆလင်များကို ဦးတည် တိုက်ခိုက်နေခြင်းအား ဆန့်ကျင်ပေးကြရန်နှင့်မတူ ကွဲပြားသော နိုင်ငံအတွင်း နေထိုင်ကြသူများ အားလုံးအကြား နားလည်ခြင်း၊ အပြန်အလှန်လေးစားခြင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းတို့ကို အားပေးသွားကြရန် ဘာသာရေးနှင့် အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်များနှင့် နိုင်ငံအဝန်းရှိ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူအားလုံးကိုလည်း မိမိတို့က တောင်းဆိုအပ်ပါသည်- ဟူ၍ ဖေါ်ပြပါရှိပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “သံတွဲ အကြမ်းဖက်မှု အမေရိကန်အစိုးရ ပြစ်တင်ရှုတ်ချ

  1. မအေပေးတွေ ။ ကိုယ့် ပေါင်မုန့် ကိုယ်စားပြီး အေးအေးမနေဘူး ။ သူများနိုင်ငံအရေးဆိုသိပ်ပါချင်တာ ။ သူတို့ လုပ်ရင်တော့ အကုန် အကောင်းကြီးပဲ ။

Leave a Reply

Your email address will not be published. Required fields are marked *