News

ကွန်ပျူတာ ဂုရုကြီး ဂျော့ဘ်၏ အတ္ထုပတ္တိရုပ်ရှင်ကား ကြည့်ရဦးမည်

စိတ်ကူးဉာဏ် မြင့်မားသော ကွန်ပျူတာ ဂုရုကြီးအကြောင်း စီစဉ်ထားသော အတ္ထုပတ္တိ ရုပ်ရှင်နှစ်ခုထဲမှ ပထမတစ်ခုက ရုံကြီးများထဲတွင် ပြသနေစဉ် အက်ပဲလ် ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့ဘ်၏ ဘဝနှင့် နေ့ရက်ကာလများက လာမည့် သီတင်းပတ်တွင် ရုပ်ရှင်အသွင် ပြောင်းလဲကာ ထားရှိနေတော့မည် ဖြစ်သည်ဟု သိရသည်။ကင်ဆာရောဂါနှင့် ကာလရှည် တိုက်ပွဲဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျဆုံးပြီးနောက် တစ်နှစ်နီးပါးကြာ ချီးမွမ်းခံရသူ ကွန်ပျူတာလုပ်ငန်း အထင်ကရ ဆရာကြီးဂျော့ဘ်အဖြစ် မင်းသား အက်ရှတန်ကတ်ချ်နာ သရုပ်ဆောင်သည့် ရုပ်ရှင်ကားသည် လာမည့် သောကြာနေ့တွင် ထွက်ရှိလာမည် ဖြစ်သည်။ အက်ပဲလ်၏ အခြားပူးတွဲ တည်ထောင်သူဖြစ်သော စကိဗ်ဝိုင်နီယက်၏ ကူညီထောက်ပံ့မှုဖြင့် ပြင်ဆင်နေပြီး ဆိုနီက စီစဉ်သော ပိုမို ကြီးမားသော ဘတ်ဂျက်ဖြင့် ဂျော့ဘ်အကြောင်း ရိုက်ဦးမည်ဟု ဆိုသည်။

ယခုနှစ် အစောပိုင်းက Sundance International Film Festival ရုပ်ရှင်ပွဲတော်တွင် “Jobs”ကို ပြသခဲ့သော်လည်း ဝေဖန်သူများက စိတ်မပါတပါသာ လက်ခံခဲ့ကြသည်ဟု သိရသည်။၎င်းရုပ်ရှင်သည် ၁၉၇၆ခုနှစ်က အက်ပဲလ်ကို ကားဂိုထောင်တစ်ခုတွင် စတင်တည်ထောင်သည်မှ စ၍ ဘုတ်အဖွဲ့ အစည်းအဝေးခန်းတွင် အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရပြီးနောက် ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီသို့ အောင်မြင်စွာ ပြန်လာမှု အပါအဝင် ဂျော့ဘ်၏ အစောပိုင်းဘဝကို ရိုက်ကူးထားသည်။ မက်ဝှိုက်တလေ၏ ဇာတ်ညွှန်းကို မိုက်ကယ်အတန်းက ရိုက်ကူးသည့် “Jobs” ဇာတ်ကားသည် အိုင်ပေါ့နှင့် အိုင်ပက်ကဲ့သို့ နည်းပညာသစ်များကို အသုံးပြုထားကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *