News

အိုင်တီ ဆိုင်ရာ အများပိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းဆောင်ရွက်မည်

it

မြန်မာနိုင်ငံတွင် ဒုတိယမြောက် အိုင်တီအများပိုင် ကုမ္ပဏီဟု ဆိုနိုင်သည့် အိုင်တီဆိုင်ရာ အများပိုင် ကုမ္ပဏီတစ်ခုကို မကြာမီ ဖွဲ့စည်း ဆောင်ရွက်ရန် ရှိကြောင်း အဆိုပါ ကုမ္ပဏီတွင် ပါဝင်ရန် တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။ အဆိုပါ ကုမ္ပဏီသည် အိုင်တီဆိုင်ရာ Hardware တင်သွင်းသူများ စုစည်း ဆောင်ရွက်သွားမည် ဖြစ်ရာ MAT Myanmar ACE Technology Holdingအမည်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ရာ မကြာမီက ဖွဲ့စည်းဆောင်ရွက်ရန် ထုတ်ပြန်ထားသည့် အိုင်တီဆိုင်ရာ အများပိုင် ကုမ္ပဏီဖြစ်သည့် Myanmar Technology Inversementကုမ္ပဏီပြီးလျှင် ဒုတိယမြောက် အိုင်တီ အများပိုင် ကုမ္ပဏီဖြစ်ကြောင်း သိရပါသည်။

MAT Myanmar ACE Technology Holding ကို ဒါရိုက်တာ အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး အိုင်တီဆိုင်ရာ Hardware ပစ္စည်းများ တင်သွင်းမည် ဖြစ်ကြောင်း သိရပါသည်။ “အိုင်တီက ဒီနေ့ခေတ်မှာ မရှိမဖြစ်ပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတော့ စီးပွားရေး ရာသီဥတုကလည်း အရင်ကနဲ့မတူ ပြောင်းလဲလာပြီပေါ့။ အခုဆိုရင် ဈေးကွက်စီးပွားရေးမှာ အရေးပါတဲ့ အများပိုင် ကုမ္ပဏီကြီးတွေ ထောင်လာဖို့ လုပ်လာကြတာ တွေ့ရပါတယ်။

ဒါတွေနဲ့ ချိတ်ဆက်ပြီး Stock Exchangeတွေလည်း ပေါ်လာတော့ အရင်းအနှီး နည်းနည်းနဲ့လည်း စီးပွားရေးမှာ ဝင်ရင်းနှီးမြှုပ်နှံလို့ ရတာပေါ့”ဟု စီးပွားရေး ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ယင်း၏ အမြင်ကို ပြောပြပါသည်။ မကြာမီက ပြည်သူများ လေ့လာနိုင်ရန် ထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းမှာ အချက်အလက် စုံစုံလင်လင် ပါဝင်လာတာကြောင့် ဆက်သွယ်ရေး ဆိုင်ရာတွေကို ရင်းနှီးမြှုပ်နှံလိုတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် ပါဝင်ဆောင်ရွက်နိုင်မယ့် အခြေအနေတွေလည်း ရှိလာကြောင်း သိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *