News

ရခိုင်ပြည်နယ် အတွင်း GSM တာဝါတိုင် စခန်းပေါင်း ၃၁ခု ယခုနှစ်အတွင်း ထပ်မံ တည်ဆောက်သွားမည်

gsm-tower

စစ်တွေ၊ ရခိုင်ပြည်နယ်အတွင်း GSM တာဝါတိုင် စခန်းပေါင်း ၃၁ခု၊ ယခုနှစ်အတွင်း ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ ပြည်နယ် မန်နေဂျာ ဦးမျိုးသန့်ထံမှ သိရပါသည်။“လိုင်းမမိတဲ့ နေရာတွေ လိုင်းပိုမိသွားအောင် တည်ဆောက်မှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ လိုင်းက သိပ်မမိသေးဘူးလေ။ အဲဒါကြောင့် ဒီနှစ်အတွင်းမှာ အပြီးတည်ဆောက်ဖို့ မှန်းထားပါတယ်”ဟု ယင်းက ဆိုပါသည်။ရခိုင်ပြည်နယ်အတွင်း ပထမအဆင့်အနေဖြင့် GSM တာဝါတိုင် စခန်းပေါင်း ၄၇ခုအနက် ၄၆ခုအား တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

သို့ရာတွင်ပြည်နယ်အတွင်းမြို့နယ်အချို့၌GSMနှင့်WCDMAမိုဘိုင်းလ်ဖုန်းများဆက်သွယ်မှုလိုင်းမမိသည့်အခက်အခဲတချို့ ဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံများ ကပြောပါသည်။ “တခြားနေရာတွေတော့မသိဘူး။ ကျွန်မတို့ ကျောက်တော်ဘက်မှာဆို စစ်တွေကနေလာလိုက်ရင် ပုဏ္ဏားကျွန်းလွန်လိုက်တာနဲ့ ဖုန်းပြောလို့မရတော့ဘူး။

လိုင်းကလုံးဝကိုမမိတာ။ဘယ်လောက်ထိလဲဆိုရင်စစ်တွေကနေ ကျောက်တော်အထိ ကျောက်တော်တံတားကစ္ဆပနဒီတံတားပေါ်မှာပဲမိတယ်။အဲဒီမှာပဲဖုန်း
ပြောရတာအဆင်ပြေတယ်။ကျောက်တော်မြို့ထဲမှာတော့အဆင်ပြေမှာပေါ့နော်”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *