News, Review

MacBook Air ကို အစားထိုးမှာလား Surface Pro 3

Microsoft က Surface Pro 3 ကို သောကြာနေ့မှာ စရောင်းနေပါပြီ။ ဒါဟာ MacBook Air အတွက်မကြိုက်သူ တွေအတွက်များ အလှည့်အပြောင်းဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ 128 GB Core i5 မော်ဒယ်ကို ကြိုတင်မှာထားသူများကတော့ သောကြာနေ့မှာ မိုက်ခရိုဆော့လ်မှာ လာယူလို့ရပါပြီ။ အဲဒါကတော့ အမေရိကန်နိုင်ငံနဲ့ ကနေဒါ နိုင်ငံတိုရဲ့ အနီးဆုံး စတိုး ၁၀၀ မှာ တစ်ယောက်ကို တစ်လုံးစီ ဝယ်နိုင်ပါပြီ။

အဓိကအားဖြင့်တော့ မိုက်ခရိုဆော့ဖ် စတိုမှာတော့ ကြိုတင်မှာယူထားသူများသာ ဝယ်ယူနိုင်ပါတယ်။ လော့အိန်ဂျလိစ်က ဆန်ကျူရီ မိုက်ခရိုဆော့ဖ်စတိုမှာဆိုရင် ကြိုတင်မှာထားသူများက ကန်ဆယ်လုပ်မှသာ တခြားသူတွေက ဝယ်ယူနိုင်မှာပါ။ သို့သော်လည်း နောက်အပါတ်ထဲတော့ ရကောင်းရနိုင်ပါတယ်။ အဲဒီအပါတ်ကျရင် မိုက်ခရိုဆော့ဖ်စတိုတိုင်းမှာ တနင်္လာနေ့ ဒါမှမဟုတ် အင်္ဂါနေ့မှာ ဝယ်ယူခွင့်ပေးမယ်လို့ ပြောထားပါတယ်။

MacBook Air ထက်ပိုကောင်းမှာလား
မိုက်ခရိုဆော့ဖ်ကတော့ အခုထွက်လာတဲ့ Pro 3 ဟာ သူတို့အနေနဲ့ Air ထက်ကောင်းအောင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားထားတယ်လို့ တဖွဖွ ပြောနေပါတယ်။ သူရဲ့ Surface Pro 3 ဝက်ဆိုဒ်မှာတော့ ဘာလို့ Air ထက်ပိုကောင်းတယ် ဆိုတာကို အကျယ်တဝင့် ဖော်ပြထားပါတယ်။ သူက Air ထက်စာရင် ပိုပြီးပါးတယ်၊ ပြီးတော့ ပိုပြီးလည်း ပေါ့တယ်၊ touch လုပ်နိုင်တဲ့ စခရင်နဲ့ ဖြုတ်လွယ်တက်လွယ်တဲ့ ကီးဘုတ်လည်း ပါပါတယ်။ Air မှာ အဲလိုမျိုး ကီးဘုတ် မရှိပါဘူး။

ပြီးတော့ မိုက်ခရိုဆော့ဖ်က Air ထက် ကောင်းအောင် လုပ်ထားတယ်လို့ပြောတယ်။ သိုပေမယ့် အဲဒီက ပြဿနာက review ပြန်လုပ်ထားတဲ့သူတွေကတော့ Air ကို အစားထိုးဖို့တော့ မထင်ဘူးလို့ ပြောကြပါတယ်။ သူတို့ပြောတာက ဒီ Surface Pro 3 ဟာ တကယ်ကို တခြားဟာတွေနဲ့ ခြားနားတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ မိုက်ခရိုဆော့ဖ်ရဲ့ ပရိတ်သတ်တွေအတွက်တော့ Air ကို အစားထိုးကောင်း ထိုးနိုင်ပါတယ်။ ဒါပေမယ့် Pro 3 ဟာ အခြေခံ ပါတဲ့ပစ္စည်းတွေဖြစ်တဲ့ Core i-series အပြားတွေ၊ အရမ်းကောင်းတဲ့ ကီးဘုတ်အတွဲအသုံးဆောင်တွေ စသည့်ပစ္စည်းတွေကတော့ တူတူပါပဲ။

ဒါပေမယ့် Pro 3 ဟာ အရင်ထွက်ထားတဲ့ Pro ဗားရှင်းတွေနဲ့စာရင်တော့ အပြတ်အသတ် ကွာပါတယ်။ အရမ်းပါးတယ်၊ အရမ်းလည်းပေါ့တယ်၊ ပြီးတော့ high-resolution စခရင်လည်း ပါပါတယ်။ မိုက်ခရိုဆော့ဖ် နှစ်သက်သူ ပရိတ်သတ်တွေအနေနဲ့တော့ လက်လွတ်မခံသင့်တဲ့ ပစ္စည်းကောင်း တစ်ခုဖြစ်ပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *