News

Iron Manကို အားကျအတုခိုးလိုက်တဲ့ USA စစ်တပ်

Hollywoodရဲ. Iron Man ဇာတ်ကားကို အားကျမိပုံရှိတဲ့ US Armyရဲ. Special Operations Commandဟာ တက္ကသိုလ်၊ ဓာတ်ခွဲခန်း၊ နည်းပညာလောကမှ ပညာရှင်များနဲ. ပူးပေါင်းကာ Iron Man ဇာတ်ကားထဲကလို ဝတ်စုံမျိုးကို ၎င်းရဲ. ရဲဘော်များ စစ်မြေပြင်မှာ ဝတ်ဆင်နိုင်အောင် ပူးပေါင်းတီထွင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလက ၎င်းဝတ်စုံအကြောင်း ကြေညာခဲ့တဲ့ Adm. Bill McRaven, top officer of the Special Opsရဲ. အဆိုအရတော့ ဒီဝတ်စုံ တီထွင်ရခြင်းဟာ အာဖဂန်နစ်စတန်မှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ကို inspire ဖြစ်ခဲ့သည့်အတွက်ကြောင့်ဟု ဆိုပါတယ်။

The Tactical Assault Light Operator Suit or TALOSလို့ အမည်ရတဲ့ ဝတ်စုံဟာ ထက်မြက်တဲ့ အရည်အသွေးတွေရှိတဲ့ materialနဲ. ဆင်ဆာများကို အသုံးပြုသွားမှာ ဖြစ်တဲ့အတွက်ကြောင့် စစ်သားများကို ပိုမိုကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။ University of Delawareက Chemical Engineeringရဲ. Professor ဖြစ်သူ Norman Wagnerရဲ. ရှင်းပြချက်အရတော့ ၎င်းဝတ်စုံကို nanotechnology အသုံးပြုပြီး liquid-ceramic material တစ်ခု ဖြစ်ပေါ်စေကာ ဝတ်စုံပေါ်မှာ အသုံးပြုထားကြောင်း၊ ဓာတု အရည်နဲ. တူတဲ့ ၎င်း materialရဲ. လုပ်ဆောင်ချက်ကတော့ ကျည်ဆံလိုမျိုး အရာဝတ္ထုတစ်ခု လာရောက် ထိမိသည်နှင့် တမဟုန်ခြင်း အလွန်မာကျောတဲ့ အခွံတစ်ခုအဖြစ် ပြောင်းလဲပေးစေနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ထို့အပြင် ၎င်းဝတ်စုံမှာ Google Glassလိုမျိုး ညဘက်မြင်နိုင်စွမ်းရှိတဲ့၊ 360 ဒီဂရီမြင်နိုင်တဲ့ မျက်မှန်ကိုပါ တပ်ဆင်ပေးထားခြင်းကြောင့် ၎င်းဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သည်တစ်ယောက်ဟာ Superhuman Powerကို ပိုင်ဆိုင်ထားမှာ သေချာတယ်လို့ US Armyက ပြောထားပါတယ်။

သုတေသနလုပ်ဆောင်နေသူများရဲ. အဆိုအရတော့ TALOS နမူနာ ထွက်ရှိလာဖို့က သုံးနှစ်အတွင်းမှာ ဖြစ်နိုင်တယ်လို့ ဆိုထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *