Gaming

Injustice:Gods Among Us

injustice

နာမည်ကြီးရုပ်ရှင် ဇာတ်လမ်းတွေကို ထုတ်လုပ်ဖန်တီးနေတဲ့ ရုပ်ရှင် Company တစ်ခုက နာမည်ကြီး ဇာတ်ကောင်တွေအားလုံးကို စုစည်ပြီး ဂိမ်းတစ်ခု ဖန်တီးပြီးပါပြီ။ Apirl လထဲမှာ ထွက်မယ်လို့လဲ ကြော်ငြာ ထားပြီးပါပြီ။ Fighting ဂိမ်းအမျိူးအစားဖြစ်ပြီး ကာတွန်း ဇာတ်ကောင်တွေကို အခြေခံထားတဲ့ Injustice: Gods Among Usကို ကမ္ဘာကျော် Company တစ်ခုဖြစ်တဲ့ Warner Bros. Interactiveက April 16, 2013 ရက်နေ့မှာ USကို စတင် ဖြန့်မှာဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေက သူတို့ ပါ၀င်တဲ့ ဇာတ်လမ်းတွေထဲမှာတော့ လူတွေကူညီကြတဲ့ လူစွမ်းကောင်း တွေပါ။ ဂိမ်းထဲမှာတော့ သူတို့တွေအချင်းချင်း ဖိုက် ရတဲ့ ပုံစံမျိုး လုပ်ပေးထားပါတယ်။ XBOX 360, Wii U စတဲ့ဂိမ်း Platformတွေ အတွက်ဘဲ ထုတ်လုပ် ပေးထားပါတယ်။ ဂိမ်းရဲ့ Developer တွေကတော့ Mortal Kombatကို ဖန်တီးခဲ့ကြတဲ့ NetherRealm Studiosပဲ ဖြစ်ပါတယ်။

လူသားတွေ နေတဲ့ ကမ္ဘာကို ဖျက်စီးဖို့ကြိုးစားနေကြတဲ့ လူဆိုးတွေရဲ့ရန်ကို လူစွမ်းကောင်းတစ်ယောက်အဖြစ် ကာကွယ် ပေးနေရတာပါ။ Super Manတွေက လူစွမ်းကောင်း တွေအဖြစ် ရန်သူတွေကို နှိမ်နှင်းနေရတာဖြစ်တဲ့အတွက် နာမည်ကြီး ဇာတ်ကောင်တွေဖြစ်တဲ့ Jokerတွေအဖွဲ့နဲ့ Super Manတို့ တိုက်ခိုက်ကြတဲ့ ပုံစံ ဇာတ်လမ်း ဖွဲ့ထားပါတယ်။ Super Man, Nightwing, Batman, Bane, The Flash, Shaman, Solomon, Aqua, Cybrog စတဲ့ နာမည်ကြီး ဇာတ်ကောင်တွေ ပါ၀င်ထားတဲ့ Injustice: Gods Among Usက Fighting ဂိမ်းကောင်း တစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။ Singleရော Multiပါ ကစားလို့ ရနိုင်ပါတယ်။ ဇာတ်ကောင်တွေရဲ့ သူတို့သုံးနေကြ ပါဝါတွေ အကုန်လုံးကို သုံးခွင့်ပေးထားပါတယ်။ ကိုယ်ကြိုက်တဲ့ လူစွမ်းကောင်းတွေကို ရွေးပြီး ဆော့ကစား နိုင်ပါတယ်။ ကစားသူက ဘယ်လို လူစွမ်းကောင်းတွေနဲ့ဖြစ်ဖြစ် တိုက်ခိုက်နေရမှာပါ။ ဂိမ်းရဲ့ ပုံစံက Mortal Kombatလို တစ်ချိန်လုံး ဖိုက်နေရတဲ့ ပုံစံမျိူးပါပဲဲ။

Animationတွေရဲ့ Graphicတွေ လန်းသင့်သလောက်လန်း နေပါတယ်။ Fighting ဂိမ်းတွေရဲ့ ထုံးစံအတိုင်း ကစားသူ ဆော့နေတဲ့ အချိန်မှာ မပျင်းရအောင် စိတ်လှုပ်ရှားမှုတွေ အပြည့်အ၀ ပေးထားပါတယ်။ DC Comics, WB, NetherRealm Studiosတို့ရဲ့ ဖန်တီးမှုအသစ်ကို Aprilလထဲမှာ ကစားခွင့်ရတော့မှာပါ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “Injustice:Gods Among Us

  1. sithusoepaing says:

    အမိုက္စားgameတမ်ဳိးပါပဲ

Leave a Reply

Your email address will not be published. Required fields are marked *