News

ယခုနှစ်တွင် ရန်ကုန်မြို့တွင်း ဘတ်စ်ကားအမြန်ပို့ဆောင်ရေးစနစ် ပြုလုပ်ရန် လျာထား

ygn-bus-system

ရန်ကုန်မြို့အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး တိုးမြှင့်နိုင်ရန်အတွက် ဘတ်စ်ကားလိုင်းများ တိုးချဲ့ခြင်းအပြင် ဘတ်စ်ကား အမြန်ပို့ဆောင်ရေး စနစ်ကိုပါ ယခု ဘဏ္႑ာရေးနှစ်တွင် ပြုလုပ်ရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္႑ာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းအရ သိရပါသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တိုးမြှင့်နိုင်ရန်အတွက် ယာဉ်လိုင်းများ တိုးချဲ့ခြင်း၊ ခရီးသည်တင် ဘတ်စ်ကားသစ်များအား ပြည်ပမှ တင်သွင်းခွင့် ထောက်ခံချက်များကို ဦးစားပေး ထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် မော်တော်ယာဉ် အစီးရေ များလာသည့်အပေါ် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိသောကြောင့် ခရီးသည်များမှာ ဘတ်စ်ကားပေါ်တွင်သာ အချိန်များ ကုန်ဆုံးနေရကြောင်း၊ ထို့ကြောင့် ဘတ်စ်ကားလိုင်း အမြန်ပို့ဆောင်ရေးစနစ် ပြုလုပ်ရန် လျာထားခြင်း ဖြစ်သည်။ ၎င်းအပြင် ဘတ်စ်ကားလိုင်း အမြန်ပို့ဆောင်ရေး စနစ်ဟာ အထောက်အကူပြုစေရန်အတွက် ယာဉ်သွားလာမှု ကျပ်တည်းသည့် လမ်းကြောင်းများအား ပိုမို ချဲ့ထွင်ခြင်းအပြင် ရန်ကုန်မြို့ပြင်မှ ပတ်၍ အမြန် မြို့ပတ်လမ်း ဖောက်လုပ်ရန်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *