News, Promotion

IMOU Ranger 2 IP Camera with 360 Degree Coverage ကို ၈%တောင် ဈေးချပေးနေတာနော်

မိတ်ဆွေရဲ့ အိမ်လုံခြုံရေးအတွက် အထူးအသုံးဝင်စေမယ့် IMOU Ranger 2 IP Camera လေးတွေ ICT.com.mm မှာ ရပါပြီ။

အင်တာနက်ရှိရုံနဲ့ အချိန်မရွေး နေရာမရွေးကနေ ဖုန်းထဲက တိုက်ရိုက်ကြည့်နေလို့ရတဲ့ ကင်မရာလေးတွေပါ။ Human Detection ပါဝင်လို့ အရိပ်အယောင်တွေ့ရင် ဖုန်းကနေတစ်ဆင့် လှမ်းအကြောင်းပေးမှာမို့ လုံခြုံရေးအတွက် စိတ်ချရစေပါတယ်။

1080P Full HD Video ကိုမှ H.265 Compression နဲ့ ရရှိမှာမို့ ကြည်လင်တောက်ပတဲ့အပြင် လိုင်းအားသုံးစွဲမှုနဲ့ storage usage ကို မူရင်းအရည်အသွေးမပျက်စီးဘဲ ၅၀ %ထိ လျော့ချနိုင်မှာပါ။ 0 to 355° Pan & -5° to 80° Tilt လှည့်နိုင်တဲ့ ကင်မရာကြောင့် အိမ်ခန်းတစ်ခန်းလုံးကို မျက်ကွက်နေရာမရှိစေဘဲ စောင့်ကြည့်နိုင်ပါတယ်။

>

Smart Tracking ပါဝင်လို့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်မှတ်တမ်းတင်နိုင်မှာပါ။ Privacy Mode ပါဝင်လို့ မလိုအပ်တဲ့အချိန်မှာ ကင်မရာမှန်ဘီလူးကို ဖုံးထားလို့ရပါတယ်။ Built-in Siren ပါဝင်လို့ လူစိမ်းတွေ ဝင်လာရင် လန့်သွားအောင်‌ အသံနဲ့ ခြောက်လန့်လို့ရမှာပါ။ ကလေးငိုသံလိုမျိုး ပုံမှန်မဟုတ်တဲ့အသံတွေကိုပါ စောင့်ကြည့်ပြီး အကြောင်းကြားပေးနိုင်တဲ့အတွက် ကလေးငယ်လေးတွေ ရှိတဲ့အိမ်တွေမှာ သုံးသင့်ပါတယ်။

Two-way Talk လုပ်လို့ရတာ‌ကြောင့် အိမ်မှာရှိတဲ့သူတွေနဲ့ အပြန်အလှန် စကားပြောလို့ ရပါသေးတယ်။ 24/7 Protection ပါဝင်ပြီး Night vision mode ကို အလိုအလျောက် အဖွင့်အပိတ် လုပ်ပေးမှာပါ။ Advanced IR algorithms က ရုပ်ထွက်တွေကို အမှောင်ထဲမှာတောင် ရှင်းရှင်းလင်းလင်း မြင်ရစေမှာ ဖြစ်ပါတယ်။

Storage အနေနဲ့လည်း Micro SD card, NVR နဲ့ Imou Cloud storage နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်မှာပါ။ Ranger 2 IP camera က 24/7 တောက်လျှောက် record လုပ်ပေးနိုင်ပါတယ်။ Imou Cloud ကိုသုံးပြီး alarm notifications, live video streaming နဲ့ one-touch firmware updates တွေကို လုပ်ဆောင်လို့ ရမှာပါ။ အာမခံ ၁ နှစ်လည်း ပါဝင်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပြီပေါ့။

အခုလို အဆင်ပြေလှတဲ့ IMOU Ranger 2 IP Camera လေးကို 8% discount ချပေးထားတာကြောင့် အရင်စျေး K40,000 ကနေ အခု K37,000 တည်းနဲ့ ဝယ်ယူနိုင်ပါပြီ။ အောက်ကလင့်ခ်လေးကို နှိပ်ပြီး ဝယ်ယူလိုက်ပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *