Monitors, News, Review

AOC Monitor U32U1 အကြောင်း

ရှားမှရှားတဲ့ အကောင်းတကာ့ အကောင်းဆုံး Monitor တစ်လုံး ICT.com.mm ကို ရောက်ရှိလို့လာပါပြီ။ Brand တော်တော်များများ မှာ မရှိတဲ့ USB-C နဲ့ Laptop ကို တိုက်ရိုက် ချိတ်သုံးလို့ရတဲ့ AOC Monitor U32U1 (Black) လေးဖြစ်ပါတယ်။

ကိုယ်ထည်အနက်ကိုမှ ငွေရောင် stand လေးနဲ့ဆိုတော့ တော်တော်လေးကိုလှပါတယ်။ Screen Resolution ကလည်း 3840 x 2160 ဖြစ်လို့ 4K အရည်အသွေး ကြည်တောက်ရှင်းနေမှုကို ခံစားရမှာ သေချာပါတယ်။

Display Size က 31.5″ ရှိတာကြောင့် မြင်ကွင်းက ကျယ်ကျယ်ဝန်းဝန်းနဲ့ တော်တော်သုံးလို့ အဆင်ပြေတာကို တွေ့ရမှာပါ။

ထူးခြားချက်ကတော့ ချိတ်ဆက်ဖို့ HDMI port အပြင် USB Type C port ပါ ပါဝင်လာတာပါပဲ။

Design ကလည်း သာလွန်လှပ စမတ်ကျလို့ The Red Dot Design Award 2019 ကိုတောင် ရရှိထားပါသေးတယ်။

Zero Edge Display ဖြစ်လို့ ဘောင်ပျောက်နေတာကို တွေ့ရမှာပါ။ IPS panel ကြည်လင်တောက်ပပြီး အလင်းပြန်တာကိုလည်း ဖြစ်စေမှာ မဟုတ်ပါဘူး။ Wide color gamut ပါဝင်တာကြောင့် Adobe RGB ကို ၁၀၀% နဲ့ DCI-P3 color spaces ကို ၉၈% မှန်ကန်စေမှာပါ။ ဒါကြောင့် Video သမားတွေ ဓာတ်ပုံသမားတွေအတွက် အရမ်းကို အဆင်ပြေစေပါလိမ့်မယ်။

Pivot and height adjust ပါဝင်လို့ 180° လှည့်လို့ရပြီး အနိမ့်အမြင့်ကို 120 mm ထိ ချိန်ညှိနိုင်မှာပါ။

မော်နီတာနောက်မှာ ပါဝင်တဲ့ USB hub က notebook display အနေနဲ့တင်မကပါဘူး။ မော်နီတာကနေ notebook ကိုပါ အားသွင်းပေးနိုင်ဦးမှာပါ။

ဒီလိုစွမ်းဆောင်ရည်မြင့်လှတဲ့ AOC Monitor U32U1 မော်နီတာလေးကို K1,161,600 နဲ့ ICT.com.mm မှာ ဝယ်ယူနိုင်ပါပြီ။

အောက်ကလင့်ခ်လေးမှာ ဝယ်ယူလိုက်ပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *