How-to

IFTTT : သင့်အတွက်အလုပ်တွေ လုပ်ပေးမယ့် Web Application

IFTTT (If This Then That) ဆိုတဲ့ Web Application က Social Networks, Email Services,Blogging Services , RSS Reader Application ,Note Application,Cloud Storage  စတဲ့  Web Application ပေါင်း များစွာကြားမှာသင့်အလုပ်တွေကို အလိုလို လုပ်ပေးနိုင်တဲ့ Automation Tool တစ်ခုပါ။IFTTT လုပ်ပေးနိုင်တဲ့ အလုပ်တွေ ကတော့ အများကြီး ပါ။ဒီဆောင်းပါးမှာတော့ အသုံး၀င်မယ့် Recipe အနည်းငယ်ကို ဖော်ပြပေးပါမယ်။သင် အင်တာနက်အသုံးပြုပုံပေါ်မူတည်ပြီး IFTTT ကိုအလုပ်တွေလုပ်ခိုင်းပါ။ https://ifttt.com မှာအကောင့် တစ်ခု လုပ်ပါ။ပြီးရင် သင့် Gmail, Facebook,Twitter,Google Plus, Blogger,Wordpress, Evernote, Dropbox , Google Drive စတဲ့  သင်အသုံးပြုချင်တဲ့ Services တွေကို IFTTT နဲ Link လုပ်ပေးပါ။

Google Plus To Facebook

Google Plusမှာ Postတစ်ခု တင်လိုက်တိုင်း Facebook မှာ အဲဒီ Postကို Status အနေနဲ့အလိုလို တင်ပေးစေချင်ရင် ဒီ Recipe ကိုသုံးပါ။Google Plus က API(Application Integration) ထုတ်မပေးသေးတဲ့ အတွက် Google Plus ကို တိုက်ရိုက်သုံးလို့ မရသေးဘဲ Google Plus ရဲ့RSS Feed ကို အသုံးပြုရမှာပါ။Google Plus ရဲ့ RSS Feed ကို ရယူဖို့  http://gplusrss.com/ ၀က်ဆိုက်မှာ ပြုလုပ်ပါ။

Google Plus To Twitter

Google Plus မှာ Post တစ်ခုတင်ရင် Twitter မှာလည်း Tweet လုပ်ပေးဖို့  ဒီ Recipeကိုသုံးပါ။


Facebook To Twitter

Facebook မှာ Status တစ်ခုတင်ရင် Twitter မှာအလိုလို Tweetလုပ်ပေး ပါလိမ့်မယ်။


Facebook To LinkedIn

Facebook မှာ Status တင်ရင် LinkedInမှာ တင်ဖို့သုံးပါ။


Facebook To Twitter (Profile Picture)

Facebook မှာ Profile Picture ပြောင်းရင် Twitter မှာလည်း ပြောင်းပေးပါ။


အပေါ်က Recipe တွေကို အသုံးပြုပြီး Facebook,Twitter,Google Plus,LinkedIn စတဲ့ Social Media တွေထဲက တစ်ခု မှာ Post တင်လိုက်တာနဲ ့တစ်ခြား Social Mediaတွေမှာ အလိုလို Postတွေ တင်ပေးအောင် ပြုလုပ်နိုင်ပါတယ်။

Blogger To Facebook Page

Media,Company  စတဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ကိုယ်ပိုင် Blog , Websitesတွေကို ပြုလုပ်ထားကြပါတယ်။ထို့အတူ  Facebook Page တွေကိုလည်း အပြိုင်အဆိုင် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။Google ရဲ့ Blogger ကိုအသုံးပြုတဲ့ Company , Media တွေအတွက် Blogမှာ ဆောင်းပါးတစ်ခု တင်လိုက်တာနဲ့ Facebook Page မှာ အဲဒီဆောင်းပါးကို အလိုလိုတင်ပေး နိုင်အောင် အောက်က Recipeကိုသုံးပါ။


Gmail Attachment To Dropbox

Gmail Attachmentတွေကို Dropboxမှာ သိမ်းထားချင်ရင်တော့ အောက်က Recipeကိုသုံးပါ။


Dropbox To SkyDrive

Dropboxက ဖိုင်တွေကို SkyDrive မှာ Backup လုပ်ထားခိုင်းလို့ ရပါတယ်။

Feedly To Evernote

RSS Reader ဖြစ်တဲ့ Feedly ကဆောင်းပါးတွေကို Evernoteမှာ သိမ်းချင်ရင် သုံးပါ။


Youtube To Facebook

Youtube က Video တွေကို Facebookမှာ တင်ပေးဖို့သုံးပါ။

IFTTT မှာ Recipeပေါင်းများ ရှိပါတယ်။အခုကျွန်တော် ရေးပေးထားတာက နည်းနည်းလေးပါ။သင့် အလုပ်အတွက် အထောက်အကူဖြစ်စေမယ့် ၊သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို အထောက်အကူ ဖြစ်စေမယ့် Recipesတွေကို ပြုလုပ်နိုင်ပါတယ်။
Ref; https://www.makeuseof.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *