News

ကာနေဘိုကြောင့် အရေပြား ပျက်စီးသူများ ဆေးဖိုးရမည်

kanebo

ဂျပန်လူမျိုး ၂၀၀၀ကျော်သည် အသားဖြူ မိတ်ကပ်များကို အသုံးပြုပြီးနောက် အရေပြား အရောင်များ ပြောင်းသွားသည်ဟု တိုင်ကြားမှုများရှိရာ သုံးစွဲသူများအထဲမှ အရေပြား ထိခိုက်ပျက်စီးသူများအား ဆေးဖိုးပေးမည်ဟု ကာနေဘိုကုမ္ပဏီက
ပြောကြားကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။

ကာနေဘိုသည် ဂျပန်နိုင်ငံပြင်ပတွင် ၎င်း၏ ပစ္စည်းများကို ပြန်သိမ်းဆည်းလျက် ရှိသည်။ ယခုလအစောပိုင်းကလည်း အာရှနှင့် ဗြိတိန်နိုင်ငံရှိ လက်လီရောင်းချသူများထံမှ အလှကုန်များကို ပြန်လည်သိမ်းယူခဲ့ရာ အလှကုန် ၅၄မျိုးခန့်ရှိပြီး အဆိုပါ အလှကုန်များတွင် 4HPB ခေါ် ဓာတုပစ္စည်း ပါဝင်သည်ဟု သိရသည်။

ကာနေဘိုက ပြန်သိမ်းသော ပစ္စည်းအရေအတွက် ၄ဒဿမ ၃၆သန်းရှိပြီး ဂျပန်နိုင်ငံမှ ပစ္စည်းအမျိုးပေါင်း ၅၄၀,၀၀၀ ပါဝင်သည်ဟု ဆိုသည်။ ၎င်းပစ္စည်းများမှာ သုံးစွဲသူများထံသို့ ရောင်းချပြီး ပစ္စည်းများဟု သိရသည်။ ကာနေဘိုသို့ ဂျပန်မှ တိုင်ကြားစာ ၂၂၅၀ ရောက်ရှိခဲ့ရာ မျက်နှာပြင်၌ အရောင်များ ပြောင်းသွားသည့် တံဆိပ်မှာ Blanchir Superior ဖြစ်သည်ဟု ဆိုသည်။

အခြား နိုင်ငံများမှ တိုင်ကြားစာများလည်း ရောက်ရှိနေကြောင်း၊ ပြည်တွင်း ဈေးကွက်မှ တိုင်ကြားစာများကိုလည်း စုဆောင်းနေကြောင်း၊ ယခုကဲ့သို့ ပြန်လည် သိမ်းဆည်းသည့် နိုင်ငံများတွင် ဂျပန်၊ ဗြိတိန်နှင့် အာရှ ၁၀နိုင်ငံဖြစ်သည့် ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ပါဝင်ကြသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *