News, Travel

လေယာဉ်ပျက်ကျရင် အသက်ရှင်သန်နိုင်မယ့်နည်းများ

လေယာဉ်ပျက်ကျရင် အသက်ရှင်သန်နိုင်မယ့်နည်းများ

နှစ်စဉ်နှစ်တိုင်း လူ သုံးဘီလီယမ်နီးပါးဟာ လေယာဉ်စီးနင်းပြီး ခရီးသွားကြပါတယ်။ မကြာမီက လေယာဉ်ပျက်ကျတဲ့ သတင်းတွေကလွဲပြီး စာရင်းဇယားများအရ လေယာဉ်စီးနင်းခြင်းဟာ ခရီးသွားလာရာမှာ လုံခြုံမှုအရှိဆုံး ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျပြီး သေဆုံးနိုင်တဲ့ ဖြစ်နိုင်ခြေက လေယာဉ်ခရီးစဉ် အကြိမ် ကိုး သန်းမှာ တစ်ခါလောက်သာ ဖြစ်ပါတယ်။

ဒါတောင်မှပဲ မတော်တဆတွေ ဖြစ်နေတုန်းဖြစ်ပြီး လေယာဉ်ပျက်ရင် အသက်ရှင်သန်နိုင်မယ့် အခွင့်အရေး မြင့်မားဖို့အတွက် ပြင်ဆင်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ မှတ်ထားရမှာက လေယာဉ်ပျက်ကျမှု ၉၅ ရာခိုင်နှုန်းမှာ အသက်ရှင် ကျန်ရစ်သူတွေ ရှိပြီး တစ်ခါတစ်လေမှာ အသက်ရှင်ကျန်ရစ်မှုဟာ သင့်ရဲ့ လုပ်ဆောင်မှုအပေါ်မူတည်ပါတယ်။

၁။ ဘောင်းဘီရှည် ၊ ရှပ်အင်္ကျီရှည်နဲ့ မာကျောပြီး သက်တောင့်သက်သာရှိတဲ့ ရှူးဖိနပ်ကို ၀တ်ဆင်ပါ။

– လှုပ်ရှားလို့ ကောင်းတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပါ။
– ဒေါက်မြင့်ဖိနပ်တွေဟာ လှုပ်ရှားဖို့ မလွယ်ကူတဲ့အတွက် မ၀တ်ဆင်သင့်ပါဘူး။
– ချည်ထည်တွေဟာ မီးကူးစက်မှု သိပ်မလွယ်တဲ့အတွက် ၀တ်ဆင်ဖို့ သင့်တော်ပါတယ်။
– အေးမြတဲ့ ရာသီဥတုတွေပေါ်ကနေ ဖြတ်သန်းသွားမယ်ဆိုရင်တော့ ဂျက်ကတ်တွေကို သယ်ဆောင်သွားပါ။

၂။ မှန်ကန်တဲ့ ထိုင်ခုံကို ရွေးချယ်ပါ။

– လေယာဉ်ပေါ်မှာ သင်ထိုင်တဲ့ နေရာက သင့်ရဲ့ ရှင်သန်မှုအတွက် အရေးပါပြီး တံခါးပေါက်ကနေ လျှင်မြန်စွာ လွတ်မြောက်စေမှာပါ။
– လျှောက်လမ်းနဲ့ ကပ်ရပ်ထိုင်ခုံတွေကို ရွေးချယ်သင့်ပါတယ်။
– တံခါးပေါက်နဲ့ နီးကပ်တဲ့ ထိုင်ခုံတွေကလည်း ကောင်းပါတယ်။
– လေယာဉ်ရဲ့ အမြီးမှာ ထိုင်တဲ့ ခရီးသည်တွေဟာ ရှေ့ပိုင်းမှာ ထိုင်တဲ့ ခရီးသည်တွေထက် လေးဆယ်ရာခိုင်နှုန်း အသက်ရှင်သန်နိုင်ခွင့်ပိုများပါတယ်။

၃။ လုံခြုံရေး သတင်းအချက်အလက်တွေကို ဖတ်ရှုလေ့လာပါ။ လေယာဉ်မထွက်ခွာမီ လုံခြုံရေးအတွက် သင်ကြားပေးမှုကို သင်ယူပါ။

– လေယာဉ်၀န်ထမ်း သင်ကြားပေးမှာကို သင်သိနေတယ်ဆိုရင်တောင် ဂရုစိုက်သင့်ပါတယ်။ ထပ်မံ သင်ကြားတာက ဆုံးရှုံးမှု မရှိပါဘူး။
– သင့်ရဲ့ တည်နေရာကို လေ့လာပြီး တံခါး ဘယ်နေရာမှာလဲဆိုတာ သိအောင်လုပ်ပါ။
– တံခါးကို ဘယ်လို ဖွင့်ရမလဲဆိုတာကိုလည်းလေ့လာပါ။

၄။ တုန်လှုပ်ခြင်း မရှိဘဲ စီစဉ်ပါ။

– လေယာဉ်တွေဟာ တန်းပျက်ကျတာ မဟုတ်တဲ့အတွက် ထိခိုက်မှုမဖြစ်ခင်မှာ မိနစ်အနည်းငယ် အချိန်ရပါတယ်။ အဲဒီအချိန်ကို အကျိုးရှိစွာ ပြင်ဆင်ပါ။
– ထွက်ပေါက် ဘယ်မှာလဲဆိုတာလေ့လာပြီး သင့်ထိုင်ခုံနဲ့ ထွက်ပေါက်ကြားမှ ထိုင်ခုံတန်း အရေအတွက်ကို မှတ်ထားပါ။ လေယာဉ်ပျက်ဆီးသွားတဲ့အခါမှာ မီးခိုးတွေနဲ့ ပြည့်နှက်နေရင် သင်ထွက်ပေါက်ကို မြင်ရမှာ မဟုတ်လို့ပါ။
– လေယာဉ်ပျက်ကျမယ့် နေရာပေါ်မူတည်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ပါ။ (ကုန်းမြေ၊ ရေ စတာတို့ ဖြစ်ပါတယ်။)

၅။ ထိုင်ခုံခါးပတ်ကို တစ်ချိန်လုံး မြဲမြံစွာ ပတ်ထားပါ။

– ထိုင်ခုံခါးပတ်ကို တစ်ချိန်လုံး မြဲမြံစွာ ပတ်ထားပါ။ အဲဒီအတွက် သင် အိပ်ပျော်နေစဉ်မှာ လေယာဉ်ပျက်ကျရင်လည်း ရှင်သန်ဖို့ အခွင့်အရေးများစေမှာပါ။
– ကမ္ဘာမြေဆွဲအားကို လျော့ချပေးနိုင်ဖို့ ခါးပတ်က ကူညီပေးနိုင်ပါတယ်။
– ခါးပတ်ကို တင်ပဆုံမှာ ပတ်ထားရမှာ ဖြစ်ပြီး ဗိုက်မှာ မဟုတ်ပါဘူး။

၆။ သက်ရောက်မှုအတွက် ပြင်ဆင်ထားပါ။

– Brace Positionကို လိုအပ်ရင် ပြုလုပ်ပါ။ လေယာဉ်မထွက်ခင်မှာလည်း ကြိုတင်လေ့ကျင့်ထားပါ။ Brace Positionတွေကတော့ နိုင်ငံတွေက သူတို့ရဲ့ သုတေသနပေါ်မူတည်ပြီး ပုံစံတွေကွဲပြားပါတယ်။ Wikipediaမှာ Brace Position အကြောင်း ဖတ်ရှု လေ့လာနိုင်ပါတယ်။

၇။ စိတ်တည်ငြိမ်အောင် ပြုလုပ်ပါ။

– သင့်ရဲ့ အသက်ရှင်သန်မှု အခွင့်အရေးများဖို့အတွက် စိတ်အေးအေးထားပါ။
– လေယာဉ်ဟာ အဆိုးရွားဆုံး ပျက်ဆီးသွားတယ်ဆိုရင်တောင် အသက်ရှင်ဖို့ အခွင့်အရေးရှိပါတယ်။ ထူးဆန်းမှုတွေဟာ ဖြစ်တတ်ပါတယ်။

၈။ အခြားသူများကို မကူညီခင်မှာ အောက်ဆီဂျင် မျက်နှာဖုံးကို ၀တ်ထားပါ။

– လေယာဉ် အခန်းဟာ ပွင့်ထွက်သွားပြီဆိုရင် အောက်ဆီဂျင် မျက်နှာဖုံးနဲ့ အသက်ရှူ ဖို့ အချိန် ၁၅ စက္ကန့်ပဲ ရှိပါတော့တယ်။ အဲဒါမပါရင်တော့ သတိလက်လွတ်မေ့မျောသွားမှာပါ။
– နှလုံးရောဂါသည်လို ကျန်းမာရေးမကောင်းသူတွေအတွက်တော့ ၁၅ စက္ကန့်တောင် မခံပါဘူး။
– သင့်ကိုယ်သင် အရင် လုံခြုံအောင်လုပ်ပြီးမှ အခြားသူများကို ကူညီပါ။

၉။ မီးခိုးငွေ့တွေကနေ ကာကွယ်ပါ။

– မီးခိုးငွေ့တွေ ရှူ သွင်းမိခြင်းဟာ လေယာဉ်ပျက်ကျလို့ သေဆုံးရတဲ့ ကြီးမားတဲ့ အကြောင်းအရင်းတစ်ခုပါ။
– လေယာဉ်ရဲ့ အတွင်းပိုင်း ဒြပ်ထုတွေကြောင့် လေယာဉ်မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ များပြားပြီး အဆိပ်များစွာလည်း ပါရှိပါတယ်။
– သင့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ကာကွယ်ထားပြီး မီးခိုးငွေ့တွေကို မရှူမိပါစေနဲ့။
– သင့်ရဲ့ အ၀တ်အစားကို ပါးစပ်နဲ့ နှာခေါင်းမှာ ဖုံးအုပ်ထားနိုင်ပါတယ်။
– အ၀တ်ကို ရေစွတ်ပြီး အသက်ရှူ ဖို့ အသုံးပြုနိုင်ပါတယ်။

၁၀။ လေယာဉ်မှ တတ်နိုင်သလောက် လျှင်မြန်စွာ ထွက်ပါ။

– တတ်နိုင်သလောက် လျှင်မြန်စွာ လေယာဉ်မှ ထွက်ခွာပါ။
– လေယာဉ်၀န်ထမ်းတွေရဲ့ ညွှန်ကြားမှုကို လိုက်နာပါ။ သူတို့တွေက သူတို့အလုပ်ကို ကောင်းစွာ သိကြပါတယ်။
– စိတ်ငြိမ်အောင်လုပ်ပြီး အသက်ရှင်သန်နိုင်ဖို့အတွက် အခြားသူများနဲ့ ပူးပေါင်းပါ။
– သင်ပိုင်ဆိုင်တဲ ပစ္စည်းတွေကို မေ့ထားပါ။ ပစ္စည်းတွေအတွက် လေယာဉ်ထဲမှာ နေနေတာ၊ ပစ္စည်းတွေကို ပြန်လာယူတာက အသက်ဆုံးရှုံးနိုင်ပါတယ်။
– ပြတင်းပေါက်တွေကနေ လုံခြုံတဲ့ ထွက်ပေါက်ကို လေ့လာပါ။ မီးလောင် နေတဲ့ မီးခိုးတွေရှိတဲ့ ထွက်ပေါက်ကို ရှောင်ရှားပါ။

၁၁။ အပျက်အဆီးတွေကနေ အနည်းဆုံး ပေ ငါးရာ သို့မဟုတ် ၁၅၃ မီတာ အထိ ရှောင်ရှားပါ။

– မီးလောင်ပေါက်ကွဲမှုဖြစ်နိုင်တဲ့အတွက် အပျက်အဆီးတွေနားမှာ မနေပါနဲ့။
– လေယာဉ်ပျက်ကျတဲ့နေရာဟာ ရေထဲမှာ ဆိုရင် အပျက်အဆီးတွေကနေ တတ်နိုင်သလောက် ဝေးဝေးကို ရေကူးသွားပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *