Featured, Review

Intelရဲ့ ကမ္ဘာ့အသေးဆုံး ပီစီ

Intelရဲ့ ကမ္ဘာ့အသေးဆုံး ပီစီ

Intelက တီဗီနဲ့ မော်နီတာတွေကို စွမ်းရည်ပြည့် ကွန်ပျူ တာတစ်လုံးအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကမ္ဘာ့အသေးဆုံး ၀င်းဒိုး ပီစီကို ပြသလိုက်ပါတယ်။ Google Chromecastနဲ့ Amazon Fire Stickတို့လိုပဲ Intel Compute Stickကို HDMI Portနဲ့ ချိတ်ဆက်ရမှာပါ။ Intelက Compute Stickကို ဗီဒီယိုထုတ်လွှင်ပေးဖို့ အသုံးပြုနိုင်တယ်လို့ ပြောပေမယ့် ဒီထက်ပိုစွမ်းပါတယ်။

လေးလက်မအရွယ် Compute Stickမှာ Windows 8.1 , 2GB RAM, 32GB Storage ထည့်သွင်းထားပါတယ်။ ဝိုင်ဖိုင်မှ တစ်ဆင့် အင်တာနက် ချိတ်ဆက်နိုင်ပြီး အပို သိုလှောင်မှုအတွက် microSD Card Slotပါရှိပါတယ်။

သင်နှစ်သက်တဲ့ ဒတ်စတော့ ကွန်ပျူ တာမှ အရာတိုင်းကို လက်နဲ့ ဖမ်းဆုပ်ထားနိုင်တဲ့ ကိရိယာထဲမှာ ထည့်ထားတယ်လို့ Intelက ပြောပါတယ်။

သင့်ရဲ့ ဒတ်စတော့ ကွန်ပျူ တာမှာ ကီးဘုတ်၊ မောက်စ်၊ ပိုမိုများတဲ့ သိုလှောင်မှုနဲ့ RAM ၊ ပိုမိုမြန်တဲ့ Processorတို့ပါရှိပေမယ့် အဓိကအချက်က Intel Compute Stickဟာ ပီကေဘူးခွံအရွယ်သာရှိတဲ့ စွမ်းဆောင်ရည်မြင့် ကွန်ပျူ တာ ဖြစ်လို့ပါပဲ။ ဒါဟာ တကယ်ကို သပ်ရပ်ပါတယ်။

Intelက Compute Stickကို မီဒီယာ ထုတ်လွှင့်ဖို့၊ ဂိမ်းကစားဖို့၊ ၀က်ဆိုက်တွေကြည့်ဖို့၊ လူမှုကွန်ရက် သုံးဖို့နဲ့ အလုပ်ကိစ္စများအတွက် အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းငယ်လေးများကလည်း ကုန်ကျစရိတ်သက်သာတဲ့ ကွန်ပျူ တာတွက်ချက်မှုများကို ပြုလုပ်နိုင်ပါတယ်လို့ ဖြည့်စွက်ပြောပါတယ်။

Intel Compute Stickကို ဒေါ်လာ ၁၄၉ နဲ့ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Linuxမောင်းနှင်တဲ့ အမျိုးအစားကို ဒေါ်လာ ၈၉ သတ်မှတ်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *