News

Facebook တည်ထောင်သူ Mark Zuckerbergရဲ့ Facebook Profile ဘရာဇီးမှ Troll လုပ်သူများ၏ နှောင့်ယှက် တိုက်ခိုက်ခြင်းခံရ

Facebook တည်ထောင်သူ Mark Zuckerbergရဲ့ Facebook Profile ဘရာဇီးမှ Troll လုပ်သူများ၏ နှောင့်ယှက် တိုက်ခိုက်ခြင်းခံရ

ကမ္ဘာ့လူသုံးအများဆုံး Social Media Website ဖြစ်သည့် Facebook ကို တည်ထောင်သူနှင့် CEO ဖြစ်သူ Mark Zuckerberg ၏ Facebook Profile ကိုဘရာဇီးနိုင်ငံမှ နှောင့်ယှက်သူများကဟာသဓါတ်ပုံများနှင့် တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ် နေကြောင်း သတင်း Website များတွင် ဖော်ပြထားသည်။ ထိုနှောင့်ယှက်သူများ၏ တိုက်ခိုက်မှုမှာ Mark Zuckerberg ၏ status များနှင့် ဓါတ်ပုံများတွင် ဟာသပုံ Photo Comment များ၊ Stickers comment များအပြင် အခြား Meme ရုပ်များနှင့်ပါ အဆက်မပြတ် တိုက်ခိုက်နေကြောင်းသိရသည်။ အဆိုပါ နှောင့်ယှက်သည့် အဖွဲ့သည် တစ်ဦးတစ်ယောက်တည်းနှင့် ပြုလုပ်နေ ခြင်းမဟုတ်ပဲ ကြီးမားသည့် အဖွဲ့အစည်းများဖြင့် ပြုလုပ်နေကြောင်းလဲသိရသည်။

ဘရာဇီး နှောင့်ယှက်သူများအဖွဲ့ ၏ Tipsters မှတစ်ဆင့် ပေးပို့ထားသော သတင်းများအရ ဒီလို Mark Zuckerberg ၏ Profile ကိုမှ တိုက်ခိုက်ရခြင်းဟာ ကမ္ဘာ့လူသုံးအများဆုံး ဖြစ်သည့် Social Media Website ဖြစ်သည့် Facebook ကို လူအသုံးပြုမှု လျော့ကျစေရန်ရည်ရွယ်တယ်လို့ သိရပါတယ်။ သို့ပေမဲ့ Facbookတည်ထောင်သူ Mark Zuckerberg ကိုယ်တိုင် နှင့် Facebook အဖွဲ့အစည်းများမှ ထိုသို့ နှောင့်ယှက်သည့် ပုံ Photo Comment များ ၊ Sticker Comment များအားဖျက်လိုက်ခြင်းမရှိသေးပေ။ ထို့အတွက်ကြောင့် ဘရာဇီး နှောင့်ယှက်သူများမှလည်း ထိုဟာသပုံများဖြင့် အဆက်မပြတ် တရစက် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

ဘရာဇီးမှ နှောင့်ယှက်သူများသည် Mark Zuckerberg ၏ ယခင် ဓါတ်ပုံများဖြစ်သည့် 2012 ခုနှစ် May လ တွင် တင်ထားသော Mark Zuckerberg ၏ ဇနီးဖြစ်သူ Priscilla Chan နှင့် မင်္ဂလာပွဲတွင်ရိုက်ထားသောဓါတ်ပုံ၌ Photo Comment ပေး၍ တိုက်ခိုက်ခဲ့ကြသည်။ အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ https://www.facebook.com/4/posts/10100387011762121/

fb1

လက်ရှိအချိန်တွင် အဆိုပါပုံသည် Likeအရေအတွက် 2 သန်းကျော်နှင့် Comment အရေအတွက် 186,400+ ရရှိနေပြီး Comment အများစုမှာ နှစ်လိုဖွယ်မကောင်းတဲ့ ပုံများ ၊ စတစ်ကာများနှင့် အခြား Comment များ ပါဝင်နေသည်။ အချို့ Comment ပေးသူများက သူတို့ရဲ့ ကိုယ်ပိုင်စာသားများကိုသာ comment ပေးကြသည်။

နောက်ထပ် Post တစ်ခုကတော့ 2011 ခုနှစ် January လတွင် Zuckerberg သတ်သတ်လွတ်စားသည့် နေ့ကိုရေးသားထားသည့် Post ဖြစ်ပြီး Comment ပေါင်း 108,000 နှင့် အထက်မှာ ရှိနေပြီဖြစ်သည်။ အချို့ Comment ပေးသူများက ” အခုလို နှောင့်ယှက် ခြင်းဟာအထိန်းအကွပ်မဲ့တယ် ” ဆိုပြီး ဝေဖန်သည့် Comment များပေးခဲ့ကြသည်။ သို့သော် အများစုကတော့ ” Zueira” နှင့် လာရောက်ဆက်သွယ်ပါဟု Comment ပေးခဲ့ကြပြီးနောက် comment များကတော့ ” Trolling today, trolling tomorrow, trolling forever ” ဆိုတဲ့ Comment များနဲ့ ” Go gogoZueira” ဆိုတဲ့ Comment များပဲ ဖြစ်ပါတယ်။ Zueria ဆိုသည်မှာ Hastageများဖြင့် တည်ထောင်ထားသည့် Website ဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါသည်။ Zueriaကိုအောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ https://tagdef.com/zueira! Mark Zuckerberg ၏ post အား comment ပေးထားသည့် photo comment များအားအောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/4/posts/10100171116198561/comment_id=10101784970546511&notif_t=comment_mention

fb-2

ဒီလို Troll လုပ်၍ တိုက်ခိုက်ခြင်းများကို ပေါ်တူဂီနိုင်ငံမှ နိုင်ငံသားတစ်ဦးက Facebook တွင် Group တစ်ခုအနေဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး Group ရဲ့ နာမည်ကိုတော့ “Flood that Mark ” ဆိုပြီး အမည်ပေးထားပြီး Member ပေါင်း 1,153 ရှိနေပါပြီ။ အဆိုပါ Group ရဲ့ Cover Photo တွင် Mark Zuckerberg မင်္ဂလာဆောင်တွင် ရိုက်ထားသည့်ပုံ ၊ Zuckerberg ၏ ပုံနှင့် Troll Comment အဖြစ် မြင်နေကြဖြစ်သည့် ပုံများကိုစုပေါင်း၍ ပြုလုပ်ထားသည်။ လက်ရှိအချိန်တွင်တော့  ထို Group သည် Facebook တွင်မရှိတော့ပေ။ ထို့အတွက်ကြောင့် ဘရာဇီး Troll လုပ်သူများအနေဖြင့် Facebook မှ သူတို့ရဲ့ Photo comment များကို ဖျက်မည်ဆိုပါက နောက်ထပ် photo comment အသစ်များ ထပ်လုပ်အုံးမယ်လို့လဲ ကြေငြာထားပါတယ်။

fb-3

Leave a Reply

Your email address will not be published. Required fields are marked *