Huawei ချစ်သူတွေအတွက် Huawei ရဲ့ ၂၀၁၉ စက်တင်ဘာလထုတ် Huawei nova 5T ရောက်ရှိလို့လာပါပြီ။ Huawei nova 5Tမှာဆိုရင် တောက်ပတဲ့အရောင်အသွေး၊ အံ့ဩလောက်စရာဖွဲ့စည်းမှုနဲ့ ရောင်ပြန်ဒီဇိုင်းက စွဲငြိဖွယ်ရာခံစားမှုကို အဆုံးစွန်ထိပေးစွမ်းထားပါတယ်။ ဖုန်းရဲ့ဒီဇိုင်းပိုင်းမှာ Display အတွက် 6.26” အထိရရှိအောင် မျက်နှာပြင်နဲ့ကိုယ်ထည်အချိုးကို အစွမ်းကုန်မြင့်တင်ပေးထားပါတယ်။ ဒါ့ကြောင့် မျက်နှာပြင်ကျယ်တာနှစ်သက်သူတွေ အကြိုက်တွေ့မဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ အရှေ့ကင်မရာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းပေးထားတဲ့အတွက် အရင်ထွက်ရှိပြီးသားဖုန်းတွေနဲ့မတူဘဲ မိမိဖုန်းရဲ့မျက်နှာပြင်ကိုအပြည့်အဝခံစားရဦးမှာလည်း ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာဆိုရင် AI ကင်မရာလေးလုံးကို နောက်ကျောဘက်မှာတပ်ဆင်ပေးထားပြီး HD, Ultra wide-angle, Macro နဲ့ Bokeh ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ f/2.2 ultra wide-angle မှန်ဘီလူးတွေဟာ သဘာဝနောက်ခံတွေကို ကြီးမားကျယ်ပြန့်စွာဖမ်းယူပေးပြီး လှပတဲ့ Portrait ဓာတ်ပုံတွေကို ရိုက်ယူပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကျယ်ပြန့်တဲ့ရှုမျှော်ခင်းတွေအပြင် အသက်ရှူမှားလောက်တဲ့ အနီးကပ်ရိုက်ချက်တွေကိုပါ ရိုက်ယူနိုင်ဦးမှာဖြစ်ပါတယ်။ Kirin chipset ရဲ့ ISP real-time processing capabilities ကိုအသုံးပြုထားတဲ့ Bokeh Camera ကြောင့် ပရော်ဖက်ရှင်နယ် ကင်မရာဖြင့် ရိုက်ကူးထားသည့်အလား ထင်မှတ်ရလောက်အောင် လှပတဲ့အလှပုံရိပ်တွေ ပိုင်ဆိုင်နိုင်ဦးမှာပါ။ 32MP ရှိတဲ့ Selfie ကင်မရာမှာ AI ပါဝင်တဲ့အတွက် မိမိမှာရှိတဲ့ ပင်ကိုယ်အလှတရားတွေကို မြင်သာအောင် ရိုက်ယူပေးမှာဖြစ်ပြီး နောက်ခံအလင်းအမှောင်ကိုလည်း သင့်လျော်အောင် ချိန်ညှိပေးမှာဖြစ်တာကြောင့် ကြည်လင်ပြတ်သားလှပတဲ့ Selfie ပုံရိပ်တွေကို ရရှိမှာပဲဖြစ်ပါတယ်။
System ပိုင်းအနေနဲ့ Android 9.0 (Pie), EMUI 9.1, RAM 8GB, Internal Storage 128GB ဖြစ်ပြီး Battery ကတော့ Li-Po 3750 mAh battery ကို တပ်ဆင်ပေးထားပါတယ်။ Fast Charging Technology ပါဝင်လာတာကြောင့် ၂၄ မိနစ်အတွင်း ဘတ္ထရီရဲ့ ၅၀ ရာခိုင်နှုန်းအထိ အလျင်အမြန်အားသွင်းနိုင်ပါတယ်။ အရောင်အားဖြင့်လည်း အနက်၊ အပြာနဲ့ ခရမ်းရောင်ဆိုပြီး (၃)မျိုး ထုတ်လုပ်ပေးထားပါတယ်။ ဒီလိုမျိုး Feature တွေကောင်းမွန်ပြီး လှပသေသပ်တဲ့ ၂၀၁၉ ခုနှစ် နောက်ဆုံးပေါ် Huawei Nova 5T ကို လေ့လာကြည့်ချင်၊ မှာယူချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်ကနေ ဝင်ရောက်မှာယူနိုင်ပါတယ်ခင်ဗျ။
🛍 https://ict.com.mm/product/huawei-nova-5t-blue-8gb-128gb/
Huawei ချစ်သူတွေအတွက် Huawei nova 5T

28
Oct