Mobile, News, Review

OnePlus ပရိသတ်တွေအတွက် OnePlus 7T Pro

one plus 7t pro

OnePlus ပရိသတ်တွေအတွက် 2019, October မှာ ထုတ်လုပ်ခဲ့တဲ့ OnePlus 7T Pro ရောက်ရှိလာပါပြီ။

OnePlus 7T Proရဲ့ Display ပိုင်းမှာဆိုရင် Display Type အနေနဲ့ Flulid AMOLED capacitive touchscreen, 16M colors ကို တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အရွယ်အစားဟာ 6.67” ရှိပြီးတော့ Resolution ကတော့ QHD+ (1440 by 3120 pixels), Aspect Ratio – 19:5:9 (516 ppi density) ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အနေနဲ့ 3D Corning Gorilla Glass ကိုတပ်ဆင်ပေးထားပါတယ်။ Display ပိုင်းရဲ့ထူးခြားမှုအနေနဲ့ကတော့ HDR 10+ နဲ့ 90Hz Refresh Rate အထိ ထောက်ပံ့ပေးတာကိုတွေ့ရပါတယ်။ 

ဖုန်းရဲ့ System ပိုင်းမှာဆိုရင် OS အတွက် OxygenOS based on Android 10 ကိုတပ်ဆင်ပေးထားပါတယ်။ CPU အနေနဲ့ Qualcomm Snapdragon 855 (Octacore, 7nm, up to 2.96 GHZ) ကိုတပ်ဆင်ထားပါတယ်။ ရုပ်ထွက်ပိုင်းမှာဆိုရင် GPU အနေနဲ့ Adreno 640 ကို တပ်ဆင်ပေးထားပါတယ်။ RAM 8GB နဲ့ Internal Storage 256 GB ဖြစ်ပါတယ်။ In-display Fingerprint Sensor ပါဝင်ပြီးတော့ Face Unlock Feature လည်းပါဝင်ပါတယ်။ 

ကင်မရာပိုင်းအတွက်ဆိုရင် နောက်ကျောဘက်ကင်မရာအနေနဲ့ ကင်မရာ ၃ လုံးတပ်ဆင်ပေးထားပြီး Main Camera – 48MP, Telephoto Lens – 8MP နဲ့ Ultra Wide Angle Lens – 16MP တို့ပါဝင်ပါတယ်။ Zoom ဆွဲရိုက်ကူးမှုအတွက် 3x အနေအထားအထိ မှုန်ဝါးမှုမရှိဘဲ ထောက်ပံ့ပေးထားပါတယ်။ ဗီဒီယိုရိုက်ကူးမှုမှာဆိုရင် 4K Video အထိရိုက်ကူးနိုင်ပါတယ်။ အထူးလုပ်ဆောင်ချက်တွေအနေနဲ့ကတော့ UltraShot, Nightscape, Studio Lighting, Protrait, Pro Mode, Panorama, HDR, AI Scene Detection, RAW Image တို့ပါဝင်ပါတယ်။

အရှေ့ဘက်ကင်မရာအနေနဲ့ 16MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ အရှေ့ကင်မရာအတွက် အထူးလုပ်ဆောင်ချက်တွေအနေနဲ့ကတော့ Face Unlock, HDR, Screen Flash, Face Retouching တို့ပါဝင်ပါတယ်။

ဘတ္ထရီအတွက် 4085mAh Battery ကိုတပ်ဆင်ပေးထားပြီး 20 မိနစ်နဲ့ အားအပြည့်သွင်းနိုင်တဲ့ Fast Charging နည်းပညာနဲ့ထောက်ပံ့ပေးထားပါတယ်။ အားသွင်းပေါက်က Type-C အမျိုးအစားဖြစ်ပြီး standard Type-C နားကြပ်ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။

ဒီ OnePlus 7T Pro ကို စိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်ကနေ ဝင်ရောက်မှာယူနိုင်ပါတယ်။

https://ict.com.mm/product/oneplus-7t-pro-blue-8gb-256gb/

Leave a Reply

Your email address will not be published. Required fields are marked *