News

HTC One mini ရဲ့ မျိုးဆက်လာမည်

HTC One ရဲ့ မျိုးဆက်ဖြစ်တဲ့ HTC M8 ရဲ့ သတင်းနဲ့ Specification တွေ အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတစ်ခါတော့ HTC One mini ရဲ့ မျိုးဆက်ဖြစ်တဲ့ ဖုန်းနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ ထွက်လာပါတယ်။ HTC One mini ရဲ့ မျိုးဆက်မှာ ၄.၅ လက်မအရွယ် မျက်နှာပြင်ကို တပ်ဆင်ထားမှာ ဖြစ်ပြီး Home, Menu နဲ့ Back Buttom များကို ဖုန်းရဲ့ မျက်နှာပြင်မှာ On Screen အဖြစ်နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ HTC One mini ရဲ့ မျက်နှာပြင်ဟာ ၄.၃ လက်မအရွယ် ရှိတာကြောင့် သူ့ မျိုးဆက်မှာ အနည်းငယ်ပိုကြီးလာတာ ဖြစ်ပါတယ်။ HTC One mini ရဲ့မျိုးဆက်ဟာ ဒီဇိုင်းမှာ HTC One mini နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။

အဆိုပါ mini handset မှာ Quad-Core Snapdragon 400 Processor တပ်ဆင်ထားမှာ ဖြစ်ပြီး 1GB RAM, 16GB Internal Memory ပါရှိမှာ ဖြစ်ပြီး MicroSD Card ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth 4.0 အသုံးပြုနိုင်ပြီး Android 4.4.2 KitKat ဖြင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ HTC ရဲ့ ကိုယ်ပိုင် Software ဖြစ်တဲ့ Sense 6.0 ကို Android OS နှင့်အတူ ပေါင်းစပ်အသုံးပြုမှာ ဖြစ်ပါတယ်။

HTC M8 mini ရဲ့ စျေးနှုန်းနဲ့ ရောင်းချမယ့် ရက်ကိုတော့ EvLeaks Website က ပြောကြားခြင်း မရှိပါဘူး။ HTC One ရဲ့ မျိုးဆက်ဖြစ်တဲ့ HTC M8 ကို မတ်လတွင် နယူးယောက်မြို့တော်မှာ ထုတ်ဖော်ပြသမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ HTC M8 mini Version ကိုလည်း နယူးယောက်မြို့မှာပင် ထုတ်ဖော်ပြသမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ HTC M8 Phablet ဖုန်းထက် သေးငယ်တဲ့ဖုန်းတွေကို ကိုင်ချင်သူများအတွက် HTC M8 mini က ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *