HTC က Desire ဖုန်းအမျိုးအစားများ၏ နောက်မျိုးဆက် ဖုန်းဖြစ်တဲ့ Diser 310 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ ဖုန်းမှာ ၄.၅ လက်မ Display တပ်ဆင်ထားပြီး 854 x 480 Pixel Resolution ရှိပါသည်။ 1.3 GHz Quad-core Mediatek MT6582M Processor, Android 4.2 (Jelly Bean) တို့ဖြင့် လည်ပတ်မောင်းနှင်မှာဖြစ်ပါတယ်။ အနောက်ဘက်တွင် 5-Megapixel ကင်မရာ တပ်ဆင်ထားပြီး Flash မပါရှိပါဘူး။ မျက်နှာချင်းဆိုင် ကင်မရာကတော့ 0.3-Megapixel တပ်ဆင်ထားပါတယ်။ Dual SIM Card, HTC BlinkFeed အသုံးပြုနိုင်ပါတယ်။ ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ အဆိုပါဖုန်းတွင် Octa-Core MediaTek Processor ကို ထည့်သွင်းတပ်ဆင်မည်ဟု သတင်းရရှိခဲ့ပါတယ်။ သို့သော် ယခု ထွက်ရှိလာသောအခါတွင် Desire ဖုန်းများတွင် ပထမဦးဆုံးဖြစ်သည့် MediaTek ၏ Quad-Core Chip Processor ကို တပ်ဆင်ထားတာတွေ့ရှိရပါတယ်။ HTC ၏ အလယ်အလတ် စွမ်းဆောင်ရည်ရှိတဲ့ Desire ဖုန်းများတွင် Snapdragon Processors ကိုသာ အသုံးပြုခဲ့ပြီး ယခုအခါ MediaTek သည် HTC Desire ဖုန်းများ၏ အနာဂတ်ဖြစ်လားမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
HTC Desire 310 ၏ Specifications များကတော့ 11.25 mm အထူရှိပြီး အလေးချိန်မှာ 140 Grams ဖြစ်ပါတယ်။ 3.5mm Audio Jack, 512MB RAM တပ်ဆင်ထားပါတယ်။ 4GB Internal Memory နဲ့ 32GB ရှိတဲ့ MicroSD ကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပြီး 2000 mAh Battery တပ်ဆင်ထားပါတယ်။ HTC Desire 310 ကို အဖြူရောင်နှင့် အနက်ရောင် (၂)မျိုး ထုတ်လုပ်ထားပြီး ရောင်းချမယ့်အချိန်နဲ့ စျေးနှုန်းကိုတော့ ကြေငြာထားခြင်းမရှိသေးကြောင်း သတင်းရရှိပါတယ်။