HTC က စွမ်းဆောင်ရည် အလယ်အလတ်အဆင့်ရှိတဲ့ Desire 8 စမတ်ဖုန်းကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တရုတ်ပြည် ဘေဂျင်းမြို့တော်မှာ ပြသဖို့ စီစဉ်နေတယ်လို့ HTC ရဲ့ Weibo Account မှာ ဖော်ပြ ထား ပါတယ်။ အခြား အသေးစိတ် အချက်အလက်များကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ တစ်ပါတ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Desire 8 တွင် ၅.၅ လက်မ Display နဲ့ 1.2GHz Quad-Core Qualcomm Snapdragon 400 Processor တပ်ဆင်ထားပါတယ်။ အနောက် ကင်မရာ 13-Megapixel နဲ့ မျက်နှာချင်းဆိုင် ကင်မရာ 5-Megapixel တပ်ဆင်ထားပါတယ်။ 8GB Internal Storage, 1GB RAM, Front-Facing Speakers တို့ တပ်ဆင်ထားပါတယ်။ HTC M8 လို Back ,Home နဲ့.Menue Buttons များမပါရှိဘဲ ဖုန်းရဲ့မျက်နှာပြင် မှာ On-Screen Buttons အနေနဲ့ အသုံးပြု ရမှာဖြစ်ပါတယ်။ အဆိုပါ Desire 8 ကို အဖြူရောင်၊ အနီရောင်၊ အဝါရောင်၊မရမ်းရောင်နဲ့ လိမ္မော်ရောင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
HTC က Desire 8 ကို တရုတ်၊ ဥရောပ၊ အာဖရိက၊ အမေရိကန်နဲ့ အာရှ စသည့်နိုင်ငံများတွင် ရောင်းချပေးမယ်လို့ LlabTooFer Website တွင် ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှာတော့ AT&T နဲ့ Sprint စတဲ့ Carrier တွေကနေ ရောင်းချမယ်လို့ သိရပါတယ်။ Desire 8 တွင် Android 4.4.2 နဲ့ Sense 6.0 ကို အသုံးပြုမယ်လို့ သိရပါတယ်။ Desire 8 က စွမ်းဆောင်ရည် နိမ့်တဲ့အတွက် M8 စမတ်ဖုန်းကို ယှဉ်ပြိုင်နိင်မှာ မဟုတ်ပေမယ့် စျေးနှုန်းသက်သာအောင်ပြုလုပ်ပေးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ်အဆင့်ရှိတဲ့.ဖုန်းတွေထဲမှာတော့ အရွယ်အစား အကြီးဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။ ဖေဖော်၀ါရီလ (၂၄) ရက်နေ့မှာ HTC က Desire 8 ကို ကြေငြာမယ်လို့ သိရပါတယ်။