Gaming

Code:Breaker

Code: Breaker ဇာတ်လမ်းတွဲဟာ Fairy Tailနှင့် School Rumble အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေကို မွေးထုတ်ပေးခဲ့တဲ့ အပတ်စဉ်ထွက် Weekly Shonen Magazineမှာ ၂၀၀၈ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့တဲ့ Manga Comic Book ဇာတ်လမ်းကို မှီငြမ်းထားတဲ့ Japan Animation Seriesသစ် ဖြစ်ပါတယ်။ Samurai Deeper Kyoရဲ့ ဖန်တီးရှင်နှင့် စာရေးဆရာဖြစ်သူ Akimine Kamijyoက ရေးဆွွဲပြီးထားပြီး မူရင်း Code: Breaker Manga ဇာတ်လမ်းကတော့ ထွက်ရှိဆဲဖြစ်ပေမယ့် Anime ဇာတ်လမ်းကိုတော့ လောလောဆယ် အပိုင်း ၁၃မှာ အဆုံးသတ်ထားတာ တွေ့ရမှာပါ။ Action ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး Shonen ဇာတ်လမ်းတွေ ထုံးစံအတိုင်း အတည်ပေါက် ဇာတ်လမ်းများနှင့် ဟာသ ဆန်တဲ့ အဖြစ်အပျက်လေးတွေကို ရောစပ် ထားတဲ့ Code: Breakerဟာ အခြား Shonen ဇာတ်လမ်းအများစုနှင့် ယှဉ်ရင်တော့ ဇာတ်အိမ် ပိုတည်ပြီး သာမန် ဥပဒေဖြင့် မတားဆီးနိုင်တဲ့ ဆိုးသွမ်းသူတွေရဲ့ အသက်ကို သတ်သင့်သလား၊ မကောင်းမှုကို မကောင်းမှုဖြင့် တုံ့ပြန်သင့်သလား အစရှိတဲ့ စိတ်ဓာတ်ရေးရာ သဘောတရားများဖြင့် ဇာတ်လမ်း ဆင်ထားပါတယ်။

Code: Breakerရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက် ကတော့ လူချစ်လူခင်များတဲ့ အထက်တန်းကျောင်းသူ နှင့် Martial Arts ကျွမ်းကျင်သူ Sakura Sakurakouji နှင့် Code: Breaker အမည်ရ လျှို့ဝှက်အဖွဲ့အစည်းရဲ့ Member တစ်ယောက်ဖြစ်တဲ့ Ogami Reiတို့ပဲ ဖြစ်ပါတယ်။ Code: Breaker ဇာတ်လမ်း စစချင်း မှာပဲ ပန်းခြံအတွင်းမှ လူများကို အပြာရောင် မီးတောက်များ သုံးပြီး မီးလျှို့သတ်နေသူ Ogami Reiကို Sakura အနေနှင့် မြင်တွေ့သွားပုံဖြင့် စတင်ထားပြီး နောက်တစ်နေ့မှာတော့ Ogamiဟာ Sakuraတို့ရဲ့ ကျောင်းကို Transfer Student တစ်ယောက်အဖြစ် ရောက်ရှိလာပုံဖြင့် ဇာတ်လမ်းဆင်ထားပါတယ်။ Sakura အနေနှင့် Ogamiဟာ သူ့ရဲ့ဘယ်ဘက်လက်ကို အသုံးပြုပြီး လူသားများကို မီးလောင်စေတာဟာ သူမ အမြင်မှားတယ်လို့ ထင်မှတ်ခဲ့ပေမယ့် Sakuraရဲ့ ရှေ့မှာတင် ဒုစရိုက်မှုများ ကျူးလွန်တဲ့ G-Falcon အဖွဲ့သားများအားလုံးကို Ogamiမှ အပြာရောင် မီးတောက်များ သုံးပြီး နှိမ်နှင်းလိုက်တာကို ထပ်မံ မြင်တွေ့လိုက်ရပြီးနောက် Ogamiရဲ့ Code: Breaker အဖွဲ့ဟာ လာဘ်စားထားတဲ့ ရဲအဖွဲ့သားတွေကြောင့် ဥပဒေအရ အရေးယူခွင့် မရသူများ၊ ဥပဒေအရ လက်လှမ်း မမှီနိုင်တဲ့နေရာမှ ဒုစရိုက်သမားများကို နှိမ်နှင်းတဲ့ အဖွဲ့ဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။

Ogami Reiဟာ Code: Breaker အဖွဲ့ဝင် No.6 ဖြစ်ပြီး နံပါတ်စဉ် အလိုက်ကြည့်ရင် သူ့ရှေ့မှာ ပိုမို အစွမ်းထက်တဲ့ အဖွဲ့ဝင်ငါးယောက် ရှိသေးသလို ဇာတ်လမ်း နောက်ပိုင်းမှာတော့ လှည့်ကွက်အသစ်၊ ဇာတ်ကောင် အသစ်များနှင့် သဘာဝလွန် Supernatural စွမ်းရည်များ ပိုင်ဆိုင်ထားတဲ့ Code: Breakerတွေရဲ့ တိုက်ပွဲတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Animation Qualityပိုင်းအနေနှင့် တိုက်ခိုက်ခန်းတွေကို အသားပေး ရေးဆွဲထားပြီး ပုံမှန် စကားပြောခန်းတွေမှာတော့ Budget လျှော့ချတဲ့ အနေနှင့် Character Animationပိုင်း၊ Camera Angleပိုင်း လှုပ်ရှားမှု သိပ်မရှိတဲ့ အခန်းတွေ ပါဝင်ပါတယ်။ Actionနှင့် အတည်ပေါက် ဇာတ်လမ်းတွေအပြင် ကျောင်းအတွင်းရှိ ဟာသ ဆန်တဲ့ အဖြစ်အပျက်တွေကိုလည်း ထည့်သွင်း ထားပါသေးတယ်။ Ogami Reiရဲ့ အစွမ်း တွေကို သိထားပြီး လူ့အသက် သတ်ချင်းကို မလိုလားတဲ့ Sakura အနေနှင့် Ogami နောက်သို့ တစ်ကောက်ကောက် လိုက်နေရာမှ Sakura၏ တစ်ဖက်သတ် ချစ်သူများမှ Ogamiကို မနာလိုဖြစ်ပုံ၊ Ogamiနှင့် Sakuraတို့ကြားမှ အထင်လွဲစရာ အဖြစ်အပျက်များနှင့် အခြား ကျောင်းသူ၊ ကျောင်းသားများကြားမှ ဟာသ အဖြစ်အပျက် များလည်း ပါဝင်ပါသေးတယ်။ ဒါပေမယ့် တချို့ အပိုင်းတွေမှာ ဇာတ်လမ်းပုံစံ အပြောင်းအလဲ အရမ်း မြန်သွားတဲ့အတွက် ပုံစံမတူတဲ့ ဇာတ်လမ်းနှစ်ခု ကြည့်နေရသလို ခံစားရတာက လွဲလို့ Code: Breaker Animation Seriesဟာ Actionနှင့် Super-Powered Battleများ ပါဝင်တဲ့ ဇာတ်လမ်း နှစ်သက်သူများနှင့် သင့်တော်တဲ့ Series ကောင်းတစ်ခု ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *