Education

ကျောင်းသူ၊ ကျောင်းသားတို့ အထူးစိတ်ဝင်စား လာသော ဟိုတယ် နှင့် ခရီးသွား ဘွဲ့လွန်ဘာသာရပ် များကို ဇန်နဝါရီလ နောက်ဆုံးထားပြီး လျှောက်ထားနိုင်။

ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ကို တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားတို့ အတွက် Diploma , Bachelor နှင့်  Master Degree များ အတွက် မတ်လ ကျောင်းဖွင့်ချိန် အမှီ STUDY ABROAD Information Centre မှ တဆင့် ကျောင်းလျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံရှိ Nanyang Institute of Management တွင် တက်ရောက်နိုင်မည် ဖြစ်ပြီး Diploma ဘာသာရပ်များ အနေနှင့် Diploma in Tourism & Hospitality Management ,Advanced Diploma in Tourism & Hospitality Management တို့ကို တက်ရောက်နိုင်မည် ဖြစ်ပြီး Bachelor Degree အနေနှင့် Bachelor of Hospitality (Management) ဘွဲ့ကို ရယူနိုင်မည် ဖြစ်ပါသည်။ ဘွဲ့လွန် ဒီဂရီအဖြစ် Postgraduate Diploma in Tourism & Hospitality Management ဘာသာရပ်ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ဘာသာရပ်များတွင် ထူးခြားချက် အနေနှင့် ပညာသင်ကာလ အတွင်း Internship ပါတွဲ ဆင်းရမည် ဖြစ်ပါသည်။

ခေတ်မှီ ၊ အဆင့်မှီ ဘာသာရပ်များကို လုပ်ငန်းခွင် အတွေ့အကြုံမြောက်များစွာ ရှိသည့် ဆရာ၊ ဆရာမ များမှ ကိုယ်တိုင် သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ လက်တွေ့ဆင်းရာတွင်လည်း စင်ကာပူနိုင်ငံမှ နာမည်ကြီး ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ခရီးသွားလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကာ လုပ်ငန်းအတွေ့အကြုံ ရယူနိုင်မည် ဖြစ်ပါသည်။ သင်ယူရမည့် ဘာသာရပ်များတွင်လည်း ဟိုတယ်နှင့် ခရီသွားလုပ်ငန်းများတွင် လုပ်ငန်းအတွက် အရေး အကြီးဆုံး လုပ်ငန်းသုံးနည်းပညာများကို ပို့ချသောကြောင့် ထိုဘာသာရပ်များကို တတ်မြောက်သော ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် အလုပ်ရရှိရန် အခွင့် အရေးများ ပိုမို ရရှိ်နိုင်မည် ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်း သိရှိလိုသည်များရှိပါက STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ ပြည်လမ်း ၊ ကမာရွတ်မြို့နယ်။ ဖုန်း – ဝ၉ ၅၁၅၁ ဝ၀၈ နှင့် ဝ၉ ၇၃ ၂၄၂၄ ဝ၄ သို့ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။