Opinion

ပြည်ပရောက် ရွေမြန်မာများအတွက် ပြည်တော်ပြန်ခွင့် ရှိသင့်သလို ပြည်တွင်းမှ ရွေမြန်မာများလည်း မျက်လုံးဖွင့် နားဆွံ့သင့်

တိုင်းပြည် တိုးတက်ဖို့အတွက် ဓနအင်အား ဖြစ်သည့် ရင်းနှီးမြှပ်နှံမှု တစ်ခုတည်းနှင့်တင် မလုံလောက်ပဲ အချိိန်ကုန် လူပန်း မဖြစ်ပဲ လိုချင်သည့် နေရာကို လျင်မြန် တိကျ မှန်ကန် စွာ ရောက်ရှိနိုင်ဖို့အတွက် ကျွမ်းကျင်လုပ်သား၊ ပညာရှင်များ လိုအပ်သည်မှာ ငြင်းဆန်လို့ မရသည့် အမှန်တရား တစ်ခုသာ ဖြစ်ပေသည်။ မြန်မာပြည် နိုင်ငံရေးအရ ကြည့်မည်ဆိုလျှင် ရှုထောင့်မျိုးစုံမှ လျင်မြန်စွာ ပြောင်းလဲလျက် ရှိနေသည့်အတွက်ကြောင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှု အကြီး၊ အသေး အလုအယက် ၀င်ရောက် နေကြသည်မှာ အံ့မခန်းဖွယ် ဖြစ်စဉ်တစ်ခုဟု ဆိုနိုင် ပါသည်။ နိုင်ငံအတွင်း နေထိုင်သော အများပြည်သူများအတွက်လည်း ထိုဖြစ်စဉ်များကို သတင်းဂျာနယ်များမှ လွတ်လပ်စွာ လေ့လာ သုံးသပ်ခွင့် ရလာသည့်အပြင် အင်တာနက်ပေါ်မှ တစ်ဆင့်လည်း ပိတ်ပင်မှု ကင်းမဲ့စွာ ရှုခင်းမြင်ကွင်း အလုံးစုံကို လွတ်လပ်စွာ ပါ၀င် ဆွေးနွေးခွင့်များ ရှိလာကြသည်မှာ အားလုံးရဲ့ မျက်မြင်ကိုယ်တွေ့ ပြောင်းလဲမှု တစ်ရပ်ပင် ဖြစ်ပေသည်။

ရင်းနှီးမြှပ်နှံမှုများနှင့် လွတ်လပ်မှုများ တွင်တွင်ကျယ်ကျယ် ဖြစ်လာသော်လည်း နိုင်ငံ တစ်နိုင်ငံကို ဖွဲ့စည်းထားသည့် အဓိကကျသော ပြည်သူပြည်သားများ အားလုံးရဲ့ အသိပညာ၊ အတတ်ပညာများ မတွင်ကျယ်၊ မတိုးတက်လာပါက နှစ်ဖက် အလေးချိန် မမျှတဲ့ ချိန်ခွင်သဖွယ် တိုင်းပြည်ကြီးမှာ တစ်ဖက်စောင်း ရပ်တည်ပြီး လိုရာ မရောက် ရှိနေပေလိမ့်မည်။ ထိုသို့ မဖြစ်ရလေအောင် အများပြည်သူ များမှလည်း မျက်လုံးဖွင့် နားစွင့်ကာ အခွင့်အလမ်း၊ အခွင့်အရေးများကို နည်းမျိုးစုံဖြင့် မိမိတို့ တက်ကျွမ်းရာ ပညာများဖြင့် ရှာဖွေ လုပ်ဆောင်မှ ရရှိ ပိုင်ဆိုင်နိုင်ပေတော့မည်။

အင်တာနက်ပေါ်မှ အလုပ်အကိုင် ရှာဖွေရေးကို ၀န်ဆောင်မှုပေးနေသည့် ၀က်ဘ်ဆိုဒ် တစ်ခုဖြစ်သော www.myanmarjobsearch.com မှ တာ၀န်ရှိသူတစ်ဦး၏ အဆိုအရ — “ကျွန်တော်တို့ ၀က်ဘ်ဆိုဒ်က ၀န်ထမ်းတွေ လိုချင်တဲ့ အလုပ် ရှာနိုင်ဖို့ သူတို့၏ CV Form ကို အခမဲ့ တင်သွင်းခွင့် ပေးသလို အလုပ်ရှင်များမှလည်း အလုပ်ကြော်ငြာများကို အခမဲ့ ကြေညာနိုင်တဲ့ ၀န်ဆောင်မှုတွေကိုပါ ပေးနေတာပါ။ အခမဲ့ ပေးထားတဲ့အတွက်ကြောင့်လည်း အင်တာနက်ပေါ်မှာ အလုပ်ရှင်၊ အလုပ်သမား မည်သူမဆို ၀င်ရောက်ပြီး မိနစ်ပိုင်းအတွင်း Register လုပ်ရုံဖြင့် အလုပ်ရှာနိုင်ပါတယ်။ ကျွန်တော်တို့က အင်တာနက်ပေါ်မှာ လတ်တလော ခေတ်စားနေတဲ့ တချို့သော မြန်မာ အလုပ်ရှာဖွေမှု ၀န်ဆောင်ပေးတဲ့ ၀က်ဘ်ဆိုဒ်တွေလို ဂျာနယ်တွေထဲက ဖြစ်စေ၊ အခြားနေရာများမှဖြစ်စေ အလုပ်ကြော်ငြာ စာတမ်းများကို ကူးယူ တင်ပြခြင်း မရှိတဲ့အတွက်ကြောင့်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင် register လုပ်ပြီးမှ တင်သွင်းသည့်အတွက်ကြောင့် ပိုမို တိကျ မှန်ကန်တဲ့ CV formတွေနဲ့ အလုပ် ကြော်ငြာတွေကို ရရှိစေပါတယ်။ ဆိုလိုချင်တာက ထိုမှန်ကန်သည့် databaseကို လေ့လာ သုံးသပ်မည်ဆိုရင်တော့ ပြည်တွင်းမှာ အလုပ်လက်မဲ့/ အလုပ်ရှာဖွေနေသော ၀န်ထမ်းတွေက အပျင်းကြီးနေတယ်လို့ ပြောရမလား မသိအောင် CV Form တင်ဖို့အတွက် လွန်စွာ အားနည်းနေသည်ကို တွေ့ရကြောင်း၊ အလုပ်ရှင်များထံမှ ၄င်းတို့ ကိုယ်တိုင် တင်ထားသည့် အလုပ်ခေါ်စာများမှာ CV Form များထက် အဆ (၂၀)ခန့် ပိုမို များပြားကြောင်း” — ဆိုထားပါတယ်။ ဤအချက်ကို သုံးသပ်ခြင်းအားဖြင့် ပြည်တွင်း၌ နိုင်ငံတကာမှ စီးပွားရေးများ အပြင် ပြည်တွင်းရှိ တိုးချဲ့ ကြီးပွားလာသော စီးပွားရေးများမှ ၀န်ထမ်းပေါင်းများစွာ လိုအပ်နေပြီး အလုပ်ရှာဖွေသူ ဦးရေမှာ လွန်စွာ နည်းပါးနေသည်ကို တွေ့ရှိနိုင်သလို အလုပ်ဖွေရှာသူများအတွက် အင်တာနက်မှ အလုပ်ရှာ နည်းလမ်းများကိုလည်း ပညာရပ် တစ်ရပ်သဖွယ် အဖွဲ့အစည်းများမှ မျှေ၀သင့်ကြောင်း သုံးသပ်လို့ ရပါသည်။

ပြည်ပမှာ ကမ္ဘာ့အဆင့်မီ ပညာရပ်များ တတ်ကျွမ်း နားလည်ခဲ့သည့် ရွေှမြန်မာ ရောင်းရင်းများကို နိုင်ငံတော်အစိုးရမှ ပြည်တော်ပြန်ခွင့် ဖြစ်တဲ့ PR စနစ် (Permanent Residence System)ကို စဉ်းစားပေးနေတဲ့ အချိန်ကောင်းမှာ ပြည်တွင်းမှ ရွေှမြန်မာများလည်း လုပ်ငန်းခွင်အတွင်း ယခုထက် ပိုမို ကြိုးစား လေ့လာကြပြီး၊ အလုပ်အကိုင် ရှာဖွေလို့ မရသူများအဖို့လည်း ဘေးထိုင် ဘုပြောနေမည့်အစား အင်တာနက်ခေတ်ကြီးရဲ့ အခွင့်အရေး၊ အခွင့်အလမ်း ကောင်းများကို ရယူပြီး အလုပ် ရှာဖွေရေး ၀က်ဘ်ဆိုဒ်ပေါင်း များစွာထံသို့ မိမိရဲ့ CV Form များကို တင်သွင်းခြင်းဖြင့် အမိမြေကို လျင်မြန်စွာ တိုးတက်ဖု့ိအတွက် တစ်ဘက်တစ်လမ်းမှ ကူညီနိုင်သလို၊ မိမိ ကြိုက်နှစ်သက်သည့် အလုပ်များကိုလည်း ကုမ္ပဏီ တစ်ခုမှမကဘဲ အင်တာဗျူး ခေါ်ဆိုလာကြမည့် အခွင့်အရေးများကိုလည်း ရရှိနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *