News

ရွှေရောင် အိုင်ဖုန်း (iPhone)

မကြာခင်ထွက်ရှိတော့မယ့် iPhoneအသစ်ကို Gold Version(ရွေှရောင်)နဲ့ ထုတ်မယ်လို့ Tech Crunchကို ကိုးကားပြီး သတင်းတစ်ပုဒ် ရရှိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ KGIမှ လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်တဲ့ Ming-Chi Kuoက iPhoneမျိုးဆက်သစ်ကို iPhone 5Sလို့ ခေါ်ဆိုနိုင်ဖွယ် ရှိနေပြီး ရွေှရောင် အဆင်းနဲ့ လာမယ်လို့ ဆိုပါတယ်။ အဆိုပါ သတင်းနဲ့ ပတ်သက်လို့ Ming-Chi Kuoဟာ နေရာတော်တော်များများမှာ စုံစမ်းခဲ့ပြီးမှ အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ Gold iPhoneလို့ တင်စားထားပြီး အဆိုပါ ရွေှရောင်ဟာ iPhone 5Sအတွက် တတိယမြောက် Color Optionလည်း ဖြစ်လာပါလိမ့်မယ်။

အလူမီနီယံ အုပ်ထားတဲ့ အမည်းရောင်၊ အလူမီနီယံ အုပ်ထားတဲ့ အဖြူရောင်နဲ့ အခု ရွေှရောင်အလူမီနီယံနဲ့ အဖြူဆိုတော့ အရောင်သုံးမျိုး ဖြစ်သွားတာပေါ့။ ရွေှရောင်ဆိုပေမယ့် အရောင်တောက်တောက်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြင်နေကျပုံစံကနေ ခွဲထွက်ပြီး Appleချစ်သူတွေ အတွက် iPhoneကို တစ်ခေတ်ဆန်းသစ် စေမှာပဲ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် ရွေှရောင် အိုင်ဖုန်းရဲ့ ဓာတ်ပုံတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *