News

Galaxy S4 အလုံးပေါင်း သန်း လေးဆယ် ရောင်းချပြီးကြောင်း Samsung ကြေညာ

ဒီနှစ်အစောပိုင်းမှာစတင် ရောင်းချခဲ့တဲ့ Samsung Galaxy S4 ဟာ အခုဆိုရင် သန်း လေးဆယ်ရောင်းချခဲ့ပြီး ဖြစ်ကြောင်း CEO JK Shin ကပြောကြားပါတယ်။ စတင်ရောင်းချတဲ့ရက်ကနေ နှစ်လအတွင်းမှာပဲ သန်းနှစ်ဆယ် ရောင်းချရတာပါလို့ဆက်ပြောပါတယ်။နောက်ထပ်သုံးလအကြာမှာ သန်းလေးဆယ်အထိတိုးတက်လာတာဖြစ်ပါတယ်။

Galaxy S4 ရဲ့အရင်မျိုးဆက်ဖြစ်တဲ့ Galaxy S3 စတင်ရောင်းချခဲ့တဲ့ 2012 ခုနှစ်မှာ သန်းသုံးဆယ်ရောင်းချခဲ့ရပြီး တစ်ခြား Manufacturer တွေရဲ့ဘယ်ဖုန်းမှ S3 ရဲ့ရောင်းအားကိုလိုက်မမှီခဲ့ပါဘူး။  မကြာမီမှာ ဈေး၀ယ်ရာသီရောက်လာတော့မှာမို့  Samsung Galaxy S4 ရဲ့ရောင်းအားဟာ ဒီနှစ်အကုန်မှာ သန်း ငါးဆယ်ကိုကျော်လွန်သွားနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *