Cameras, News, Review

ပျော်ရွှင်စရာ အမှတ်တရအချိန်များကို အမြဲတမ်းအမှတ်ရ သိမ်းဆည်းထားနိုင်ဖို့အတွက် FujiFilmInstax Mini Camera

FujiFilmInstax Mini Camera

ချစ်သူများနေ့ကဲ့သို့ ပျော်ရွှင်စရာ အမှတ်တရအချိန်များကို အမြဲတမ်းအမှတ်ရ သိမ်းဆည်းထားနိုင်ဖို့အတွက်  FujiFilmInstax Mini Camera တွေပဲဖြစ်ပါတယ်။ FujiFilmရဲ့ Instax Mini Camera တွေဟာ အခုရိုက် အခုဓါတ်ပုံထွက်လာပြီး ၃ မိနစ် လောက် စောင့်လိုက်ရုံနဲ့ အရည်သွေး အရောင်အဆင်းကောင်းမွန်တဲ့ အမှတ်တရဓါတ်ပုံများ ချက်ချင်းရယူနိုင်မယ့် Polarized Camera အမျိုးအစားတွေ ပဲဖြစ်ပါတယ်။ ရရှိလာတဲ့ Polarized ဓါတ်ပုံတွေကို အမှတ်တရ Dairy/Photo စာအုပ်များတွင် သိမ်းဆည်းခြင်း ၊ အသုံးအဆောင် ပစ္စည်းအလှဆင်ခြင်း ၊ အခန်းအလှဆင်ခြင်း စတာတွေမှာ အသုံးပြုနိုင်သလို အခြားအမှတ် တရလက်ဆောင်တွေ ပေးတဲ့အခါတွေမှာလဲ အတူတွဲပြီးပေးနိုင်မှာ ဖြစ်တဲ့အတွက် အမှတ်တရ ပိုဖြစ်စေမှာ ဖြစ်ပါတယ်။

FujiFilmInstax Mini Camera 8, 25 နှင့် 50s ဆိုပြီး Model အမျိုးအစား (၃) မျိုးဟူ၍ ဈေးကွက်ထဲတွင် ရောင်းချ ပေးလျက်ရှိပါတယ်။ ချစ်စရာကောင်းတဲ့ ဒီဇိုင်း နှင့်အတူ အဖြူ ၊ ပန်းရောင် ၊ အပြာ ၊ အဝါ နှင့် အနက်စတဲ့ အရောင် (၅) မျိုးနဲ့ Instax Mini 8 Model က ဓါတ်ပုံရိုက်တဲ့ အခါမှာလိုအပ်တဲ့ အလင်းရောင်ကိုအလိုအလျောက် ချိန်ညှိပေးမှာ ဖြစ်သလို Outdoor/ Indoor ၂ မျိုးလုံးမှာ အသုံးပြုရိုက်နိုင်မယ့် Instax Camera ဖြစ်ပါတယ် ။ Instax Mini 25 Model ကတော့ အဖြူရောင် နှစ်လိုဖွယ် ဒီဇိုင်းနဲ့ ဖြစ်ပြီး Mini 8 ထက် ဘာထူးလဲဆိုတော့ 35 cm အကွာအဝေးအတွင်းရှိ ပုံကိုအကြီးချဲ့ ရိုက်နိုင်မယ့် Close_Up Lens ပါဝင်လာပြီး Selfieပုံတွေ ရိုက်တဲ့အခါမှာ အဆင်ပြေစေမယ့် Self-snap မှန်ကိုလည်း ထည့်သွင်းထားခြင်းကြောင့် Selfie ဝါသနာရှင်တွေ ပိုအကြိုက်တွေ့စေမယ့် Instax Camera အမျိုးအစား ဖြစ်ပါတယ်။

နောက် Model တစ်မျိုးဖြစ်တဲ့ Mini 50s ကတော့ စွဲဆောင်မှုရှိတဲ့ Classic Camera ဒီဇိုင်းနဲ့အတူ အဖြူ နှင့် အနက် အရောင် (၂) မျိုး ရွေးချယ်နိုင်ပါတယ် ။ Mini 8 နှင့် Mini 25 Feature တွေလိုမျိုး Auto Flash နှင့် Close Up Lens ပါဝင်ပြီး အချိန်ကိုက်ရိုက်နိုင်ဖို့အတွက် Self-Timer ပါဝင်ပါတယ် ။ Instax Mini 8, 25 နှင့် 50s Camera တွေ အားလုံး ဟာအလေးချိန် 365g သာသာသာရှိတာကြောင့် ဘယ်သွားသွား အလွယ်အတကူ သယ်ယူသွားနိုင်မယ့် Portable Camera တွေပဲဖြစ်ပါတယ် ။ ဓါတ်ခဲထည့်သွင်းပြီးအသုံးပြုရတဲ့ Camera ဖြစ်တဲ့အတွက် အားနည်း ၊ အားကုန် ဖြစ်ရတာတွေကို စိတ်ပူ စရာမလိုပါဘူး။ မိမိကိုယ်တိုင် အမှတ်တရဓါတ်ပုံတွေ ရိုက်ကူးဖို့ အတွက်ပဲဖြစ်ဖြစ် ၊ မိမိချစ်ခင်မြတ်နိုးသူကို အမှတ်တရ လက်ဆောင်ပေးချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေသင့်လျော်တဲ့ Fujifilm Instax Mini Camera များကို အမြို့မြို့ အနယ်နယ်ရှိ KMD Sales Centre ကြီးများတွင် Mini 8ကို ဈေးနှုန်း ၈၁,ဝ၀ဝ ကျပ် ၊ Mini 25 ကိုဈေးနှုန်း ၉၈,ဝ၀ဝ ကျပ် နှင့် Mini 50s ကိုဈေးနှုန်း ၁၀၅,ဝ၀ဝ ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ် ။ Instax Camera နှင့် တွဲဖက် အသုံးပြုတဲ့ Film ၁ ဗူး (Film အခု ၂၀ ပါ) ကိုဈေးနှုန်း၁၄,ဝ၀ဝ ကျပ်နှင့် ဒီဇိုင်းဆန်းနှင့် အရောင်သွေးစုံဘောင်နှင့် Film ၁၀ ခုပါ Flimတစ်ဗူးကို ဈေးနှုန်း၁၀,ဝ၀ဝ ကျပ်နှင့် ဝယ်ယူနိုင်ပါတယ်။ FujiFilmInstax Mini Camera များ နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါကဖုန်း KMD 01-245-180 , 01-241-196, 01-381-129 , 01-381-035သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *