Synfig လို့ အသိများတဲ့ Synfig Studio ဆော့ဖ်ဝဲကိုလည်း အခမဲ့ သုံးနိုင်ပါတယ်။ Open Source 2D vector graphics အမျိုးအစားဖြစ်ပြီး timeline အခြေခံ ကွန်ပျူတာ လှုပ်ရှားသက်ဝင် (animation program) လည်း ဖြစ်ပါတယ်။ Robert Quattlebaum က ရေးသားတည်ဆောက်ပြီး Adrian Bentley မှ ထုတ်လုပ်ပါတယ်။ Synfig သည် မူလက Voria Studios သည် ယခုအခါ မရှိတော့ပါ။ ၂၀ဝ၅ ခုနှစ်မှာ Open Source ဆော့ဖ်ဝဲအဖြစ် GNU General Public License ခွင့်ပြုချက်အရ အခမဲ့ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ Synfig Studio 0.63.00 ကို http://www.synfig.org/cms/en/download/ ဆိုက်ကနေ download ချယူပါတယ်။ ဖိုင်အရွယ်အစား 30MB နီးပါး ဖြစ်တာ တွေ့ရပါတယ်။ Source Code တွေလည်း ပေးပါသေးတယ်။ လေ့လာကြည့်ပါဦး။
Flash ကို အစားထိုးသုံးနိုင်တဲ့ Synfig

17
Jan