News

ပုဂ္ဂလိက သတင်းစာ ငါးစောင် ထပ်မံ ထုတ်ဝေခွင့် ရရှိ

Privately NewsPaper

ပုဂ္ဂလိက သတင်းစာ ငါးစောင်အား ဇူလိုင် ၁ရက်နေ့တွင် ထပ်မံ ထုတ်ဝေခွင့်ပြုလိုက်ကြောင်း သိရသည်။ ယင်းသို့ ထုတ်ဝေ ခွင့်ပြုလိုက်သော သတင်းစာ ငါးစောင်မှာ People Net Daily၊ မြန်မာသဝဏ်နေ့စဉ်၊ မြန်မာဝတီနေ့စဉ်၊ မြန်မာနေ့စဉ်၊ Victory နေ့စဉ်တို့ ဖြစ်သည်။ သို့ဖြစ်၍ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ၊ ကြီးကြပ်မှု ဗဟိုအဖွဲ့က ထုတ်ဝေခွင့်ပြုထားသည့် သတင်းစာ စုစုပေါင်း ၂၆စောင် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိနေ့စဉ် ထုတ်ဝေလျက်ရှိသော ပုဂ္ဂလိက သတင်းစာများမှာ The Daily Eleven၊ The Voice Daily၊ 7 Day Daily၊ စံတော်ချိန်၊ The Yangon Times၊ The Messenger၊ Mizzima၊ ရွေှနိုင်ငံသစ်၊ ပြည်ထောင်စု နေ့စဉ်၊ အင်ပါယာ၊ ပြည်မြန်မာ၊ The News Week Dailyစသည့် သတင်းစာများသာ ထုတ်ဝေလျက် ရှိကြောင်း တွေ့ရသည်။ ပုဂ္ဂလိက သတင်းစာများ အနေဖြင့် ထုတ်ဝေခွင့်ပြုထားသော်လည်း အစိုးရ သတင်းများနှင့် ပတ်သက်၍ အတည်ပြုချက် ရယူရန် အခက်အခဲများ ရှိကြကြောင်း၊ သတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ပုဂ္ဂလိက သတင်းစာ ငါးစောင် ထပ်မံ ထုတ်ဝေခွင့် ရရှိ

  1. ei hnin phyo says:

    သတင်းစာအသစ်တွေထပ်ထွက်တာတော့ကောင်းပါတယ် ဒါပေမယ့်မြန်မာပြည်မှာကစာဖတ်ပရိတ်သတ်ကတော်တော်နည်းတော့အစဉ်ပြေပါ့မလားမသိဘူးနော်

Leave a Reply

Your email address will not be published. Required fields are marked *