News

ကုလသမဂ္ဂ၏ ပထမဆုံး လူမှုအကူယာဉ်တန်း ကချင်ဒုက္ခသည်များထံ ရောက်ရှိ

ကုလသမဂ္ဂ၏ ပထမဆုံး အထောက်အကူပေးသည့် ယာဉ်တန်းသည် ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များထံသို့ ရောက်ရှိသွားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။ ၂နှစ်အတွင်း ပထမဆုံး အကူပစ္စည်းများကို ပို့ဆောင်နိုင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

ကုလသမဂ္ဂ အေဂျင်စီများနှင့် အထောက်အပံ့ပြု အဖွဲ့အစည်းများ၏ ဆေး၊ အစားအစာနှင့် အခြား အကူပစ္စည်းများကို လိုင်ဇာမြို့၊ ေ၀ချိုင် ဒုက္ခသည်စခန်းမှ လူပေါင်းလေးထောင်ကျော်အတွက် ပေးအပ်ခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှစ၍ ယခုပထမဆုံးအကြိမ် သယ်ယူပို့ပေးနိုင်ခြင်း ဖြစ်ကြောင်း လူသားချင်း စာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ရုံး OCHA၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျင်းလတ်ကေက ပြောသည်။

အစိုးရ ထိန်းချူပ်မှုအောက်တွင် ရှိမနေသည့် ဒေသများမှ လူပေါင်းငါးသောင်းသုံးထောင် အတွက်လည်း အလားတူ အကူအညီများ လိုအပ် နေကြောင်း ၄င်းက ဂျနီဗာမြို့တွင် ပြောဆိုသည်ဟု သိရသည်။ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ ၄င်းတို့၏ အကူအဖွဲ့အစည်းများကလည်း ဤ ယာဉ်တန်းသည် ထပ်မံပို့ဆောင်ရမည့် အကူအညီအတွက် အရေးကြီးလှသော ပထမဆုံး ခရီးဖြစ်ကြောင်း ပြောဆိုသည်ဟု ဂျင်းလတ်ကေက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို သုံးပတ်ကြာ ထိုးစစ်ဆင်အပြီး မြန်မာအစိုးရက နှစ်ဖက် သဘောတူ အပစ်ရပ် ကြေညာခဲ့ပြီး တစ်လအကြာတွင် တရုတ်နိုင်ငံ၌ တွေ့ဆုံကြကာ တိုက်ပွဲများ လျော့ချရေးအတွက် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ကြရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *