Opinion

နည်းပညာတိုးတက်ခြင်းနဲ့ မိသားစုဆက်ဆံရေး

အမေရိကအပါအ၀င် ကမ္ဘာ့နိုင်ငံတော်တော်များများမှ ဆယ်ကျော်သက်လူငယ်အများစုဟာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် တစ်ခုခုလုပ်ကြပါတယ်။ ၎င်းတို့ရဲ့ Smartphone ကို အလုပ်ခွင်ထဲမှာ ကိုယ်နှင့်မကွာထားကြပြီး မိဘ (သို့) အုပ်ထိန်းသူနှင့် အဆက်အသွယ်မပြတ်ပဲ ရှိကြပါတယ်။ နေ့စဉ် ရာသီဥတုအကြောင်းမှစပြီး နေ့လည်စာကို ဘာစားတဲ့အကြောင်း၊ အလုပ်ခွင်မှာ သူေဋ္ဌးက ဘာပြောတဲ့အကြောင်း စသဖြင့် Message များအပြန်အလှန်ပို့ကြပါတယ်။အမေရိက နေရာတိုင်းမှာ Internet Connection ရနေတဲ့ အချက်ကလည်း ဆယ်ကျော်သက်လူငယ်များကို Online Message များ ပိုမိုအသုံးပြုစေဖို့ အခွင့်အရေးပေးလျက်ရှိပါတယ်။

မိုဘိုင်းဖုန်းသုံးပြီး Online Chat သုံးရုံသာမက အလုပ်ခွင်ထဲမှာ ကွန်ပျူတာနဲ့ Chatting လုပ်ကြပါသတဲ့။ ဖုန်းပြောတာ၊ Voice Call ခေါ်တာ စတဲ့ Function တွေထက် အသံမထွက်ပဲ စာရိုက်ပြီး Chatting လုပ်ကြတာ ပိုပြီးနှစ်သက်ဖို့ကောင်းပါတယ်။ မိဘ၊ မိသားစု၊ ဆွေမျိုးတွေနဲ့သာမက ချစ်သူရည်းစားနဲ့ပါ စကားတွေပြောကြပါတယ်။ အမေတွေကတော့ ကိုယ့်သားသမီး အလုပ်ခွင်ထဲမှာ ဘာလုပ်နေလဲ၊ အဆင်ပြေလား စသဖြင့် သိချင်ကြမှာဖြစ်တဲ့အတွက် သားသမီးနဲ့ အဆက်အသွယ်မပြတ်တဲ့ အဆိုပါ နည်းလမ်းကို အလွန်ပဲနှစ်သက်ကြပါတယ်။ အမေရိကလို တိုးတက်ပြီး Facility တွေအပြည့်ရှိတဲ့ နိုင်ငံမှာတော့ ဒီ Service ကို ပိုမိုအသုံးပြုကြတာပေါ့။ အလုပ်ခွင်ထဲမှာ ဖုန်းပြောဖို့အဆင်မပြေတဲ့အတွက် အလုပ်လုပ်နေရင်း Chat ကြပြီး Boss လာတဲ့အခါမှာလည်း Minimize, Hide လုပ်လိုက်ရုံပဲပေါ့။ မြန်မာပြည်မှာလည်း ဒါမျိုးတွေလုပ်နေကြတာပါပဲ။

အမေ၊ အဖေ စတဲ့လူကြီးတွေက လူငယ်တွေလောက်တော့ နည်းပညာတွေအပေါ်မှာ ရူးရူးမူးမူး မစွဲလန်းကြပါဘူး။ သူတို့မှာ တစ်ခြားအာရုံစိုက်စရာ ကိစ္စတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့်တော့ ယနေ့ခေတ်မှာ လူကြီးရော လူငယ်ပါ သတင်းပလင်းအစုံလင်ဆုံး Source ဖြစ်တဲ့ Social Site တွေကို မသုံးမဖြစ် သုံးနေရပါပြီ။ ဒါဟာ ကမ္ဘာကျော်လူမှုကွန်ရက် Facebook အောင်မြင်ရခြင်းအကြောင်းပါပဲ။ Social Site တစ်ခုအနေနဲ့သာမက Chatting, Gaming, Advertising နဲ့ အမှတ်တရဓာတ်ပုံပေါင်းများစွာကို တင်ထားနိုင်ခြင်း စတဲ့ လူတကာနှစ်သက်တဲ့ Function ပေါင်းများစွာကို ရိုးရိုးရှင်းရှင်းဖွဲ့စည်းထားတာဖြစ်တဲ့အတွက် Facebook ဟာလက်ရှိမှာ အအောင်မြင်ဆုံးဖြစ်နေရတာပါ။

သူတို့နိုင်ငံမှာ မိဘနဲ့သားသမီး ဆက်ဆံရေးဟာ အရမ်းကိုပွင့်လင်းပြီး နွေးထွေးကြပါတယ်။ စိတ်ညစ်စရာရှိသည်ဖြစ်စေ၊ ပျော်စရာရှိသည်ဖြစ်စေ ခံစားချက်တွေကို မျှေ၀ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ညစ်စရာတွေ လျော့ပါးသွားသလို၊ ပျော်စရာတွေလည်း ပိုမိုတိုးပွားလာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Google Talk, Viber, Messenger စတဲ့ App တွေသုံးပြီး အများဆုံး Chat ကြပါတယ်။ မြန်မာနိုင်ငံကတော့ နေရာတိုင်းမှာ Internet Service မရသေးပေမယ့် Mobile Data နဲ့ နေရာတိုင်းမှာ သုံးနေကြတာကိုတွေ့ရပါတယ်။ အစပိုင်းကတော့ လူကြီးတွေဟာ လူငယ်တွေနဲ့လိုက်မီအောင် ကြိုးစားရင် ခေါင်းရှုပ်မယ့်အလုပ်တွေကို မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ တိုးတက်ပြောင်းလဲလာတဲ့ စနစ်တွေဟာ ဘယ်လိုအသုံး၀င်လာလဲဆိုတာ သိလာကြတဲ့အတွက် နည်းပညာတွေရဲ့ Supporting တွေကောင်းမွန်မှုကို လက်ခံလာကြပါတယ်။

ယနေ့ခေတ်မှာ လူငယ်အားလုံးနီးပါး App တွေအစုံသုံးလို့ရတဲ့ Smartphone တွေကိုင်လာပြီဖြစ်တဲ့အတွက် ဘယ်နေရာကိုရောက်ရောက် မိဘ၊ ဆွေမျိုး၊ အုပ်ထိန်းသူတွေနဲ့ အတူရှိနေသလိုခံစားရမှာပါ။ ချစ်သူရည်းစားတွေအတွက်လည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံမှာလည်း အထင်ကရနေရာတိုင်း Internet Access ရပြီး လူတွေအားလုံး နည်းပညာ Service တွေကို တွင်တွင်ကျယ်ကျယ်သုံးကြမယ်ဆိုရင်တော့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်ပြီး အများကြီးအကျိုးရှိစေမှာပဲဖြစ်ပါတယ်။

Source: http://online.wsj.com/article/SB10001424127887324354704578636391784495074.html?mod=rss_mobile_uber_feed_asia

Leave a Reply

Your email address will not be published. Required fields are marked *