News

Facebookဟက်တဲ့လူ ဆုချီးမြှင့်ခံရ

၎င်းတွေ့ရှိထားတဲ့ Bugတစ်ခုအား အာရုံစိုက်စေရန် Facebookတည်ထောင်သူ မာ့က်ဇူကာဘက်ရဲ့ Timelineထဲကို ဖောက်ထွင်း၀င်ရောက် ခဲ့တဲ့ Mr.Khalil Shreatehဆိုတဲ့ Hackerကတော့ အနည်းဆုံး အမေရိကန် ဒေါ်လာ တစ်သောင်းတစ်ထောင်ခန့် ဆုကြေးငွေ ရရှိတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့် Facebookက ပေးတာတော့ မဟုတ်ပါဘူး။ “GoFundMe Campaign”ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ပေးအပ်တာဖြစ်ပြီး စတင်မတည်ငွေ ဒေါ်လာ တစ်သောင်းကနေ တစ်ရက်အတွင်းမှာ တစ်သောင်းတစ်ထောင်ကျော် ဖြစ်သွားတာပါ။ လက်ရှိအချိန်အထိတော့ ဆုချီးမြှင့်သူ ၁၉၉ယောက်ရဲ့ ထည့်၀င်ငွေတွေ ပေါင်းရင် ၁၁၃၀၅ဒေါ်လာ ဖြစ်နေပြီလို့ ဆိုပါတယ်။ Facebookက အဆိုပါ Hackerကို ဆုချီးမြှင့်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် BeyondTrustလုံခြုံရေး လုပ်ငန်းရဲ့ နည်းပညာဆိုင်ရာအကြီးအကဲ ဖြစ်သူ Mr.Marc Maiffertက အဆိုပါ အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုလုပ်ခြင်းဟာ ကိုယ့်အားကိုယ်ကိုးနေတဲ့ သုတေသီတွေရဲ့ အရေးပါမှုကို ပိုမိုသဘောပေါက်ကြ စေရန်ဖြစ်ပြီး နည်းပညာကုမ္ပဏီကြီးတွေဟာ တစ်ခါတစ်ရံ မှားယွင်းမှုတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ အချက်ကို သတိထားမိ ကြစေရန်လည်း ဖြစ်ပါတယ်။ ကျွနု်ပ်တို့ဟာ ပိုမိုတိုးတက်လာမယ့် အင်တာနက် ဆက်သွယ်မှုအတွက် Khalil Shreatehကို တစ်ရက်အတွင်း ဒေါ်လာတစ်သောင်းကျော် ပေးအပ်ချီးမြှင့်လိုက်ခြင်း ကိုလည်း ဘယ်တော့မှ မမေ့နိုင်စရာ အဖြစ် အမှတ်ရနေမှာပါ”ဟူ၍ ၎င်းကပြောကြား ခဲ့ပါတယ်။

Hackerတစ်ဦး ဖြစ်တဲ့ Schreathဟာ ပြီးခဲ့တဲ့ အပတ်က တစ်စုံတစ်ယောက်ရဲ့ Facebook Timelineပေါ်ကို သူငယ်ချင်းဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဘယ်သူမဆို လာရောက် Postတင်နိုင်ဖို့ ခွင့်ပြုပေးထားတဲ့ ချို့ယွင်းချက် တစ်ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Schreathဟာ အဲဒီ ချို့ယွင်းချက်ကို တွေ့ရှိပြီးတဲ့နောက် Facebookရဲ့ အားနည်းချက်ကို ကျွမ်းကျင်သူတွေ ထောက်ပြနိုင်ဖို့ ဖန်တီးပေးထားတဲ့ “Whitehat Disclosure Program”ကို အသုံးပြုပြီး ကုမ္ပဏီကို သိရှိစေရန် အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် မြောက်မြားလှစွာသော Facebookရဲ့ နည်းပညာလုံခြုံရေး အင်ဂျင်နီယာတွေဟာ သူ့ရဲ့ Reportတွေကို အလေးထားပြီး အာရုံစိုက်ခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ Schreathလည်း Facebook CEO ဇူကာဘက်ရဲ့ Timelineပေါ်ကို သွားပြီး Postတင်လိုက်ပါ တော့တယ်။

Facebookအနေနဲ့ ကတော့ သူဒီလို လုပ်လိုက်ခြင်းဟာ “သုတေသီတွေအနေနဲ့ ချို့ယွင်းချက်တွေကို လက်ရှိအသုံးပြု နေတဲ့လူတွေရဲ့ Profileပေါ်တင်ပြီး စမ်းသပ်ခြင်းမပြုရဘူး” ဆိုတဲ့ Facebookရဲ့ Whitehat Programစည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်လိုက်တာပဲ လို့ဆုံးဖြတ်ခဲ့ပါတယ်။ Facebookရဲ့ နည်းပညာလုံခြုံရေး အကြီးအကဲဖြစ်သူ Joe Sullivanကလည်း ကျွနု်ပ်တို့ဟာ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ရှာဖွေတွေ့ရှိနေတဲ့ သုတေသီတွေအတွက် ဆုချီးမြှင့်ဖို့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ပေမယ့် ဒီလိုမျိုး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး လုပ်တဲ့ လုပ်ရပ်ကတော့ လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောကြားခဲ့ပါတယ်။

Facebookက အခုလိုမျိုး ငြင်းဆိုလိုက်တာကလည်း Hacker Shreatehအတွက် အကျိုးဖြစ်ထွန်းစေဖို့ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Facebookရဲ့ ကြေညာချက်တစ်ခုအရ ချို့ယွင်းချက် ကြီးကြီးမားမားတွေကို တွေ့ရှိတဲ့ သုတေသီတွေ အတွက် အများဆုံးဆုကြေးငွေက ဒေါ်လာနှစ်သောင်း ဖြစ်ပြီး အနည်းဆုံး ဆုချတာကတော့ ဒေါ်လာ ၅၀၀သာ ဖြစ်ပါတယ်။ ဆုချီးမြှင့်တဲ့ GoFundMe Pageမှာတော့ Hacker Shreatehကို အားပေးထောက်ခံပြီး ဆုငွေချတဲ့ လူတွေအများအပြားပဲ ပေါ်ထွက်ခဲ့ပါတယ်။ GoFundMe အစီအစဉ်ကို ဦးဆောင်လုပ်နေတဲ့ Mr.Marc Maiffretကတော့ အခုရန်ပုံငွေတွေကို Shreatehကို လွှဲပေးပြီးရင် ဒါမျိုးတွေ ဆက်မလုပ်တော့ဘူးလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *