သင့် ကလေးကို ပညာသင်ကြားရာမှာ အခက်အခဲ ဖြစ်နေလား? သင့်ကလေးဟာ Zombiesတွေကို သတ်ရတဲ့ ဂိမ်းပဲ ဆော့ချင်မှာဖြစ်ပြီး သင်္ချာလေ့လာလို့ရတဲ့ Math Appကို ဆော့ချင်မှာ မဟုတ်တာ သေချာပါတယ်။ အဲဒီအကြောင်းကိုသိတဲ့ App Developerတွေက Entertainmentနဲ့ Educationကို ပေါင်းစပ်ပြီး Edutainment Appsတွေကို တီထွင်ထားပါတယ်။ Google, Apple Store နှစ်ခုလုံးမှာ Educationနဲ့ ပတ်သက်ပြီး သီးသန့်ကဏ္ဍ႑တွေ ခွဲခြားထားပြီး ရှာဖွေ အသုံးပြုနိုင်ပါတယ်။ iTunes App Storeက Education ကဏ္ဍမှာ ဖော်ပြထားတဲ့ Appsတွေကို အောက်က ပုံမှာကြည့်ပါ။
ဒါပေမယ့် အဲဒီ App Storeမှာ တကယ်ကောင်းမွန်ပြီး သင့်ကလေးနဲ့ အသင့်တော်ဆုံးဖြစ်မယ့် Educational Appsတွေကို ရှာရတာ သိပ်မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်ကလေးရဲ့ အသက်အရွယ် အပိုင်းအခြားအလိုက် ရှာလို့မရသလို၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက်လည်း ရှာလို့ မရပါဘူး။ နောက်ပြီး ပညာရေး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် တွေကိုလည်း မတွေ့ရပါဘူး။ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Educational Appsတွေကိုပဲ သီးသန့်တင်ထားတဲ့ App Storeတွေ ရှိပါတယ်။
For: iOS
KinderTownမှာ အသက် (၃)နှစ်မှ (၈)နှစ်အကြား ကလေးတွေ အတွက် Educational Appsတွေကို ရွေးချယ်ထားပြီး အဲဒီ Appsတွေကို ပညာရေး ကျွမ်းကျင်သူတွေ၊ မိဘတွေ၊ ကလေးတွေက ရွေးချယ် ပေးထားတာလို့ KinderTownက ပြောပါတယ်။ Appsတွေကို ကလေးတွေ အသုံးပြုရ လွယ်ကူမှု၊ ပညာရေးမှာ အထောက်အကူ ပြုမှုတွေပေါ်မှာ မူတည်ပြီး ရွေးချယ် ထားပါတယ်။
KinderTown Appကိုလည်း iPhone, iPad, or iPod Touchမှာ အင်စတောလုပ်ပြီး သုံးနိုင်ပါတယ်။ KinderTown Appက Educational Appsတွေကိုပဲ သီးသန့် ရွေးချယ်ထားတဲ့ iTunes App Storeရဲ့ Special Versionတစ်ခုလည်း ဖြစ်ပါတယ်။ Appsတွေကို ဒေါင်းလုပ်လုပ်ရင်တော့ iTunes Storeကိုပဲ ရောက်ရှိသွားမှာဖြစ်ပြီး iTunesကနေပဲ ဒေါင်းလုပ် လုပ်ရမှာပါ။ KinderTown၀က်ဆိုက်မှာ Apps တွေကို Subject, Age, Device, and Price အလိုက် ရှာဖွေနိုင်ပါတယ်။ အခမဲ့ Appsတွေလည်း ရှိပါတယ်။ iOSအတွက်လို့ ပြောခဲ့ပေမယ့် Appsတော်တော် များများဟာ Androidအတွက်လည်း Versionတွေရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် KinderTownမှာတော့ Play Store Linkကို မပေးထားဘဲ Play Storeမှာ ကိုယ်တိုင် ရှာရမှာပါ။
For: iOS
appoLearningကလည်း Educational Appsတွေကို စုစည်းထားတဲ့ ၀က်ဆိုက်တစ်ခုဖြစ်ပြီး
Appolicious ၀က်ဆိုက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ appoLearningမှာ ဆရာ၊ ဆရာမတွေ၊ မိဘတွေ၊ ကျွမ်းကျင်သူတွေက ရွေးချယ်ထားတဲ့ Appsတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ပညာရေး အထောက်အကူပြုမှု၊ ကလေးတွေ အကြိုက်တွေ့မှု၊ ဒီဇိုင်း၊ ဈေးနှုန်း၊ လုံခြုံမှု စတာတွေပေါ် မူတည်ပြီး Rateလုပ်ထားတာ ဖြစ်ပါတယ်။ Early Learning, Elementary School, Middle School, and High Schoolစသဖြင့် အသက်အရွယ် အပိုင်းအခြားအလိုက် Groupလေးခု ခွဲခြားထားပါတယ်။ Groupတွေကို Tabအနေနဲ့ ဖော်ပြထားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် Apps တွေကို ရှာဖွေနိုင်ပါတယ်။ Appsတွေကို အမှတ်တွေနဲ့ အဆင့် သတ်မှတ်ထားပြီး အများဆုံးကတော့ 100ဖြစ်ပါတယ်။ Appတစ်ခုချင်းစီရဲ့ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်တွေကို အကျဉ်းချုပ် ရေးသားထားတဲ့ Reviewတွေကို ဖတ်နိုင်ပြီး Record Cardကို ကြည့်ပြီးလည်း သီးသန့် အချက်အလက်တွေရဲ့ Ratingတွေကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် အကြံပြုချက်တွေကိုလည်း ဖတ်နိုင်ပါတယ်။ appoLearningကတော့ ကိုယ်ပိုင် Appမရှိဘဲ ၀က်ဆိုက်ကိုပဲ အသုံးပြုရမှာပါ။
For: iOS,Android
YogiPlayက အသက် (၃)နှစ် ကနေ (၈)နှစ်အကြား ကလေးတွေ အတွက် Appsတွေကို ရွေးချယ် ဖော်ပြ ပေးထားပါတယ်။ မိဘအနေနဲ့ အကောင့်တစ်ခု ပြုလုပ်နိုင်ပြီး ကလေးတွေအတွက် သက်ဆိုင်ရာ Appတွေကို ရွေးချယ်ဖော်ပြ ပေးပါလိမ့်မယ်။ YogiPlayကို ကိုယ်တိုင်လည်း မိဘဖြစ်ပြီး Stanfordကျောင်းထွက် လင်မယားနှစ်ယောက်က စတင် တည်ထောင်ထားတာ ဖြစ်ပါတယ်။ တစ်ခြား Serviceတွေနဲ့ မတူတဲ့အချက်က YogiMeterပါရှိပြီး Appsတွေကို ပညာရေးအပေါ် အထောက်အကူပြုမှုအပေါ် မူတည်ပြီး အမှတ်တွေ ပေးထားပါတယ်။ ဒါ့အပြင် “Boosted Apps”တွေလည်းရှိပြီး မိဘတွေက ကလေးရဲ့ အသုံးပြုမှု၊ ကလေး ကြိုက်နှစ်သက်တဲ့ Appsတွေ၊ ကလေးတွေရဲ့ တိုးတက်မှုတွေ စတာတွေကို စောင့်ကြည့် သိရှိနိုင်ပါတယ်။