News

Facebookရဲ့ တစ်ကမ္ဘာလုံး အင်တာနက်သုံးနိုင်ရေး စီမံကိန်း

လူမှုကွန်ရက် Facebookရဲ့ တည်ထောင်သူလည်းဖြစ်၊ CEOလည်း ဖြစ်တဲ့ မာ့က်ဇူကာဘက် တစ်ယောက်ကတော့ Internet.orgဆိုတဲ့ ကမ္ဘာပေါ်က လူသားတွေအားလုံးကို အင်တာနက်ပေါ် ဆွဲခေါ်သွားမယ့် အစီအစဉ်တစ်ခု ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ လူဦးရေ သန်းပေါင်း ခုနစ်ထောင်ရှိတဲ့ထဲက သန်းသုံးထောင်နီးပါးသာ အင်တာနက်ကို အသုံးပြုနိုင်ကြတယ်လို့ သိရှိရပြီး Internet.orgစီမံကိန်းဟာ ကျန်ရှိတဲ့ ကမ္ဘာ့ပြည်သူပြည်သားတွေကိုပါ အင်တာနက်ပေါ် ပို့ဆောင်ပေးမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းအတွက် ပါတနာကုမ္ပဏီတွေကတော့ Facebookအပါအ၀င် Ericsson, MediaTek, Nokia, Opera, Qualcommနဲ့ Samsungတို့ပဲ ဖြစ်ပြီး ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကတော့ အင်တာနက်ကို အဆင်ပြေ လွယ်ကူစွာ သုံးနိုင်ပြီး စီးပွားရေးလုပ်ငန်း အသစ်တွေနဲ့ Internet Accessတွေကို မောင်းနှင်ပေးမယ့် ၀န်ဆောင်မှု အသစ်တွေပါ ပေါ်ထွန်းလာစေရန် ဖြစ်ပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဗဟုသုတတွေ ရှာဖွေဖို့၊ အင်တာနက်ကို ချိတ်ဆက်ဖို့ အတားအဆီးတွေ ရှိနေဆဲပါ။ ကျွနု်ပ်တို့ရဲ့ Internet.org အစီအစဉ်ဟာ တစ်ကမ္ဘာလုံးက ပါတနာတွေနဲ့ ပူးပေါင်းပြီး အဲဒီလို အတားအဆီး၊ စိန်ခေါ်မှုတွေကို အနိုင်ယူသွားမှာ ဖြစ်ပါတယ်။ အင်တာနက်မရရှိတဲ့၊ အင်တာနက် မသုံးနိုင်တဲ့လူတွေ အတွက်လည်း အင်တာနက်သုံးနိုင်အောင် တစ်ခါတည်း စီစဉ်ပေးသွားမှာဖြစ်တယ်”လို့ ဇူကာဘက်က တရား၀င်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ အဆိုပါ အစီအစဉ်နဲ့ စပ်လျဉ်းပြီး “လက်ရှိ Facebookအသုံးပြု နေတဲ့လူတွေဟာ Facebookမသုံးတဲ့ တစ်ခြားလူတွေထက် စီးပွားရေးပိုကောင်းကြတာ ဖြစ်လို့ ကျွနု်ပ်တို့အနေနဲ့ ကမ္ဘာပေါ်က အင်တာနက်မသုံးတဲ့ အခြားပုဂ္ဂိုလ်တွေကို အချိန်တွေ အကြာကြီးယူပြီး ရှာဖွေခြင်းဟာ သိပ်တော့ အကျိုးအမြတ်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ဖို့ ချိတ်ဆက်ထားဖို့ လိုအပ်တယ်လို့ ကျွနု်ပ်တို့ ယုံကြည်ပါတယ်”ဟု ဖော်ပြခဲ့ပါတယ်။

တကယ့် Websiteဖြစ်တဲ့ Internet.orgမှာတော့ အဆိုပါ ပရောဂျက်အတွက် ခြုံငုံသုံးသပ်ချက်နဲ့ ပါတနာတွေရဲ့ စာရင်း၊ ရည်ရွယ်ချက် စတာတွေကို ဖော်ပြထားပါတယ်။ မကြာခင်တော့ နည်းပညာခေါင်းဆောင်ကြီးကို အဆိုပါ ပရောဂျက်နဲ့ ပတ်သက်ပြီး မေးမြန်းအင်တာဗျူးထားတာတွေ ဖော်ပြပေးနိုင်ဖွယ် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *