Education, Lifestyle, News

London School of Commerce ၏ ပညာရေးဟောပြောပွဲ ဗြိတိသျှကောင်စီ (ရန်ကုန်) တွင်ပြုလုပ်မည်

Education-seminar-LSC-FB

London School of Commerce (LSC) မှ ပံ့ပိုး၍ ဗြိတိသျှကောင်စီ မြန်မာမှ စီစဉ်တင်ဆက်မည့် ပညာရေးဟောပြောပွဲတစ်ရပ်အား ရန်ကုန်မြို့ အမှတ် (၇၈)၊ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ဇူလိုင်လ ၁၇ ရက် (ကြာသပတေးနေ့) နံနက် ၁၀နာရီ မှ နေ့လည် ၁၂နာရီ အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

၎င်းဆွေးနွေးပွဲတွင် LSC ၏ Admissions Officer ဒေါ်သီရိမေမှ မြန်မာကျောင်းသားများအတွက် LSC မှပေးနိုင်သော ပညာရေးအခွင့်အလမ်းများနှင့် တက်ရောက်နိုင်သော ဘာသာရပ်များ၊ ကျောင်းဝင်ခွင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။ LSC ၏ တရားဝင်ပြည်တွင်း ကိုယ်စားလှယ် ဦးအောင်ကျော်ဆန်း (Crown Education) မှလည်း LSC တွင် တက်ရောက်လိုသည့် ကျောင်းသားများအတွက် ၎င်းမှပေးနိုင်သော အကြံဉာဏ်များ၊ ဝန်ဆောင်မှုများကို ပြောကြားသွားမည်ဖြစ်သည်။ တစ်ဦးခြင်း အသေးစိတ် သိလိုသော အချက်အလက်များကို ဟောပြောပွဲအပြီးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သည်။ ပညာသင်အောင်လက်မှတ်များကိုလည်း ယူဆောင်လာပြီး အကြံဉာဏ်တောင်းယူနိုင်သည်။

ဟောပြောပွဲမှာ မည်သူမဆိုတက်ရောက်နိုင်ပြီး http://www.myanmar-network.net/forum/topics/bc-seminar-lsc တွင် ဝင်ရောက်စာရင်းပေးနိုင်ကာ ဝင်ကြေးမှာအခမဲ့ဖြစ်သည်။

ယခုပွဲအားစီစဉ်သူ ဗြိတိသျှကောင်စီမှ ဒေါ်မြတ်လေးတင့်က ယခုကဲ့သို့ UK တက္ကသိုလ်များ၏ ပညာရေးဆွေးနွေးပွဲများကို UK တက္ကသိုလ်များ၏ မေတ္တာရပ်ခံမှုများရှိတိုင်း စီစဉ်တင်ဆက်သွားမည်ဖြစ်သည်။ နိုင်ငံခြားတွင် ပညာသင်ယူရန် ရည်ရွယ်ပြင်ဆင်နေကြသော မြန်မာကျောင်းသားများ ယခုကဲ့သို့သော ပညာရေးဆွေးနွေးပွဲများကို တက်ရောက်ခြင်းဖြင့် ကျောင်းရွေးရာတွင် သိသင့်သိထိုက်သည့် အချက်အလက်များ၊ UK တက္ကသိုလ် တစ်ခုခြင်းစီ၏ အားနည်းချက် အားသာချက်များနှင့် ကျောင်းသားများကို ပေးနိုင်သည့်အထောက်အပံ့များ၊ ပညာသင်စရိတ်ကွာခြားမှုများ အစရှိသည့်အကြောင်းအရာများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာမည်ဖြစ်ပြီး မိမိအတွက်အသင့်တော်ဆုံးဖြစ်မည့် တက္ကသိုလ်ကို လွယ်ကူစွာ ဆုံးဖြတ်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဟောပြောပွဲနှင့် ပတ်သက်၍ သိလိုသည်များကို ဗြိတိသျှကောင်စီ (ရန်ကုန်) ဖုံး ၂၅၄၆၅၈၊ ၂၅၆၂၉၀-၁ လိုင်းခွဲ ၃၃၁၁ သို့ဆက်သွယ်၍ဖြစ်စေ၊ [email protected] သို့ အီးမေးပို့၍ဖြစ်စေ မေးမြန်းနိုင်ပါသည်။

LSC ၏ ကျောင်းဝင်ခွင့်နှင့် ပတ်သက်၍ သိရှိလိုပါက ဒေါ်သီရိမေ ထံသို့ [email protected] အီးမေးဖြင့်ဆက်သွယ်နိုင်ပြီး LSC ၏ တရားဝင် ဝက်ဗ်ဆိုဒ် ဖြစ်သော www.lsclondon.co.uk တွင်လည်း အသေးစိတ်ကို ဖတ်ရှုလေ့လာနိုင်ပါသည်။

London School of Commerce တက္ကသိုလ်အကြောင်း အကျဉ်း

လန်ဒန်မြို့တွင် ကျောင်းပရိဝုဏ် သုံးခုပိုင်ဆိုင်ထားသော London School of Commerce သည် Business၊ Management နှင့် IT ဘာသာရပ်များကို ဘွဲ့လွန်အထိ သင့်တင့်သော ဈေးနှုန်းများဖြင့် သင်ကြားပို့ချပေးနေပါသည်။

LSC ၏ ပင်မကျောင်းပရိဝုဏ်သည် ကမ္ဘာ့စီးပွါးရေးအချက်အချာ အကျဆုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရောပြွန်းရာ လန်ဒန်မြို့လည်နှင့် လမ်းလျှောက်သွားလာနိုင်သည့် အကွာအဝေးတွင်ရှိ၍ ကျောင်းသားများ ပညာသင်ယူရန်သာမက အမြင်ပိုမိုကျယ်၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း ရရှိနိုင်မည်ဖြစ်သည်။

Cardiff Metropolitan တက္ကသိုလ်နှင့် ပူးပေါင်း၍ LSC တွင် အချိန်တိုတို ကျောင်းလခသက်သာစွာဖြင့် MSc နှင့် MBA ဘွဲ့များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ကျောင်းစာသင်နှစ် တစ်နှစ်တွင် ၃ ကြိမ် ကျောင်းသားလက်ခံ၍ ပထမ intake ကို မတက်ရောက်နိုင်ခဲ့လျှင်လည်း နောက်တစ်နှစ်စောင့်ရန်မလိုပဲ ဒုတိယ နှင့် တတိယ ကျောင်းအပ်လက်ခံချိန်များတွင် စာရင်းပေးသွင်းနိုင်သည်။ ABE၊ ACCA နှင့် HND များကို လက်ရှိတက်ရောက်နေသော (သို့) တက်ရောက်ဖြေဆို အောင်မြင်ပြီးသော မြန်မာကျောင်းသားများသည် LSC တွင် ဘွဲ့ကြို ဒုတိယနှစ်၊ တတိယနှစ်များနှင့် ဘွဲ့လွန်များကို တိုက်ရိုက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများလည်း ရှိသည်။

LSC သည် ယူကေနိုင်ငံတွင် သာမက နိုင်ငံအနှံ့အပြားတွင် ကျောင်းပရိဝုဏ်များ ဖွင့်လှစ်ထားရှိ၍ နိုင်ငံပေါင်း ၁၃၀မှ ကျောင်းသားကျောင်းသူ ၇၀ဝ၀ ကျော် တက်ရောက်ပြီး နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကိုပါ နှီးနှောဖလှယ်ခွင့် ရရှိမည်ဖြစ်သည်။ မြန်မာကျောင်းသားများအတွက် ကျောင်းလခ တစ်စိတ်တစ်ပိုင်းကို ပညာသင်ဆုအနေဖြင့် ပေးအပ်မည့် အခွင့်အလမ်းလည်းရှိပါသည်။

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *