News

e-Ayeyarwady Expo 2014 ပြပွဲကြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ပြည်သူတို့အတွက်
နည်းပညာအသုံးပြုလူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်လာစေရန် e-Government to e-Society အီလက်ထရွန်နစ် ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုမှသည် အီလက်ထရွန်နစ်အခြေခံ လူမှုအသိုင်းအဝန်းဆီသို့ ဦးတည်ချက်ဖြင့်e-Ayeyarwady Expo 2014 ပြပွဲကြီးကို e-Ayeyarwady နည်းပညာအဖွဲ့အစည်းက ယခုလာမည့်  ဖေဖေါ်ဝါရီလ  (၂)ရက်နေ့ မှ (၄)ရက်နေ့ အထိ ပုသိမ်မြို့၊မြို့တော်ခန်းမကြီးတွင် (၃)ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါမည်။

ပြပွဲတွင် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်မည့်အစိုးရဌာနများ၏ e-Government လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်သော၊တိုင်းဒေသတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၏ဒေသထုတ်ကုန်များကို ပြည်တွင်းပြည်ပဈေးကွက်များသို့ ချိတ်ဆက်ရောင်းချနိုင်ရန် ဆောင်ရွက်နေသည့် e-Commerce လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်သော၊ ပညာရေးကဏ္ဍတွင်တက္ကသိုလ်နှင့်အခြေခံပညာ သင်ကြားရေးတွင်  အထောက်အကူဖြစ်စေရန်ဆောင်ရွက်နေသည့်      e-Education, e-Learning များတွင်   အသုံးပြုနိုင်သော၊ ခေတ်မှီရုံးသုံးပစ္စည်းများ၊ရုံးသုံးအီလက်ထရွန်နစ်ပစ္စည်းများ၊ ကွန်ယက်ချိတ်ဆက်မှု၊ဆက်သွယ်ရေးနည်းစနစ်များနှင့် ပစ္စည်းများ၊ လုံခြုံရေးစနစ်နှင့်ပစ္စည်းများ၊ ပညာရေးသုံးကွန်ပျူတာစနစ်နှင့် ပစ္စည်းများ၊ကျန်းမာရေးသုံးကွန်ပျူတာစနစ်နှင့် ပစ္စည်းများ၊ အင်တာနက်ပေါ်မှကူးသန်းရောင်းဝယ်မှုစနစ်များနှင့် ငွေပေးချေမှုစနစ်များ၊ GPS စနစ်နှင့်ပစ္စည်းများ၊ Mobile Phone များ၊ Tablet များ၊ Smart Phone များ၊နေ့စဉ်လူမှုဘဝအတွက် အီလက်ထရွန်နစ်ပစ္စည်းများစသည့် နောက်ဆုံးထွက်ရှိသောအသုံးချဆော့ဝဲများ၊  ဝန်ဆောင်မှုများ(Software,Hardware,Service) ကို တနေရာတည်းတွင် စုစည်းပြသ ရောင်းချပေးမည် ဖြစ်ပါသည်။ ပြပွဲလာပြည်သူများအတွက် (Stage show) ဖျော်ဖြေရေးအစီအစဉ်များ၊ကံစမ်းမဲအစီအစဉ်များ၊ စားသောက်ဆိုင်များလည်း ပြပွဲဝန်းအတွင်းထားရှိပေးထားပါမည်။

ပြပွဲကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၉)နာရီတွင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ ဖေဖေါ်ဝါရီလ(၄)ရက်နေ့ အထိ (၃)ရက်တိုင်တိုင် နေ့စဉ်နံနက် (၉း၃၀)နာရီ မှ ညနေ(၇းဝ၀)နာရီအထိ ဖွင့်လှစ် ပြသသွားပါမည်။ ပြပွဲတွင် ပါဝင်ပြသလိုပါက e-Ayeyarwady Society, 2200 Sakawa street, Pathein. Ph:09-422496600/ 09-250236643 / 09-49717428 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။