Education

စီးပွားရေးဘာသာရပ်ကို စိတ်ပါဝင်စားပြီး အထူးပြု ဘာသာရပ်ရွေးချယ်ရန် ခက်ခဲနေသူများ STUDY ABROAD တွင်ဆွေးနွေးတိုင်ပင်ပြီး January (17) မတိုင်ခင် နောက်ဆုံးထား ကျောင်းလျှောက်နိုင်။

ယနေ့ခေတ်  နိုင်ငံခြားတွင် ကျောင်းတက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားတို့ ဦးစားပေး ရွေးချယ်ခြင်း ခံရသည့် ဘာသာရပ်တစ်ခု ဖြစ်သော စီးပွားရေး ဘာသာရပ်ကို စိတ်ပါဝင်စားပြီး အထူးပြု ရွေးချယ်ရန် ခက်ခဲနေသော ကျောင်းသူ၊ ကျောင်းသားတို့အတွက် STUDY ABROAD တွင် ဘာသာရပ်အလိုက် သင်ကြားရမည့် သင်ခန်းစာများကို အသေးစိတ် ဆွေးနွေးနိုင်မည် ဖြစ်သည့်အပြင် ဘာသာရပ်တစ်ခုချင်းစီ အလိုက် လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင်အခွင့်အရေးများ အကြောင်းကိုလည်း မေးမြန်း စုံစမ်းသွားနိင်မည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

အနီးစပ်ဆုံး ကျောင်းတက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့်လည်း April လ ကျောင်းဖွင့်ချိန် အမှီ တက်ရောက်နိုင်ရန် January (17) ရက်နေ့ မတိုင်ခင် ကျောင်းလျှောက်ထားနိုင်မည် ဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားတို့  စီးပွားရေး သဘောတရား  အခြေခံခိုင်မာမှု ရှိစေရန် အဓိက သင်ကြားပေးသွားမည့် Diploma in Management Studies (DMS) ကို (18) လတက်ရောက်ရမည် ဖြစ်ပြီး Modules (15) ခု သင်ယူရမည် ဖြစ်ပါသည်။

Modules (15) ခုတွင် Business Communication, Business Finance, Business Law, Business Mathematics , Business Statistics, English for Business, Financial Accounting, Information Systems for Business, Macroeconomics, Managerial Accounting , Managing Human Resources, Managing People and Organisations, Microecconomics, Operations Management, Principles of Marketing တို့ကို လေ့လာ သင်ယူနိုင်မည် ဖြစ်ပြီး Diploma ပြီးမြောက်သောအခါ မိမိတို့ စိတ်ပါဝင်စားသည့် ဘာသာရပ်အထူးပြု ဘွဲ့ဒီဂရီအတွက် ဆက်လက်တက်ရောက်သွားနိုင်မည် ဖြစ်ပါသည်။

အဆိုပါ Diploma ကို Singapore Institute of Management (SIM) တွင် လျှောက်ထားရန် အတွက် SIM ၏   Best Improving Agent Award ရရှိထားသည့် STUDY ABROAD Information Centre မှ တဆင့် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အသေးစိတ်သိနိုင်ရန် ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း – ဝ၉ ၅၁၅၁ ဝ၀၈ နှင့် ဝ၉ ၇၃ ၂၄၂၄ ဝ၄ တို့တွင် ဆက်သွယ် မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *