Title Name – Dragon Ball Z: Battle of Gods
Genre – Action
Studio – Toei Animation
Score – 4 out of 5
1986 ခုနှစ် Dragon Ball Manga ထွက်ရှိကတည်းကနေ နာမည်ကြီးခဲ့တာမှာ Dragon Ball Z ဇာတ်လမ်းတွဲသစ် ထွက်ပြီးနောက်မှာတော့ ယနေ့ထက်တိုင် လူသိအများဆုံး ကမ္ဘာကျော် Animation Series ဇာတ်လမ်းတစ်ခုဖြစ်ခဲ့တဲ့ Dragonball Zဟာ နှစ်စဉ်နှစ်တိုင်း ကုန်ပစ္စည်းသစ်၊ ဂိမ်းခွေသစ်တွေ ထွက်ပြီးသား ဇာတ်လမ်းရဲ့ Remastered Versionတွေ အစရှိသဖြင့် ပုံစံမျိုးစုံ ထွက်နေပေမည့် ရုပ်ရှင်ဇာတ်ကားသစ် မထွက်တာ 17 နှစ်တောင် ရှိပြီဖြစ်ပါတယ်။ ယခု 2013 မှာတော့ Dragon Ball Z ရုပ်ရှင်သစ် ထွက်လာပြီဖြစ်လို့ DBZ ပရိသတ်နှင့် Action ဇာတ်လမ်း ပရိသတ်အား ဝမ်းသာခဲ့ကြသလို နောက်ထက် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ယခု Dragon Ball Z ရုပ်ရှင်သစ်ဖြစ်တဲ့ Dragon Ball Z: Battle of Godsဟာ အရင်ထွက်ထားသမျှ Dragon Ball ရုပ်ရှင် 17 ခုလိုမျိုး သီးသန့် ဇာတ်လမ်းဆင်ထားတာ မဟုတ်ဘဲ မူရင်း Dragon Ball Z ဇာတ်လမ်းရဲ့ Chapters 517နှင့် 518 ကြားမှာ နေရာယူထားသလို Dragon Ball ဇာတ်လမ်း ဖန်တီးရှင် Akira Toriyama ကိုယ်တိုင် ဝင်ရောက် ဇာတ်လမ်းရေးဆွဲ ပေးထားခြင်းပဲ ဖြစ်ပါတယ်။
Dragon Ball Z: Battle of Gods ရဲ့ ဇာတ်လမ်းဟာ Buu saga အပြီးမှာ နေရာ ယူထားတဲ့အတွက် ဇာတ်လမ်းအားလုံးနီးပါး ပါဝင်ပြီးဖြစ်သလို Dragon Ball Z ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်အများစုကို Dragon Ball ပရိသတ်တွေတောင် မကဘဲ အခြား Japan Animation ဇာတ်လမ်းတွေနှင့် အနည်းငယ်လောက်ပဲ ရင်းနှီးတဲ့သူတွေတောင် သိပြီးသားဆိုတော့ Dragon Ball Z: Battle of Gods ရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို ပြန်လည် မိတ်ဆက်ပေးထားမှာတော့ မဟုတ်ပေမယ့် ပျော်စရာ ဟာသဇာတ်ဝင်ခန်းတွေ၊ စိတ်ဝင်စားဖွယ် တိုက်ခိုက်ခန်းတွေကြောင့် Dragon Ball ဇာတ်လမ်းအကြောင်း သိပ်မသိသေးတဲ့ ပရိသတ်တွေ အတွက်ပါ အဆင်ပြေမှာ ဖြစ်ပါတယ်။ ယခုဇာတ်လမ်းသစ်ထဲမှာ Gokuနှင့် အပေါင်းအဖော်များဖြင့် အဓိကရင်ဆိုင်ရမည့် ပြိုင်ဘက်ကတော့ ဂြိုဟ်နှင့် စကြာဝဠှာများကို အလွယ်တကူ ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်တဲ့ God of Destruction အမည်ရ Lord Bills ပဲဖြစ်ပါတယ်။ 39 နှစ်ကြာ အိပ်ဆက်ရာမှ နှိုးထလာတဲ့ Lord Bills ဟာ ဆိုးသွမ်းတဲ့ ဂြိုဟ်သား အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ Freeza ကို နှိမ်နှင်းနိုင်ခဲ့တဲ့ Saiyan မျိုးနွယ်ဝင် Son Goku အပေါ် စိတ်ဝင်စားမှူရရှိခဲ့ပြီး Super Saiyan တွေထက် စွမ်းတဲ့ Super Saiyan Godနှင့် တိုက်ခိုက်ခွင့်ရခဲ့တဲ့ အိပ်မက်ကြောင့် အဆိုပါ Super Saiyan Godကို အာကာသအတွင်း လိုက်ရှာပုံဖြင့် ဇာတ်လမ်း ဆင်ထားပါတယ်။ Dragon Ball Z: Battle of Gods ရဲ့ မိနစ် 80 ကျော်ကြာမြင့်တဲ့ ဇာတ်လမ်းက Lord Bills နှိုးထလာပြီး Gokuနှင့် Vegetaကဲ့သို့ Super Saiyan တို့နှင့် တွေ့ဆုံချိန်အတွင်း တစ်ရက်တည်းသာ အချိန်ယူထားတဲ့ ဇာတ်လမ်းဖြစ်ပေမယ့် ပရိသတ်ကြိုက် ဇာတ်ကောင်ပေါင်းများစွာဟာ Bulmaရဲ့ မွေးနေ့ဖြစ်လို့ Capsule Corp.မှာ ဆုံတွေ့နေချိန်ဖြစ်လို့ အရင် Dragon Ball Seriesကနေ Dragon Ball Z series အထိ ဇာတ်ကောင်ပေါင်းများစွာနှင့် ပြန်လည်ဆုံတွေ့ရမှာ ဖြစ်သလို Lord Billsနှင့် Super Saiyan တွေရဲ့ မနားတမ်း တိုက်ခိုက်မှုတွေ Form အသစ် Superpower အသစ်တွေနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
Dragon Ball Z: Battle of Godsဟာ ဇာတ်လမ်းပိုင်း ကောင်းမွန်သလို Comedyနှင့် Actionပိုင်း နောက်ခံဂီတပိုင်းတွေက DBZ ဇာတ်လမ်းတွဲတွေလိုပဲ ကြည့်ရတာ သွက်လက်နေပြီး Animation Qualityကတော့ ထင်ထားသလောက် 2013 Anime Movie အများစု အဆင့်နီးပါး မရှိတာကိုတော့ တွေ့ရပါတယ်။ ဒီအချက်က ဆိုးတဲ့အချက်လို့တော့ ပြောလို့မရပေမယ့် ရုံဝင်ငွေ အများကြီး ရမှာသေချာပြီး Narutoတို့ One Piece တို့ထက်တောင် ပရိသတ် အင်အားပိုရှိတဲ့ Dragon Ball Z အနေနှင့်က ခု Animation quality ထက်ပိုပြီး အဆင့်မြင့်တင်နိုင်ရင်၊ ပိုလှတဲ့ 3D cell Shading နောက်ခံရှုခင်းတွေ အသုံးပြုနိုင်ရင်တော့ အမြင်ပိုင်း ပိုလှမှာ ဖြစ်ပါတယ်။ ဇာတ်ကောင် တစ်ယောက်နှင့် တစ်ယောက်ကြား ရယ်စရာ Dialogue တွေ၊ သွက်လက်တဲ့ Action ခန်းတွေကတော့ DBZ Series ရဲ့ အထာအတိုင်းပဲ ကြည့်ကောင်းနေမှာဖြစ်လို့ မူရင်း Dragon Ball Z ပရိသတ်တွေ အနေနှင့်ကတော့ Dragon Ball Z: Battle of Gods ရုပ်ရှင်ကို မလွှတ်တန်း ကြည့်ရှုသင့်ပါတယ်။
the vegeta