News

အဝေးသင်ကျောင်းသားများ စာစဉ်ကူးချနေမှု ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေး

အဝေးသင် တက္ကသိုလ် ကျောင်းသားများ အနေဖြင့် စာစဉ်ကူးချနေခြင်းများသည် ကျောင်းသား၏ ကိုယ်ပိုင်ခံယူချက်သာ ဖြစ်သောကြောင့် ယင်းကိစ္စအား ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အသိုင်းအဝိုင်းမှ သိရသည်။ အဝေးသင်ကျောင်းသားများ အနေဖြင့် ဘွဲ့ရရှိရေးကိုသာ အဓိကထားသောကြောင့် အမှန်တကယ်တတ်မြောက်ရေးကို အလေးမထားတော့ပဲ စာစဉ်ကို အလွယ်တကူ ကူးချနေခြင်းများ ဖြစ်ကြောင်း၊ ယင်းသို့ ကူးချနေခြင်းများသည် ကျောင်းသား၏ ကိုယ်ပိုင်ခံယူချက်အပေါ်တွင်သာ မူတည်သောကြောင့် ထိန်းချုပ်ရန် ခက်ခဲမှုများ ရှိနေသည်ဟုဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲက “ဒီကိစ္စတွေက ပပျောက်မှာ မဟုတ်ဘူး။ အရင်ကထက် စာရင်တော့ နည်းသွားတယ်လို့ ပြောရမယ်။ ကျောင်းသား ကိုယ်တိုင်က ဘွဲ့ရဖို့ကိုပဲ အာရုံစိုက်တယ်။ တကယ်တတ်မြောက်ချင်တဲ့ စိတ် မရှိကြဘူး။ ပြီးတော့ ဆရာနဲ့ ကျောင်းသားအချိုးက မမျှတတာရယ်။ တွေ့ရတဲ့ အချိန်က နည်းတာရယ်ကြောင့် ဆရာတို့အနေနဲ့ သူတို့ကို ထိန်းချုပ်ဖို့ ခက်ခဲတယ်။ စာစဉ်တွေကို လက်ရေးတိုက်စစ်တာ။ စာအုပ်တွေတိုက်စစ်တာ အချိန်မီ တင်ဖို့တွေကို အခုနောက်ပိုင်း ကြပ်ကြပ်မတ်မတ် လုပ်ဆောင်လာတဲ့အတွက် အရင်ကလောက် မဆိုးတော့ဘူးလို့တော့ ပြောလို့ရတယ်။ နောက်တစ်ခုက ကျောင်းသားတွေရဲ့ အလွယ်လမ်းလိုက်မှုကြောင့် ပြင်ပကနေ စာစဉ်အဖြေလွှာ စာအုပ်တွေ ရောင်းချတာတွေကြောင့်လည်း ပါတယ်”ဟု ပြောသည်။

ကျောင်းသားများ အနေဖြင့် ကျောင်းပုံနှိပ်စာအုပ်၊ Study Guideများထက် ပြင်ပမှ စာစဉ်အဖြေအသင့်ပါပြီးသား စာအုပ်များကိုသာ အားကိုးသောကြောင့် အဆိုပါ ပြင်ပစာစဉ်အဖြေလွှာ ပုံနှိပ်ထုတ်ဝေခြင်းများကို ကန့်သတ်သင့်ကြောင်း၊ တချို့ တက္ကသိုလ်ဆရာ၊ ဆရာမများက ဝေဖန် သုံးသပ်ကြသည်။
ဒဂုံတက္ကသိုလ် သမိုင်းဌာနမှ ဆရာမတစ်ဦးက ပြောပြရာတွင် “ကျောင်းသားတွေကို ကျောင်းအပ်တဲ့အခါ ပုံနှိပ်စာအုပ် ၊ Study Guideတွေ၊ မေးခွန်းပုံစံတွေက အစ အကုန်ပေးလိုက်တာ၊ ပုံနှိပ်ထဲမှာအဖြေပါပြီးသား၊ မေးခွန်းနဲ့အဖြေကို တိုက်ရှာပြီး ဖြေရုံပဲ။ အဲဒါကို ကျောင်းသားတွေက အားမထုတ်ချင်ကြဘူး။ ပြင်ပက ဖြေထားပြီးသား စာအုပ်တွေကို အလွယ်တကူ ကူးချတယ်။ ဆရာမတို့က အမှတ်ပေးစည်းမျဉ်းအတိုင်း ကိုက်ညီနေရင် ပေးရတယ်”ဟု ပြောသည်။

မြန်မာစာ အဓိကဖြင့် အဝေးသင်ဘွဲ့ရ မမေသူဝင်းက “ကျောင်းသားတိုင်းလုပ်နေတာပဲ။ ဆရာကလည်း ဘာမှ မပြောဘူး။ ပြောလို့လည်း မရဘူးလေ။ ဒီလိုပဲ သူများဆီကနေကူးချပြီး စာစဉ်တွေ တင်ကြတာ။ တစ်ချို့ကျောင်းတွေတော့ စာအုပ်တိုက်စစ်တာတွေ လုပ်နေပေမယ့် ညီမတို့ တုန်းကတော့ ဘာမှကို မစစ်ဘူး”ဟု ဆိုသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဝေးသင်တက္ကသိုလ် နှစ်ခုရှိပြီး ဌာနခွဲပေါင်း ၃၀ခန့် ရှိကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “အဝေးသင်ကျောင်းသားများ စာစဉ်ကူးချနေမှု ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေး

  1. ကူးချမှာပေါ့ဆရာဆရာမတွေကလည်းကောင်းကောင်းမှမသင်တာစာသင်ခန်းတွေကလည်းစာသင်ချင်စရာမှမကောင်းတာတွီFuck ပညာရေး

  2. Thaw Dar Win says:

    အစ ထဲကတက်အောင်မှမသင်တာ နည်းသေး

Leave a Reply

Your email address will not be published. Required fields are marked *