အများသုံး ဘိုထိုင် အိမ်သာများ သုံးရာတွင် ကျန်းမာရေး သတိပေါ့ဆမှုကြောင့် ကူးစက်မြန် ရောဂါများဖြစ်သည့် အရေပြား ရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါများ ကူးစက်မှု လွယ်ကူနိုင်ကြောင်း၊ ဆရာဝန်ကြီးများက ပြောကြားလိုက်သည်ဟု သိရသည်။ ထိုကဲ့သို့ ဘိုထိုင် အိမ်သာများ မသန့်ရှင်းခြင်းအားဖြင့် ကူးစက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊လူ့ခန္ဓာကိုယ်မှ ထွက်သော အရည်များမှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါများသည် ၎င်းအိမ်သာရေများမှ တစ်ဆင့် ကူးစက်နိုင်သည်ဟု ဆိုသည်။ “တော်ရုံတန်ရုံ ဒီက ရောဂါကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါပေမယ့် ဂရုမစိုက်ကြဘူး။ အခုက နေရာတကာ ဘိုထိုင် ဖြစ်နေပြီ။ အများသုံး အိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက ဘိုထိုင်တွေမှာဆို တစ်ခါသုံးဆီစိမ် စက္ကူတွေ သုံးကြတယ်”ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ ဝင်းထွဋ်က ပြောသည်။
အဆိုပါ ဘိုထိုင်များကို သန့်ရှင်းရေး ပြုလုပ်ပေးပါသော်လည်း ရောဂါကူးက်မှုများမှာ မြန်သည်နှင့် နှေးသည်လောက်သာ ရှိသည်ဟု သိရပြီး ယင်းကတစ်ဆင့် ကာလသားရောဂါပါ ကူးစက်နိုင်ကြောင်း သိရသည်။ “အမျိုးသားတွေက ကာလသားရောဂါ ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လည်း ဆီးလမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။ အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယား ပိုးမွှားတွေရှိတယ်ဆိုတာနဲ့ ကူးစက်နိုင်တာပဲ။ ဆေးရုံ ဆေးခန်းတွေမှာကျတော့ သူတို့က ကျန်းမာရေး မကောင်းတဲ့ လူနာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ်ဆိုတာလည်း ပိုးသတ်ဆေးသုံးကြတယ်။ အများသုံး အိမ်သာတွေမှာတော့ အမြဲတမ်း ပြုလုပ်နိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် မြန်မာအိမ်သာတွေကိုပဲ အသုံးပြုစေချင်တယ်”ဟု သွားနှင့် ခံတွင်း ရောဂါအထူးကု ဒေါက်တာစိုးထွန်းက ပြောသည်ဟု ဆိုသည်။
“အခုက ဘိုထိုင်တွေပဲ အသုံးများကြတာလေ။ ရောဂါကူးစက်မြန်တယ်ဆိုတာကိုတော့ သိကြတာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်သျှူးနဲ့ သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ။ လူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ။ ဈေးဝယ်စင်တာတွေမှာဆို ပိုဆိုးတာပေါ့”ဟု တောင်ဒဂုံနေ မနုက ပြောသည်။ လူအများစုသည် ဘိုထိုင်အိမ်သာများနှင့် ပတ်သက်၍ ကျန်းမာရေးအရ ရောဂါကူးစက်မှု မြန်သည်ကို သိသော်လည်း စိုးရိမ်မှု မရှိစွာဖြင့် အသုံးပြုလျက် ရှိကြသည်။ အကယ်၍ အများသုံး ဘိုထိုင်အိမ်သာများ အသုံးပြုမည်ဆိုလျှင် မသုံးမီ ထိုင်မည့် ကာဗာနှင့် အိမ်သာတွင်းကို ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများကို ဖြန့်ခင်း၍ ထိုင်ခြင်း ပြုလုပ်ပြီးမှ အသုံးပြုသင့်သည်ဟု သိရပါသည်။
ဤသတင်းကတော့ အများသုံး အိမ်သာတွေ ဝင်ငွေ နည်းစေမည့် သတင်းဖြစ်သည်။ ယခင်က အိမ်သာအများစုသည် ဗမာထိုင်များ ဖြစ်ကြသော်လည်း နိုင်ငံခြား ခရီးသွားများပြားလာသည်နှင့်အညီ အများသုံး အိမ်သာများကို အဆင့်မြှင့်ပြီး ဘိုထိုင်များ တပ်ဆင်လာကြသည်။ လုံခြုံရေးအရလည်း မကောင်းသဖြင့် မြေအောက် အိမ်သာများကို မြေပေါ်အိမ်သာများအဖြစ်ပြောင်းလဲပြင်ဆင်ခဲ့ကြသည်။ ကိုယ်တိုင်ပင်လျှင် ဆီးခဏခဏသွားတတ်သူဖြစ်ခြင်း၊ ဝမ်းလွယ်တတ်သူ ဖြစ်ခြင်းကြောင့် ရန်ကုန်မြို့တွင် မသွားဖူးသည့် အိမ်သာ မရှိဟု ဆိုရမည်။ ယခုကဲ့သို့ ဘိုထိုင်အိမ်သာများက ရောဂါ ကူးစက်တတ်သည်ဆိုတော့ ဆင်ခြင်ရတော့မည်။ တစ်ခါတစ်ရံလည်း အန္တရာယ်က လွယ်မထားနိုင်တော့ အပေါ်က ပြောထားသည့် နည်းလမ်းအတိုင်းပဲ သုံးရတော့မည် ဖြစ်ပေတော့သည်။
သွားတောင်မသွားရဲတော့ဘူး