Gadgets

Dell UltraSharp U2312HM

Dell-Ultrasharp-U2312HM

အားသာချက်
သူ့ရဲ့ အဓိက အားသာချက်ကတော့ UltraSharp U2312HMမှာ Userကို အကောင်းဆုံး Support လုပ်နိုင်တဲ့ နည်းပညာအသစ်တွေ ပါ၀င် ထည့်သွင်း ထားလို့ ဖြစ်ပါတယ်။ Input Port အနေနဲ့ကတော့ DVI Port, VGAနဲ့ Display Portတွေ ပါ၀င်ပါတယ်။ ပြီးတော့ USB Upstream Portနဲ့ USB Port တွေလည်း ပါ၀င်ပါသေးတယ်။ အထူးသဖြင့် USB Upstream Port ပါ၀င်တာက အားသာချက်တစ်ခု ဖြစ်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ မော်နီတာ တော်တော်များများမှာ USB Upstream Portက Built-in အနေနဲ့ ပါ၀င်လေ့မရှိဘဲ သီးသန့် ၀ယ်သုံး ရတာမို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က View Pointကို ပြောင်းလဲ အသုံးပြုနိုင်တာဖြစ်ပြီး Tilt, Swivel, Pivotနဲ့ Heightဆိုတဲ့ Setting ပြောင်းတဲ့ Optionတွေ ပါ၀င်တာ တွေ့ရပါတယ်။

အားနည်းချက်
အားနည်းချက် အနေနဲ့ကတော့ HDMI Port သီးသန့် မပါ၀င်တာ တစ်ခုကိုပဲ ပြောစရာ ရှိမှာပါ။ ဒါပေမယ့် Converter Cableကို ၀ယ်ယူသုံးစွဲမယ်ဆိုရင် အဲဒီ ပြဿနာကို လွယ်လွယ်လေးနဲ့ ဖြေရှင်းလိုက်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အမြင်ပိုင်း ရိုးရှင်းတာပါပဲ။ Dell UltraSharp U2312HMဟာ Dellရဲ့ ပင်ကိုယ်အတိုင်း ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့သာ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

Display
Displayအပိုင်းမှာ IPS Technologyကို သုံးစွဲ တည်ဆောက်ထားတာဖြစ်လို့ ပုံမှန်မော်နီတာတွေမှာ Video Response လုပ်နိုင်စွမ်းက 2 Million Secondsသာ ရှိပေမယ့် Dell Monitorကတော့ 8 Million Seconds အထိ မြန်ဆန်မှာပါ။ Display Screenက ၂၃လက်မရှိပြီး HD မြင်ကွင်းကျယ် LED အမျိုးအစား ဖြစ်ပါတယ်။ Resolution ကတော့ 1980×1080 Megapixel ဖြစ်လို့ နောက်ဆုံးထွက် မော်နီတာတွေနဲ့ ကွဲပြားမှု မရှိပါဘူး။ Display အပိုင်းကလည်း တစ်စောင်း အနေအထားနဲ့တောင်မှ ၁၇၈ ဒီဂရီအထိ ကြည်လင်တဲ့ ရုပ်ထွက်ကို ခံစား ကြည့်ရှုနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Brightness Levelက 300 Candeals Per Square Meterထိ ချိန်ညှိနိုင်မှာ ဖြစ်သလို Contrast Ratioကလည်း 1000:1 အထိ သုံးစွဲနိုင်မှာပါ။ Color ထုတ်ပေးနိုင်မှု မှာလည်း အရောင်ပေါင်း ၁၆.၇သန်းကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး Wide Color Gamutက ၈၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။

General Feature
Help and Support အပိုင်းကိုတော့ Dellက သူ့ပစ္စည်းနဲ့ ပတ်သက်ပြီး ၃နှစ်တောင် အာမခံ အပြည့် ပေးထားတာကြောင့် Customerတွေရဲ့ ထောက်ခံချက်ကိုတောင် အပြည့်အ၀ ရထားပြီးပါပြီ။ စွမ်းအင် အသုံးပြုမှုမှာလည်း 33 Wattsပဲ ရှိတာမို့ စွမ်းအင်ကို အကောင်းဆုံး ချေွတာနိုင်ပါလိမ့်မယ်။ အလေးချိန်ကတော့ ၁၄ပေါင် ရှိတာမို့ မော်ဒယ်လ်မြင့် မော်နီတာတွေထဲမှာတော့ ပေါ့ပါးတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးကွက်မှာ Dellကို အောင်မြင်မှု ရရှိစေတဲ့ နောက်တစ်ချက်ကတော့ ဈေးနှုန်း သင့်တင့်ခြင်းဖြစ်ပြီး အသွင်အပြင်ပိုင်းနဲ့ လက်တွေ့ အသုံးချမှု အပိုင်းတွေမှာ လွယ်ကူတာကြောင့် ဖြစ်ပါတယ်။ Dell UltraSharp U2312HM Monitorရဲ့ ဈေးနှုန်းက ဒေါ်လာ ၂၄၉.၉၉ ဖြစ်ပါတယ်။ ဒါကြောင့် Dell UltraSharp U2312HM Monitorဟာ ဈေးနှုန်းလည်း သင့်တော်ပြီး အားသာချက် များစွာရှိနေတာကြောင့် ဈေးကွက်ရဲ့ နံပါတ်တစ် နေရာကို ရရှိခဲ့တာဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *