How-to

‘Read Later’ Apps များကို နှိုင်းယှဉ်ကြည့်ခြင်း

Internetက ဆောင်းပါးတစ်ခုကို ဖတ်နေတဲ့အချိန် အလုပ်ပေါ်လို့ သွားလုပ်ရတော့မယ်ဆိုတဲ့ အခြေအနေမျိုး တော်တော်များများ တွေ့ကြုံဖူးမှာပါ။ အဲလို အခြေအနေမှာ အဲဒီဆောင်းပါးကို နောက်မှ ဖတ်ဖို့ သိမ်းပေးထားနိုင်တဲ့ ‘Read Later’ Appsတွေ အများကြီး ရှိပါတယ်။ ဘယ် Appက ဘယ်လို အားသာချက် အားနည်းချက် ရှိတယ်ဆိုတာ သိဖို့ လိုပါတယ်။ အဲဒီအတွက် သင့်လို အပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Appကို အသုံးပြုနိုင်ဖို ့ နှိုင်းယှဉ် သုံးသပ်ချက်တွေကို ရေးပေး လိုက်ပါတယ်။ နာမည်အကြီးဆုံး Appsသုံးခုဖြစ်တဲ့ Pocket, Instapaper, Readabilityတို့ရဲ့ Latest Versionတွေကို နှိုင်းယှဉ် သုံးသပ်မှာပါ။

Pocket (Formerly Read It Later)

Pocketက Read Later Servicesတွေထဲမှာ အရင်ဆုံး ပေါ်ပေါက်လာတာဖြစ်ပြီး စတင် ပေါ်ပေါက်စဉ်က Read It Laterလို့ နာမည် တွင်ပါတယ်။ Deviceတွေ တော်တော်များများမှာ အသုံးပြုလို့ ရနိုင်တဲ့ Appတွေရှိပြီး တစ်ခြား Appတွေနဲ့လည်း Integration ဖြစ်ပါတယ်။

Price: Free

Supported Device: Android, iOS, Chrome, Webစတဲ့ နေရာတွေမှာ သုံးဖို့ Official Appတွေ ရှိပါတယ်။ ဒါ့အပြင်Windows Phone, BlackBerry, WebOSစတာတွေ အတွက် Third Party Clientsတွေလည်း ရှိပါတယ်။

Supported Apps: တစ်ခြား Appတွေနဲ့ Integration ဖြစ်တဲ့အတွက် တစ်ခြား Appတွေကနေ ဆောင်းပါးတွေကို Pocketကို တန်းပြီး သိမ်းနိုင်ပါတယ်။ Pulse, Flipboard, The Onion, TweetBot, The Alien Blue Reddit Clientနဲ့တစ်ခြား Appတွေကို Support ပေးပါတယ်။ Firefox, Chrome, Safariတို့အတွက် Browser Extensionလည်း ရှိတဲ့အပြင် Bookmarklet ကိုလည်း သုံးနိုင်ပါတယ်။ သိမ်းချင်တဲ့ ဆောင်းပါးတွေကို Pocket Emailကို ပေးပို့ပြီးလည်း သိမ်းနိုင်ပါတယ်။ Supported Apps တွေ အားလုံးကို ဒီနေရာ ကြည့်နိုင်ပါတယ်။

Interface & Features: Pocketက အခု သုံးသပ်နှိုင်းယှဉ်နေတဲ့ Appsသုံးခုမှာ Feature အစုံလင်ဆုံးဖြစ်ပြီး အပေါ်မှာ ဖော်ပြထားတာတွေအပြင် အောက်က လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။

• ဆောင်းပါးတွေ သာမကဘဲ Embedded Videoတွေကိုပါ နောက်မှကြည့်နိုင်ဖို ့ သိမ်းနိုင်ပါတယ်။ အခြားနှစ်ခုက အဲဒီလို မလုပ်ပေးနိုင်ပါ။
• ဆောင်းပါးတွေကို အီးမေးလ် ပေးပို့နိုင်ပြီး Pocket User အချင်းချင်းလည်း ဆောင်းပါးတွေ တိုက်ရိုက်ပေးပို့ နိုင်ပါတယ်။
• ဖောင့်၊ ဖောင့်ဆိုက်၊ အရောင်တွေကိုလည်း ရွေးချယ် သုံးနိုင်ပါတယ်။
• Tile “Card” View, List Viewနှစ်မျိုး သုံးနိုင်ပါတယ်။
• ဆောင်းပါးတွေကို Tagလုပ်ပြီး သိမ်းနိုင်တဲ့အတွက် လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။

Who Should Use It: Pocketကို Devices တော်တော်များများနဲ့ တစ်ခြားသော Appsတွေမှာပါ သုံးနိုင်တာကို သိရှိနိုင်ပါပြီ။ Featuresတွေ စုံလင်ပြီး Interface ကလည်း သေသပ် ကောင်းမွန်ပါတယ်။ Browserမှာသုံးဖို့ Bookmarklet, Extension , Apps  တွေလည်း ရှိတဲ့အတွက် အကောင်းဆုံး Appအဖြစ် သတ်မှတ်ပါတယ်။

Instapaper

iOS Userတွေ ကြားမှာတော့ Instapaperက  နာမည်ကြီးဖြစ်ပြီး တစ်ခြား Platforms တွေမှာပါ သုံးနိုင်ဖို့ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ Designကိုလည်း လူကြိုက် များကြပါတယ်။ Instapaperမှာ ၀က်ဆိုက်တွေက ဆောင်းပါးတွေကို သိမ်းထားနိုင်ရုံမကဘဲ Friendsတွေ ရှာပြီး Follow လုပ်နိုင်ပါတယ်။ Editor’s Picksတွေကိုလည်း ဖတ်နိုင် သိမ်းနိုင်ပါတယ်။ Mac, iOS အတွက် အဓိက ပြုလုပ်ထားပြီး တစ်ခြား Platformsတွေ အတွက်လည်း Third Party Appsတွေ ရှိပါတယ်။

Price: iOS Appကို $3.99၊ Android Appကို $2.99နဲ့ ၀ယ်ယူသုံးစွဲရမှာ ဖြစ်ပါတယ်။ တစ်လကို တစ်ဒေါ်လာ သတ်မှတ်ထားတဲ့ သိမ်းထားတဲ့ ဆောင်းပါးအားလုံးကို ရှာပေးနိုင်တဲ့ Serviceလည်း ရှိပါတယ်။

Supported Devices: iOS, Android, Kindleစတာတွေ အတွက် Official Appတွေရှိပြီး ဆောင်းပါးတွေကို Ereaderနဲ့ဖတ်ဖို့ ePub Formatနဲ့လည်း Export လုပ်နိုင်ပါတယ်။
Supported Apps: Instapaperက Pocketလိုမျိုး တစ်ခြား Appsတွေနဲ့ Integrationမပါ ရှိပါဘူး။ iOS, Mac Appsတွေဖြစ်တဲ့ Reeder, NetNewsWire, Tweetbotစတဲ့ Appတွေကနေ Instapaper ကို သုံးလို့ ရပါတယ်။ ဆောင်းပါးတွေကို Bookmarklet, Emailပို့ပြီးလည်း သိမ်းနိုင်ပါတယ်။ Supported Appsတွေ အားလုံးကို ဒီနေရာမှာ လေ့လာပါ။

Interface & Features: လှပသေသပ်တဲ့ Interfaceရှိပြီး Feature တွေလည်း တစ်ဖြည်းဖြည်း များပြား လာပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အလုပ်တွေအပြင် အောက်က အလုပ်တွေကိုပါ လုပ်ပေး နိုင်ပါသေးတယ်။

• Font (၁၄)မျိုးနဲ့ ဖောင့်ဆိုက်မျိုးစုံကို ရွေးချယ်နိုင်ပြီး Paragraph Spacing, Line Spacing, Color Palletesတွေကို သုံးနိုင်ပါတယ်။ တစ်ခြား Appနှစ်ခုထက် Reader Interfaceကို Customizeလုပ်ဖို့ ရွေးချယ်စရာတွေ ပိုပြီး ပါရှိပါတယ်။
• တစ်ခြားသူတွေကို Follow လုပ်နိုင်ပြီး သူတို့ Likeလုပ်ထားတဲ့ ဆောင်းပါးတွေကိုလည်း ဖတ်နိုင်ပါတယ်။
• “The Feature” Sectionကနေ Popular ဆောင်းပါးတွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
• Deviceကို လှုပ်ခါပြီး ဆောင်းပါးတွေကို Scrollလုပ်ပြီး ဖတ်နိုင်ပါတယ်။
• Offline Dictionaryကို အသုံးပြုပြီး မသိတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို သိနိုင်ပါတယ်။
• ဆောင်းပါးတွေကို ဖိုဒါတွေ ခွဲပြီး သိမ်းနိုင်ပါတယ်။
• Pro Subscriptionကို ၀ယ်သုံးရင် သိမ်းထားတဲ့ ဆောင်းပါးတွေကို ရှာနိုင်ပါတယ်။

Who Should Use It: Fontsတွေ မျိုးစုံကို သုံးချင်တဲ့သူတွေ၊ Novelဖတ်သလို ဖတ်ချင်တဲ့ သူတွေ အတွက် Instapaperက သင့်တော်ပါတယ်။ ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်ပြီး သုံးချင်တဲ့ သူတွေ ဆိုရင်တော့ Instapaperကို သုံးပါ။

Readability

၀က်ဆိုက်တွေက ဆောင်းပါးတွေကို သိမ်းပြီး အဆင်ပြေပြေဖတ်လို့ ရအောင် ပြုလုပ်ပေးနိုင်တဲ့ နေရာမှာတော့ Readabilityက နာမည်ကြီးပါတယ်။ တစ်ခြား Appနှစ်ခုလောက် Featuresတွေ မပြည့်စုံပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ Interfaceက တစ်ချို့ စာဖတ်သူတွေကို စွဲဆောင်နိုင်ပါတယ်။

Price: Free

Supported Devices: Readabilityက iOS, Android, Kindleစတဲ့ Deviceတွေကို Supportပေးပြီး Firefox, Chrome, Safariတွေအတွက် Bookmarkletကို သုံးနိုင်ပြီး အီးမေးပို့ပြီး ဆောင်းပါးတွေလည်း သိမ်းပေးနိုင်ပါတယ်။

Supported Apps: App အနည်းငယ်နဲ့သာ Integrationဖြစ်ပြီး Popular Appsတွေ ဖြစ်တဲ့ Pulse, Reeder, Flipboard, Tweetbot, Longofm, and iCab Mobileမှာ သုံးနိုင်ပါတယ်။ Supported Appsတွေ အားလုံးကို ဒီေနရာမှာ လေ့လာပါ။

Interface & Features: Readabilityက Instapaperနဲ့ ဆင်တူပေမယ့် ရွေးချယ်စရာ အနည်းငယ်သာ ရှိပါတယ်။ Gestures, Animationsတွေက သူ့ရဲ့ Interfaceကို ပိုမို ကောင်းမွန်စေပါတယ်။ သူ့ရဲ့ Feature နည်းပေမယ့် တစ်ခြား Appနှစ်ခု နီးပါးတော့ ရှိပါတယ်။

•         Gesture အသုံးပြုပြီး Appတွေကို သုံးနိုင်ပါတယ်။
•         ဆောင်းပါးတွေကို Tagလုပ်ပြီး သိမ်းနိုင်တဲ့အတွက် ရှာဖွေရ လွယ်ကူပါတယ်။
•         Top Reads Listမှာ လူကြိုက်များတဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။
•         Tiled “Card” View, List Viewနှစ်မျိုး ရွေးချယ်နိုင်ပါတယ်။
•         ဖောင့်ငါးမျိုး၊ ဖောင့်ဆိုက်ငါးမျိုး၊ Column Widthတွေကို ချိန်ညှိဖို့ Settingsငါးမျိုး၊ Color Palletesနှစ်ခု စတာတွေကို ရွေးချယ် သုံးနိုင်ပါတယ်။

Who Should Use It: Readabilityက Interface Design, Gestures, Animationsမှာ Appသုံးခုထဲမှာ အလှပဆုံးလို ့ပြောနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုနိုင်တဲ့ Features တွေကတော့ နည်းပါး ပါတယ်။ တစ်ခြား Appsတွေကိုလည်း အများကြီး Support မပေးပါဘူး။ ရိုးရိုးရှင်းရှင်း စာဖတ်ချင်ရင်တော့ Readabilityက သင့်အတွက်ပါ။ Featuresများများ သုံးချင်သူတွေကတော့ Pocket or Instapaperကို ရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *