News

စုပေါင်းရုံးအား ၂ နှစ်အတွင်း ကြယ်ငါးပွင့် ဟိုတယ်အဖြစ် တည်ဆောက်ရန်ရှိ

5-Ster-hotel

မြန်မာနိုင်ငံရဲ့ ရှေးဟောင်း အဆောက်အဦး တစ်ခုဖြစ်တဲ့ ရန်ကုန်တိုင်း စုပေါင်းရုံးကို နိုင်ငံတကာ အဆင့်ရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီး The State House အမည်နဲ့ ၂ နှစ်အတွင်း အပြီး တည်ဆောက် သွားမည်ဟု ဧပြီလ ၃၀ ရက်နေ့က Park Royal Hotelမှာ ကျင်းပပြုလုပ်ခဲ့သည့့် ရန်ကုန်တိုင်း စုပေါင်းရုံးအဆောက်အဦးနှင့် ပတ်သက်သော အများပြည်သူများသို့ တင်ပြခြင်း အခမ်းအနားမှ သိရပါသည််။ ရန်ကုန်တိုင်း စုပေါင်းရုံး အဆောက်အဦးကြီးကို နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်အဖြစ် တည်ဆောက်ရာတွင် ရှေးမူလက်ရာမပျက် ပြင်ဆင် ဆောက်လုပ်သွားမည်ဟု သိရသည်။ ရန်ကုန်တိုင်း စုပေါင်းရုံး အဆောက်အဦးကြီးအား ၁၉၂၇ ခုနှစ်မှ တည်ဆောက်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး ကိုလိုနီခေတ် အဆောက်အဦးကြီး တစ်ခုလည်း ဖြစ်သည်။ မြန်မာ ရင်းနှီးမြှုပ်နံှမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် Flying Tiger Engineering Co.Ltd.မှ The State House အမည်ရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီး အဖြစ် ရှေးမူမပျက် ပြင်ဆင်သွားမည် ဖြစ်ပြီး ရှေးမူမပျက် ပြင်ဆင်သွားနိုင်ရန်အတွက် စင်္ကာပူနိုင်ငံမှ ဗိသုကာ ပညာရှင်နှင့် ဒီဇိုင်း ရေးဆွဲ ဆောင်ရွက်ထားကြောင်း သိရသည််။ The State House ဟိုတယ်ကြီးတွင် အခန်း ၂၃၉ ခန်း၊ ရေကူးကန်၊ Spa ၊ Car Parkingကိုလည်း ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည့်အပြင် ၀န်ဆောင်မှုများကိုလည်း ကြယ်ငါးပွင့် အဆင့်မီသော ၀န်ဆောင်မှုမျိုး ပုံစံဖြင့် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရပါသည််။ ဟိုတယ်အဖြစ် ပြင်ဆင် ဆောင်ရွက်မှုအတွက် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀ခန့် ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *