Gaming

Dodge Durango

ခရီးသည် ခုနှစ်ယောက်စီးလို့ရတဲ့ 2012 Dodge Durangoဟာ မိသားစုနဲ့ ခရီးသွားဖို့ အကောင်းဆုံး စွမ်းရည်မြင့် Full Size SUVကားတစ်စီး ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ ရှယ်ခန့်ညားတောက်ပြောင်တဲ့ ကိုယ်ထည်နဲ့ 2012 Model Dodge Durangoမှာ Trimအနေနဲ့ SXT, CREW, RITနဲ့ CTTADEL ဆိုပြီး လေးမျိုး ခွဲထားပါတယ်။ အင်ဂျင်ပါဝါတွေကတော့ SXT, Crewနဲ့ Citadelတို့မှာ မြင်းကောင်ရေ 290ထုတ်ပေးနိုင်တဲ့ 3.6LV6 အင်ဂျင်နဲ့ ဖြစ်ပြီး R/T Sport Utilityမှာ ဆိုရင်တော့ မြင်းကောင်ရေ 360ထုတ်ပေးနိုင်တဲ့ 3.7LV8 အင်ဂျင်ကို သုံးထားပါတယ်။

Transmissionအနေန့ဲကတော့ SXT, Crewနဲ့ Citadel မော်ဒယ်လ်တို့မှာ အော်တိုဂီယာ ငါးချက်နဲ့ ဖြစ်ပြီး V8 အင်ဂျင်သုံးထားတဲ့ R/T Sport Utilityမှာတော့ အော်တိုဂီယာ ခြောက်ချက်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ V6 အင်ဂျင်နဲ့ မော်ဒယ်လ် သုံးမျိုးမှာ မြို့တွင်း ဆီတစ်ဂါလံ ၁၆မိုင်နှုန်းနဲ့ ဟိုင်းဝေးလမ်းပေါ်မှာ တစ်ဂါလံ ၂၃မိုင်နှုန်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ V8 အင်ဂျင်နဲ့ ဆိုရင်တော့ ဆီတစ်ဂါလံကို မြို့တွင်း ၁၃မိုင်နဲ့ ဟိုင်းဝေးလမ်းမှာ မိုင်နှစ်ဆယ်မောင်းနှင်လို့ ရမှာဖြစ်လို့ အင်ဂျင်ပါဝါနဲ့ နှိုင်းယှဉ်ကြည့်ရင် ဆီစားနှုန်း သင့်ပါတယ်။

ဆီတိုင်ကီထဲမှာ ဆီအပြည့် ဖြည့်ထားရင် မိုင် ၅၀၀လောက် ဆက်တိုက် မောင်းနှင်နိုင်မှာကြောင့် ခရီးသွားတဲ့အခါမှာ အဆင်ပြေစေမှာပါ။ ရှေ့ဘက်နဲ့ 4Wheel ဆိုပြီး စိတ်ကြိုက် ရွေးချယ်ပြီး မောင်းနှင်လို့ ရတဲ့အပြင် သုညမိုင်ကနေ တစ်နာရီမိုင် ခြောက်ဆယ်နှုန်း ရောက်ဖို့ ၇.၃စက္ကန့်ပဲ ကြာတာကြောင့် အရှိန်ပြင်းပြင်းနဲ့ ခရီးရှည်ကြီး တစ်ခုကို မောင်းထွက်သွားချင်စရာ ကားတစ်စင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မတ်စောက်လှတဲ့ တောင်တက်လမ်းတွေမှာလည်း နောက်ပြန်မလိမ့်အောင် အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့ စနစ်လည်းပါတာကြောင့် စိတ်ချလက်ချ မောင်းနှင်နိုင်မှာပါ။ ကားအတွင်းပိုင်း အပြင်အဆင်တွေ အနေနဲ့ကလည်း တောက်ပြောင်ပြီး အဆင့်အတန်းမြင့်တဲ့ Leather ထိုင်ခုံတွေနဲ့ ဖြစ်ပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ်ထိုင်ဖို့ အဆင်ပြေမှာပါ။

သီချင်းတွေ နားထောင်ဖို့ Siriusxim Satellite Radio ဖမ်းယူနားထောင်နိုင်မှာ ဖြစ်သလို iPodလိုမျိုး Multimedia Deviceတွေကို Bluetoothနဲ့ ချိတ်ဆက်ပြီး Bluetooth Streering Audio စနစ်ကို ခံစားနိုင်မှာပါ။ ဒါ့အပြင် Antioch Brear System (ABS) Navigation အသက်ကယ်လေအိတ်၊ မျက်ကွယ်ဖြစ်နေတဲ့ နေရာတွေကို Blind Sport Sensorတွေလည်း ပါဝင်တာကြောင့် လုံခြုံ စိတ်ချရမှုတွေနဲ့အတူ နှစ်သက်ဖွယ်ကောင်းတဲ့ အမိုက်စား SUV ကားတစ်စီး အဖြစ် ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *