News

ချယ်လ်ဆီးပရိသတ်များ ဘီယာအများဆုံးသောက်

ဗြိတိန်တွင် ဘောလုံးပွဲများအား အရူးအမူး အားပေးကြ၍ အိမ်ထောင်ရေး ပြိုကွဲမှု ပြဿနာများစွာ ရှိသည်ဟု ဆိုသော်လည်း ယခုအခါတွင် စစ်တမ်းကောက်ခံမှု တစ်ရပ်၌ဘောလုံးပွဲများကြောင့် ကျန်းမာရေးများပါ အလွန်ထိခိုက်ရသည်ဟု သိရှိရသည်။

The Diet Chefမှ ကောက်ခံသည့် အဆိုပါ စစ်တမ်းတွင် ချယ်လ်ဆီးပရိတ်သတ်များမှာ ပွဲကစားချိန်များ၌ ၄.၈ရာခိုင်နှုန်းအထိ ဘီယာ သောက်လေ့ရှိကြပြီး တစ်ဦးလျှင် ပျမ်းမျှလေးပင့်နှုန်း သောက်ကြကြောင်း မန်ယူပရိသတ်၏ ၅၂ရာခိုင်နှုန်းမှာ အသင့်သယ်ဆောင် သွားနိုင်သည့် စားစရာများကို တစ်ပတ်လျှင် တစ်ဦးသုံးခုနှုန်း ယူဆောင်စားသောက်လေ့ ရှိကြကြောင်း၊ ၀က်စ်ဟမ်း ပရိသတ်များမှာ ပွဲနေ့များတွင် ဆေးလိပ်အသောက်ဆုံး ပရိသတ်များဖြစ်ပြီး ၃၅ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ကြသည်ဟု ဆိုသည်။

ဘီယာသောက်အများဆုံး ချယ်လ်ဆီးပရိသတ်များ၏ တစ်ပွဲအတွင်း ဘီယာသောက်နှုန်းမှာ ကယ်လိုရီ ၁၂၀၀အထိ စားသောက်ခြင်းလည်းမည်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်သည့် အနေအထားဟုလည်း ဆိုသည်။ ၀က်စ်ဟမ်းပရိသတ်များမှာ ဆေးလိပ်အသောက်ဆုံး ဖြစ်ရုံသာမက လောင်းကစား အခုံမင်ဆုံး ပရိသတ်များလည်းဖြစ်ပြီး ၄င်းတို့မှာ တစ်ပွဲလျှင် ပျမ်းမျှ ၂၅ပေါင်နှုန်း လောင်းကစားမှု ပြုကြသည်ဟုလည်း သိရသည်။

အာဆင်နယ် ပရိသတ်များမှာ သူတို့၏ ကြင်သူသက်ထားများအား ဘောလုံးပွဲနှင့် ယှဉ်လာလျှင် လစ်လျူရှုလွန်းသည့် ပရိသတ်များဖြစ်ပြီး ဘောလုံးတစ်ရာသီအတွင်း ချစ်သူအတွက် ပေးရသည့် အချိန်ထက် သူငယ်ချင်းများနှင့် ဘောလုံးပွဲကြည့်သည့် အချိန် ပိုပေးဖြစ်ကြောင်း ၆၃ရာခိုင်နှုန်းက ၀န်ခံခဲ့ကြသည်။ မန်စီးတီးပရိသတ်များမှာမူ ဘောလုံးပွဲကြည့်ခြင်းကြောင့် ကိုယ်အလေးချိန် အတက်ဆုံးဖြစ်ပြီး ဆောင်းရာသီကာလကုန်လျှင် ၃၄ရာခိုင်နှုန်းသော ပရိသတ်များ၏ ခါးဆိုက်မှာ တစ်ဆိုက်ကြီးလာသည်ဟု ဆိုသည်။ စပါးပရိသတ်၏ ၂၃ရာခိုင်နှုန်းမှာ ဘောလုံးရာသီအတွင်း လိင်ကိစ္စကိုပင် လစ်လျူရှုထားကြသည်ဟု သိရသည်။ ၃၈ရာခိုင်နှုန်းသော ပရိသတ်များက မိသားစု အားလပ်ရက်ကို လစ်လျူရှုကာ ၄၀ရာခိုင်နှုန်းက ကာယလေ့ကျင့်ခန်းများ ပျက်ကွက်ကြသည်ဟုလည်း ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ချယ်လ်ဆီးပရိသတ်များ ဘီယာအများဆုံးသောက်

  1. Nay Lynn says:

    မွန္ပ 😀

Leave a Reply

Your email address will not be published. Required fields are marked *