News

Canonရဲ့ “Facebook Ready”ကင်မရာ

Canonကုမ္ပဏီကြီးကတော့ ၎င်းတို့ရဲ့ ပထမဆုံး Facebookဖန်ရှင်ပါ တစ်ပါတည်းပါ၀င်တဲ့ ကင်မရာကို ပွဲထုတ် ဖြန့်ချိလိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါကင်မရာဟာ သင်သုံးနေကျ အခြားကင်မရာတွေလို မဟုတ်ပဲ ကင်မရာမှာ Facebookခလုတ် တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ပြီး အဲဒီ Facebookခလုတ်ကို နှိပ်လိုက်ရင် သင်ခုချက်ချင်း ရိုက်ထားတဲ့ ပုံတွေကို FBမှာ Shareဖို့ အဆင်သင့်ဖြစ်နေမှာပါ။

ကင်မရာမှာ 3G/4Gကွန်ရက်တွေကို မချိတ်ဆက်နိုင်ပေမယ့် Wi-Fiနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Wi-Fi ကွန်ရက်မိတဲ့ နေရာတစ်ခုခုကို ရောက်နေရင်တော့ အဲဒီ Facebookခလုတ်ကို နှိပ်လိုက်တာနဲ့ သင့်ကင်မရာကို Wi-Fiချိတ်ပြီးသား ဖြစ်ကာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်တာ၊ Shareလုပ်တာနဲ့ ကွန်မန့် ပေးတာတွေပါ ကင်မရာကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 12.1-megapixelအရည်အသွေးနဲ့ 8x Zoom, 28mm wide-angle lensနဲ့ 2.8inches မျက်နှာပြင် အကျယ်ရှိ အဆိုပါ စမတ်ကင်မရာဟာ သူ့ရှေ့ကထွက်ခဲ့တဲ့ PowerShot Nနဲ့ ဆင်တူပြီး အဆိုပါ ကင်မရာမှာတော့ Mobile Deviceတွေကို ဓာတ်ပုံတွေ ပို့ဖို့သာ Wirelessခလုတ်တစ်ခု ပါ၀င်ပါတယ်။

ဒါပေမယ့် အဆိုပါကင်မရာတုန်းကလည်း အသုံးပြုသူတွေဟာ ဓာတ်ပုံရိုက်၊ Mobileထဲ ထည့်ပြီး Facebookပေါ် တင်ကြတာပဲ ဖြစ်လို့ Canonအနေနဲ့ အခုလို ဖန်ရှင်ပါတဲ့ ကင်မရာကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလထဲမှာ ဒေါ်လာသုံးရာနဲ့ ဖြန့်ချိရောင်းချသွားမယ် လို့လည်းသိရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော Canonရဲ့ “Power Shot N”ဆိုတဲ့ Facebook Readyကင်မရာကို နှစ်သက်ပါရဲ့လား?

Leave a Reply

Your email address will not be published. Required fields are marked *