How-to

Command Promptကနေ ဂဏန်းပေါင်း၊ နှုတ်၊ မြှောက်၊ စား လုပ်ကြည့်ရအောင်

Command Promptဆိုတာကို စာဖတ်သူ မိတ်ဆွေတို့ ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်။ Command Prompt ဆိုတာဟာ ကျွန်တော်တို့ရိုက်လိုက်တဲ့ commandတွေကို Taskတွေအဖြစ် ပြောင်းလဲပေးတဲ့ Command Line Interpreterတစ်ခုပါ။ သူ့ကို သာမန် Userတွေအနေနဲ့ အသုံးပြုမှု နည်းပါးပေမဲ့၊ Advanced Userတွေ၊ Technicianတွေကတော့ Command promptကို အသုံးပြုရတာ အလွန် နှစ်သက်ကြပါတယ်။ အကြောင်းအရာကတော့ Command Lineသုံးပြီး ကွန်ပျူတာကို အသုံးပြုရတာ အလွန်မြန်ဆန်မှု ရှိလို့ပါဘဲ၊ ဒီဆောင်းပါးမှာတော့ စာရေးသူဟာ Command Promptကို ဂဏန်းပေါင်းစက်အဖြစ် အသုံးပြုတာကို ရေးသားသွားပါမယ်၊ ပုံမှန် Graphical နဲ့ဆိုရင် Run boxထဲမှာ Calcဆိုပြီး ရိုက်လိုက်ရင် Window Osတွေမှာ built-inပါတဲ့ Graphical Calculator တက်လာပါလိမ့်မယ်။ အဲဒီထဲမှာ ပေါင်း၊ နှုတ်၊ မြှောက်၊ စား တွေလုပ်သွားမှာပါ၊ ကဲစလိုက်ရအောင်၊ Command Promptကိုဖွင့်ပါ။ Start- Run, Run boxထဲမှာ cmd ရိုက်ထည့်ပါ။ Command Promptပေါ်လာရင် သူ့အထဲမှာ set /a 1+2လို့ရိုက်ပြီး Enter ခေါက်ပါ၊ 3ဆိုပြီး result ထွက်လာပါလိမ့်မယ်။

ဒါဟာ 1နဲ့ 2ပေါင်းတဲ့ Commandပါ၊ နှုတ်တာတို့၊ မြှောက်တာတို့၊ စားတာတို့ဆိုရင်လည်း ဒီ Set /a Command ကို ပုံသေသုံးပြီး ဂဏန်းနဲ့ ပေါင်း၊ နှုတ်၊ မြှောက်၊ စား Signတွေသာ ပြောင်းသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *