ရန်ကုန်၊ မြန်မာနိုင်ငံတွင် BMW မော်တော်ကားများကို တရားဝင် တင်သွင်းဖြန့်ချီခွင့်ရထားသော ရန်ကုန်Prestige Automobiles သည်BMW အရောင်းနှင့် ဝန်ဆောင်မှုပြခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တွင် ပထမဆုံးစတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ Prestige Automobiles သည်နိုင်ငံတစ်ဝန်းရှိ အကောင်းဆုံးကား အရောင်းစင်တာများ အနက်အဆင့်မြင့်ဆုံးသော ကားအမှတ်တံဆိပ်အား ပြသရောင်းချသွားမည့် အကြီးမားဆုံးသော ပြခန်းတစ်ခုဖြစ် သည်။စတုရန်းမီတာ 6000 ကျော် ကျယ်ဝန်းသည့် သုံးထပ်အဆောက်အဦးဖြစ်သည့် BMWအရောင်းပြခန်းကို အမှတ် ၄၈၅၊ ပြည်လမ်းမနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့ နယ်တွင်တည်ဆောက်ဖွင့်လှစ်ထားပါသည်။ BMW အရောင်းပြခန်း၏ ပထမထပ်တွင် ကားအစီးရေ ၈စီးမျှခင်းကျင်းပြသနိုင်သည့်အကျယ်အဝန်းရှိသည့်ပြခန်း နှင့်အတူ ဧည့်သည်များအတွက် နားနေခန်းတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ဒုတိယထပ်တွင်အရောင်း ရုံးခန်းနှင့် အစည်းအဝေးခန်းမတို့ ပါဝင်ပြီးတတိယထပ်တွင် ဝန်ဆောင်မှုပေးမည့် service centre ပါဝင်ပါသည်။ ၎င်း service centre တွင် အလုပ်ဌာန (working bays) လေးခုပါရှိပြီး တစ်လလျှင် ကားအစီး ၂၀ဝ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်။ ကိုယ်ထည် (body) နှင့် ဆေးပိုင်းပြုပြင်ခြင်းအတွက် တန်ဆာဆင်ပြင်ဆင်ခြင်း (cosmetic repairs) အပြင်ကားပုံစံ ပြင်ဆင်ခြင်း (structure repairs) ကိုပါ ပြင်ဆင်ကိုင်တွယ်နိုင်ပါသည်။
အဆောက်အဦး၏ အဝင်အထွက်တို့တွင် လာရောက်ကြသည့် ဧည့်သည်ဝယ်ယူသူများကားများထားရန်အတွက် အစီး၈၀ကျော်ဝင်ဆံ့သည့် ကားရပ်နားရန် နေရာလည်းပါရှိပါသည်။“ဒါဟာ ကမ္ဘာ့ထိပ်သီး ကားအမှတ်တံဆိပ်ကို မြန်မာနိုင်ငံမှာ ကိုယ်စားပြုခွင့်ရတဲ့ အတွက် တစ်ကယ့်ကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ အရောင်းပြခန်းဝန်ဆောင် မှုတွေကို မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံးသောနဲ့ အဆင့်အမြင့်ဆုံးကားအရောင်းပြခန်းနှင့်ဝန်ဆောင်မှုစင်တာဖြစ် စေဖို့အတွက် ၉-လတိုင်တိုင် အချိန်ယူဆောက်လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ကားတွေကိုလာကြည့်ကြမယ့်ဧည့် သည်ဝယ်ယူသူတွေအတွက် စိတ်လက်သာယာပြီး သက်တောင့်သက်သာဖြစ်စေမယ့် အရောင်းပြခန်းတစ်ခုဖန်တီး ပေးထားတဲ့အပြင် အဆင့်မြင့်ခေတ်မီဆုံးဝန်ဆောင်မှု ပစ္စည်းကိရိယာများနဲ့ အပြည့်အစုံစီမံထားပါတယ်။ ဥပမာ – ကားကိုယ်ထည်ပြင်ဆင်မှုအတွက် အသုံးပြုတဲ့ ပစ္စည်းတွေဟာဆိုရင် မျက်နှာပြင် ပြုပြင်မှု (surface repair) အပြင် ထိခိုက်မှုရှိတဲ့ ကားများအတွက် ကိုယ်ထည် ပြင်ဆင်မှု (structure repair) ကိုပါ ပြုပြင်နိုင်စွမ်းရှိပါတယ်။ ကျွန်တော် တို့ရဲ့ ပြည်တွင်း ဝယ်ယူသူများအတွက် ရင်ခုန်စရာ BMW ကားအမျိုးအစား အသစ်များနှင့်ကျွန်တော်တို့ဝန်ထမ်းတွေ ရဲ့အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့အတွက် စောင့်မျှော်နေပါတယ်။ဟု Prestige Automobiles ၏ အုပ်ချုပ်မှုဒါရိုက် တာ ဦးချမ်းမြ (Mr. Chan Mya) မှ ပြောကြားခဲ့ပါတယ်။“မြန်မာနိုင်ငံသို့ Sheer Driving Pleasure ကို BMW Asia မှ ယူဆောင်လာရတဲ့အတွက် ဂုဏ်ယူပါတယ်။ အခုလိုရောက်ရှိလာခြင်းဟာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာတစ်ခု ဖြစ်တဲ့ ကမ္ဘာတစ်ဝန်းမှ လူအများကို ပိုမိုနီးစပ်ရောက်ရှိအောင် ဖြန့်ကျတ်သွားဖို့နဲ့ ပြည်တွင်း ဝယ်ယူသုံးစွဲသူများရဲ့ လိုအပ်ချက်နှင့်အညီ BMW ထုတ်ကုန်များကို ပေးစွမ်းဖို့ပဲဖြစ်ပါတယ်။Prestige Automobiles အဖွဲ့၏အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုတို့ဟာ မြန်မာနိုင်ငံမှာ BMW ကို ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်ဖို့အတွက် အကောင်းဆုံးပဲဆိုတာကျွန်တော် တို့ယုံကြည်ပါတယ်”BMW Asia အဖွဲ့၏ Director of Sales Channel Development and Customer Relation ဖြစ်သူ Mr.Ramesh Divyanathan မှ ပြောကြားခဲ့ပါတယ်။BMW ၏ မောင်းနှင်မှု ပြခန်းBMW ကားအရောင်းပြ ခန်း ဝန်ဆောင်မှုတို့အား မောင်းနှင်မှုပြခန်း(Driving Gallery) အယူအဆအတိုင်း BMW မော်တော်ကားများကို ခင်းကျင်းပြသထားပါသည်။ ထိုအယူအဆသည် ရောင်းချသူများအတွက်လူအများ ရင်သပ်ရှုမော ဖြစ်စေမည့် အကောင်းဆုံး အနေအထားကို ဖန်တီးပေးသည့်အပြင် ရောင်းဝယ်မှုတို့ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အ တွက် အကောင်းဆုံး အခြေအနေကိုပါ ဖန်တီးပေးထားပါသည်။အရောင်းပြခန်း ဒီဇိုင်းကို အမျိုးမျိုးသောလုပ်ငန်း ဆောင်တာကိစ္စအဝဝတို့အတွက် အဆင်ပြေသေချာမှုရှိစေရန်အတွက် အမျိုးမျိုးသော အနာဂတ်ဖြစ်နိုင်ခြေများကိုသုံး သပ်မျှော်မှန်းလျှက် ပြုလုပ်ထားသည်။ ဧည့်သည်ဝယ်ယူ အသစ်တစ်ယောက်ဟာ ပထမဦးဆုံးအကြိမ် အဖြစ် အရောင်းခန်းမထဲကို လှည့်လည်ကြည့်ရှုသည့်အခါ (သို့) ဝယ်ယူထားပြီးသူများလည်း ကားများကို ပြုပြင်ရန်အတွက် ဝန်ဆောင်မှုဌာနသို့ ယူဆောင်လာသည့်အခါမျိုးတို့တွင် ခရီးရောက်ပြီး အကျိုးရှိစေရန်အတွက် အချိန်ယူလေ့လာ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ဧည့်ကြိုဌာနကိုလည်း ဈေးဝယ်သူများ၏ရာ နှင့် မော်တော်ယာဉ်များ ပြသထား သည့်နေရာများအား ကောင်းကောင်းမြင်နိုင်ရန်အတွက် အကောင်းဆုံးဖြစ်အောင် နေရာချပေးထားသည်။