Gadgets

အမျိုးသမီးတွေကို လွှမ်းမိုးစေနိုင်မယ့် Gadgets

အမျိုးသမီးတွေရဲ့ စိတ်ကူးစိတ်သန်းထဲက ပိုင်ဆိုင်ချင်တဲ့ နည်းပညာ ပစ္စည်းတွေကို ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။ သီချင်းနားထောင်နေကြတဲ့ ဖက်ရှင်ကျကျ နားကြပ်လေးကအစ လက်ကိုင်အိတ်အဆုံး အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ ဖက်ရှင်နှင့် နည်းပညာကို မည်သို့ ပေါင်းစည်းသုံးစွဲနိုင်သည်ကို တင်ပြထားခြင်းလည်း ဖြစ်တယ်။

Design Studio တစ်ခု ဖြစ်တဲ့ Femme Denက သုတေသီတွေကတော့ “အမျိုးသမီးတွေဟာ အသုံးအဆောင်ပစ္စည်းတစ်ခု ၀ယ်ယူတဲ့အခါမှာ အဆိုပါပစ္စည်းရဲ့ Brand, Service နဲ့ အာမခံနိုင်မှု၊ သေသပ်လှပမှု စတာတွေကို အများကြီး စဉ်းစားပြီးမှ ၀ယ်ယူကြတာပါ။ ပစ္စည်းကောင်းကောင်း တစ်ခု ရလိုက်တဲ့အခါမှာလည်း အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို ပိုပြီး ပြည့်စုံသွားတယ်လို့ ခံစားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ကဲကြည့်လိုက်ကြရအောင်…

၁။ “Everpurse” ဆိုတဲ့ ပိုက်ဆံအိတ်လေးပါ။ အမျိုးသမီးတွေဟာ ပိုက်ဆံအိတ်ကို တော်တော် အလေးထားကြပါတယ်။ Smartphone တွေ အလွန်ခေတ်စားလာတဲ့အချိန်မှာ ဒီပိုက်ဆံအိတ်လေးဟာ ဖုန်းအားသွင်းကြိုးတွေ ဘာတွေနဲ့ အလုပ်မရှုပ်တော့ပဲနဲ့ ဖုန်းအားသွင်းတဲ့စနစ်ပါ ပါ၀င်လာကတော့ ထူးခြားတဲ့အချက်ပဲ ဖြစ်ပါတယ်။ အလုပ်ရှုပ်တဲ့ အမျိုးသမီးတွေအဖို့ ဖုန်းအားကုန်သွားရင် ပိုက်ဆံအိတ်ထဲ ကောက်ထည့်လိုက်ရုံနှင့် ပူပင်စရာ ကင်းဝေးစေမှာပါ။ တန်ဖိုးကတော့ ဒေါ်လာနှစ်ရာ၊ သုံးရာ၀န်းကျင် ရှိပါတယ်။

၂။ ဒုတိယတစ်ခုကတော့ ဒေါ်လာလေးရာခန့်တန်တဲ့ “The Rebecca Miinkoff for Stelle Audio Clutch” ဆိုတဲ့ ပစ္စည်းတစ်မျိုးပါ။ နယူးယောက် ဖက်ရှင်ဒီဇိုင်နာ “Rebeccca Minkoff” နဲ့ Stelle Audio Clutch ကုမ္ပဏီတို့ ပူးပေါင်းတီထွင်လိုက်တာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်လှလှလေးတစ်လုံး အနေနဲ့သာမက Bluetooth Speaker အနေနဲ့ပါ သုံးလို့ရပါတယ်။ သီချင်းတွေကို ချစ်တဲ့ မိန်းကလေးတွေ အကြိုက်တွေ့ဦးမှာပါ။

၃။ နောက်တစ်ခုကတော့ “Jacker Mini Portable Charger” ပါ။ နှုတ်ခမ်းနီတစ်တောင့်ခန့် ပေါ့ပါးသေးကွေးပေမယ့် အဆိုပါပစ္စည်းလေးက သင့်ရဲ့ Smartphoneကို နာရီ ၅၀ခန့် Energy ဖြည့်တင်းပေးပြီး ကောင်းကောင်း Run စေမှာပါ။ ဒေါ်လာသုံးဆယ်ခန့်နဲ့ Amazon မှာ ၀ယ်ယူရရှိနိုင်ပါတယ်။

၄။ ဒီဟာလည်း လက်ကိုင်အိတ်ပါပဲ။ Ogio မှထုတ်လုပ်ထားပြီး “Ogio Hampton’s Tote Bag” လို့ အမည်ပေးထားပါတယ်။ iPad, iPod စတဲ့ အီလက်ထရောနစ်ပစ္စည်းများကို စမတ်ကျကျ သယ်ဆောင်သွားလို့ ရတဲ့အပြင် ဈေးကလည်း ဒေါ်လာ ၇၀ပဲ ဖြစ်ပါတယ်။

၅။ အခုခေတ်စားနေတဲ့ “၀တ်ဆင်လို့ရတဲ့ နည်းပညာများ” ထဲက တစ်ခုပဲ ဖြစ်ပါတယ်။ “Cute Circuit Clothing”လို့ နာမည်ပေးထားပြီး LED နည်းပညာများထည့်သွင်းထားတဲ့ ၀တ်စုံ ဖြစ်ပါတယ်။ Sparkles, Glows, Twinkles တွေနဲ့ နောက်ဆုံးပေါ်နည်းပညာအဆန်းများ ပေါင်းစပ်တီထွင်ထားတဲ့ ဒေါ်လာသုံးရာကျော်တန် ၀တ်စုံလည်းဖြစ်ပါတယ်။ www.cutecircuit.com မှာ လေ့လာနိုင်ပါတယ်။

၆။ “Martian Smart Watch” ပါတဲ့။ ရိုးရိုးနာရီတစ်လုံးလို ပုံစံပေမယ့် Smartwatch ရဲ့ Feature တွေ အများကြီး ပါ၀င်ပါတယ်။ E-mail ပို့တာ၊ SMS ပို့တာ၊ စမတ်ဖုန်းကို ထိန်းချုပ်တာတွေ လုပ်နိုင်ပါတယ်။ ဒေါ်လာ ၂၅၀~၃၀၀ ခန့် သတ်မှတ်ထားပါတယ်။ Smartwatch တွေကို ကြည့်လိုက်ရင် Digital နံပါတ်တွေနဲ့ တွေ့ရပေမယ့် ဒီတစ်ခုကတော့ Analog နာရီပုံစံမျိုးနဲ့ Feature တွေ အများကြီး ပါ၀င်တဲ့ ပုံစံကွဲ Smartwatch တစ်လုံးပါ။

၇။ Kossက ထုတ်လုပ်လိုက်တဲ့ သီချင်းနားထောင်ဖို့ နားကြပ်လေးပါ။ အမျိုးသမီးတွေအတွက် သီးသန့် ထုတ်လုပ်တာ ဖြစ်ပြီးတော့ နားထဲ ထည့်တဲ့ Earphone ပုံစံနဲ့ နားရွက်မှာ ချိတ်တဲ့ ပုံစံဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပါတယ်။ ဒေါ်လာ ၃၀ ပါတဲ့။

၈။ မိန်းကလေးအတွက် Accessories ဆိုတာ မရှိမဖြစ်ပါပဲ။ Fancy ဆွဲကြိုးပုံစံမျိုးနဲ့ သီချင်းနားထောင်ဖို့၊ ဖုန်းပြောဖို့ နားကြပ်ပါ တစ်ခါတည်း ပါ၀င်လာပါတယ်။ “Handcandy LadyBuds” ဆိုတဲ့ Handycandy က ထုတ်တဲ့ ပစ္စည်းလေးပါ။ ဒေါ်လာ ၄၀လို့ တန်ကြေးသတ်မှတ်ထားပါတယ်။

ကဲ… ဒီတော့ အိုင်စီတီ ပရိသက်ကြီးလည်း ချစ်ရသူများကို ဖက်ရှင်ကျကျ နည်းပညာ ပစ္စည်းလေးတွေနဲ့ ဆင်မြန်းပေးလို့ ရပြီပေါ့နော်။

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *