Featured, Gaming, Review

အကောင်းဆုံး gaming mouse များ

PC ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားသူတွေက သာမန် mouse တွေထက်စာရင် gaming mouse တွေကို ပိုပြီး အရသာတွေ့တတ်ပါတယ်။ ဒါကလည်း gaming mouse တွေဟာ DPI လို့ခေါ်တဲ့ dot per inch တွေမြင့်မားသလို ခလုတ် ၃ ခုထက်ပိုပြီး ပါဝင်တတ်လို့ဖြစ်ပါတယ်။ DPI က ဘာလို့အရေးကြီးလဲဆိုရင်တော့ ဥပမာ gaming mouse တစ်လုံးက DPI 1600 ရှိတယ်လို့ ပြောရင် အဲဒီ mouse ကို တစ်လက်မ ရွှေ့လိုက်မယ်ဆိုရင် mouse cursor က pixel ပေါင်း ၁၆၀ဝ ရွေ့သွားတာ ဖြစ်ပါတယ်။ DPI မြင့်လေလေ mouse ရဲ့ sensitivity မြင့်လေလေပါပဲ။ များသောအားဖြင့် gaming mouse တွေမှာ DPI ကို ချိန်ညှိလို့ရပါတယ်။ DPI မြင့်တဲ့ mouse တွေရဲ့ အဓိက အသုံးဝင်မှုက Counter Strike၊ Call of Duty တို့လို FPS (first person shooter) ဂိမ်းတွေအတွက် အထူးအသုံးဝင်ပါတယ်။ mouse မှာ ခလုတ် ၃ ခုထက်ပိုပြီး ပါဝင်တာကတော့ Dota 2၊ League of Legends တို့လို MMO တွေအတွက် အထူးအသုံးဝင်ပါတယ်။

 

ဒါကြောင့် gaming mouse တစ်ခုဝယ်ဖို့ ဖြစ်လာပြီဆိုရင် ကိုယ်က ဘယ်ဂိမ်းကို ဦးစားပေးကစားဖြစ်လဲ၊ DPI များတဲ့ဟာကိုလိုတာလား၊ Button Customize လုပ်လို့ရတဲ့ဟာကို လိုတာလားဆိုပြီး ခွဲခြားရပါမယ်။ များသောအားဖြင့် gaming mouse တွေကတော့ အားလုံး မျှမျှတတရှိကြပါတယ်။

 

nyth-buttons-650-80

Roccat Nyth
DPI: 1200
Custom Button

အားသာချက်
ပြုပြင်ပြောင်းလဲမှု များစွာလုပ်နိုင်ခြင်း

အားနည်းချက်
အနည်းငယ်သေးခြင်း

 

razer-deathadder-chroma-650-80
Razer DeathAdder Chroma
DPI: 10,000
Interface: USB Wired
Buttons: 5

အားသာချက်
DPI မြင့်မားခြင်း
ရိုးရှင်းသောဒီဇိုင်း

အားနည်းချက်
အသေးစိတ် ခလုတ်များမပါဝင်ခြင်း

 

roccat-kone-XTD-650-80

Roccat Kone XTD
DPI: 8200
Interface: Wired
Buttons: 8

အားသာချက်
ခလုတ်များစွာပါဝင်ခြင်း
လျှင်မြန်မှုရှိခြင်း

အားနည်းချက်
software မကောင်းမွန်ခြင်း

 

turtle-beach-grip-500-650-80

Turtle Beach Grip 500
DPI: 8200
Interface: Wired
Buttons: 7 (pluse scroll wheel)

အားသာချက်
mouse အလေးချိန် ချိန်နိုင်ခြင်း

အားနည်းချက်
ညာဘက်တွင် အခြားခလုတ်များမပါခြင်း

 

mad-catz-rat-m-650-80

Mad Catz R.A.T.M
DPI: 6400
Interface: Wireless
Buttons: 12

အားသာချက်
Bluetooth ပါဝင်ခြင်း

အားနည်းချက်
သေးငယ်ခြင်း

 

steelseries-sensei-650-80

SteelSeries Sensei
DPI: 6400
Interface: Wireless
Buttons: 12

အားသာချက်
အလေးချိန်ထိန်းနိုင်ခြင်း

အားနည်းချက်
စွဲဆောင်မှုမရှိသော ဒီဇိုင်း

Leave a Reply

Your email address will not be published. Required fields are marked *